SHINee အဖြဲ႔၀င္ Onew တစ္ေယာက္ ကုိယ့္ကုိယ့္ကိုယ္သတ္ေသဖုိ႔ၾကိဳးစားခဲ႔တာလား? 😮

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္အဆိုေတာ္အဖြဲ႔တစ္ခုျဖစ္တဲ႔ SHINee အဖြဲ႔၀င္ Onew နဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြၾကားထဲမွာ ေကာလဟာလေတြပ်႔ံႏွံ႔ေနခဲ႔ပါတယ္။Onew ဟာ သူ႔ရဲ ႔လက္ေကာက္၀တ္ကုိ လွီးျဖတ္ဖုိ႔ၾကိဳးစားခဲ့သလားဆုိတဲ႔ သတင္းပါ။

ေကာလဟာလသတင္းဆုိေပမဲ႔လည္း သူ႔ပရိသတ္ေတြအတြက္ ထိတ္လန္႔စရာပါပဲ။Onew ဟာ သိပ္မၾကာခင္က က်င္းပခဲ႔တဲ႔Korean Music Festival ပြဲမွာေဖ်ာ္ေျဖခဲ႔ျပီး ပရိသတ္တစ္ေယာက္က သူ႔ရဲ ႔ဓာတ္ပံုကုိ ထိတ္လန္႔စရာ Caption ေလးနဲ႔တကြတင္ခဲ့ရာကေန တစ္ျခားပရိသတ္ေတြကသတိထားမိလာခဲ႔ျပီး အင္တာနက္မွာပရိသတ္ေတြရဲ႔စကားေတြဆူညံေနခဲ႔တာပါ။

ပံုထဲမွာ Onew ဟာ ဘယ္ဘက္လက္နဲ႔မိုက္ကုိကုိင္ထားျပီး ညာဘက္လက္မွာေတာ့ လက္အနားကုိ အဆံုးထိဆြဲခ်ထားတာျမင္ေတြ႔ခဲ႔ရပါတယ္။Caption ကလည္း “Onew ရဲ႔ညာဘက္လက္ တစ္ခုခုျဖစ္ထားပံုရတယ္”ဆုိျပီးေရးခဲ႔တာပါ။တကယ္ေတာ့Onew ဟာ ညာသန္သမားျဖစ္ျပီး ပံုမွန္အားျဖင့္ စကားေျပာတဲ႔အခါျဖစ္ေစ၊သီခ်င္းဆုိတဲ႔အခါျဖစ္ေစ မိုက္ကုိ ညာဘက္လက္နဲ႔ပဲကုိင္ထားေလ့ရွိပါတယ္။ဒါေပမဲ႔ ဒီပြဲမွာေတာ့ မိုက္ကုိဘယ္လက္နဲ႔ကုိင္ထားခဲ႔ျပီးညာဘက္လက္အနားကုိလည္းေအာက္ထိဆြဲခ်ထားလုိ႔ လက္ေကာက္၀တ္ေနရာကိုလည္းေသခ်ာမျမင္ခဲ႔ရပါဘူး။

ဒီလုိနဲ႔ပရိသတ္ေတြကစုိးရိမ္တၾကီးျဖစ္ကာ Red Velvet ရွိဳးပြဲက ပံုေတြကုိလည္းျပန္ရွာခ႔ဲပပါတယ္။အဲ႔ဒီမွာလည္း Onew က လက္ရွည္အက်ီကုိ၀တ္ဆင္ထားျပီးသူ႔ရဲ႔လက္ေကာက္၀တ္ေနရာကုိဖံုးထားခဲ႔ပါတယ္။အားေပးတဲ႔အလင္းေရာင္တုတ္ေခ်ာင္းကုိလည္း ညာဘက္လက္နဲ႔မကုိင္ပဲ ဘယ္ဘက္လက္ကုိသာသံုးျပီးကုိင္ခဲ႔သလုိ ဆုိင္းဘုတ္ကုိင္တဲ႔အခါမွာလည္း ဘယ္လက္နဲ႔သာကုိင္ခဲ႔ျပီး ညာဘက္လက္ကုိမလႈပ္ရွားခဲ႔ပါဘူး။အဲ႔ဒါေၾကာင့္ ပရိသတ္ေတြ ညာဘက္လက္မွာဒဏ္ရာျဖစ္ေနတဲ႔ပံုပဲလို႔ ပရိသတ္ေတြက ၀ုိင္းျပီးထင္ေၾကးေပးခဲ႔ၾကပါတယ္။

ျပီးေတာ့ စုိးရိမ္တတ္လြန္းတဲ႔ပရိသတ္ေတြက Onew သူ႔ရဲ ႔ညာဘက္လက္ေကာက္၀တ္ကုိဖံုးထားတာနဲ႔ပတ္သက္ျပီး သူ႔လက္ေကာက္၀တ္ကုိတစ္ခုခုလုပ္ထားေလသလားလုိ႔သံသယျဖစ္ခ်င္ေနၾကပါတယ္။ဒီလိုသံသယျဖစ္ေနရတာကလည္း သူတုိ႔အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔ Jonghyun ကုိယ့္ကုိယ့္ကုိယ္သတ္ေသခဲ႔ဖူးတာေၾကာင့္ရယ္ပါ။အဲ႔ဒီတုန္းကလည္း ဘာအရိပ္အေငြ႔အသက္မွမရပဲ ရုတ္တရက္ၾကီးျဖစ္သြားခဲ႔တာေၾကာင့္ SHINee ပရိသတ္ေတြအသည္းကြဲခဲ႔ဖူးပါတယ္။

တစ္ခ်ိဳ႔ပရိသတ္ေတြကေတာ့ စတုိင္လ္ထုတ္တာလို႔ေျပာေနၾကသလုိ တစ္ခ်ိဳ႔ပရိသတ္ေတြကေတာ့ Onew က ကုိယ့္ကုိယ့္ကုိယ္သတ္ေသဖုိ႔ၾကိဳးစားခဲ႔တာလား၊ဘာေၾကာင့္လဲဆုိျပီးေမးခြန္းေတြအျပည့္ေရးသားခဲ႔ၾကပါတယ္။တစ္ခ်ိဳ႔ကေတာ့ မေတာ္တဆျဖစ္တာေၾကာင့္လက္ထိခိုက္သြားတာလုိ႔ထင္ျမင္ၾကျပီး သိပ္အမ်ားၾကီးမထိခိုက္ဖုိ႔လည္း ပရိသတ္ေတြကေမ်ွာ္လင့္ထားၾကပါတယ္။

Source:Koreaboo

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ SHINee အဖွဲ့ဝင် Onew နဲ့ပတ်သက်လို့ ပရိသတ်တွေကြားထဲမှာ ကောလဟာလတွေပျ့ံနှံ့နေခဲ့ပါတယ်။Onew ဟာ သူ့ရဲ ့လက်ကောက်ဝတ်ကိုလှီးဖြတ်ဖို့ကြိုးစားခဲ့သလားဆိုတဲ့ သတင်းပါ။

ကောလဟာလသတင်းဆိုပေမဲ့လည်း သူ့ပရိသတ်တွေအတွက် ထိတ်လန့်စရာပါ။Onew ဟာ သိပ်မကြာခင်က ကျင်းပခဲ့တဲ့Korean Music Festival ပွဲမှာဖျော်ဖြေခဲ့ပြီး ပရိသတ်တစ်ယောက်က သူ့ရဲ ့ဓာတ်ပုံကို ထိတ်လန့်စရာ Caption လေးနဲ့တကွတင်ခဲ့ရာကနေ တစ်ခြားပရိသတ်တွေကသတိထားမိလာခဲ့ပြီး အင်တာနက်မှာပရိသတ်တွေရဲ့စကားတွေဆူညံနေခဲ့တာပါ။

ပုံထဲမှာ Onew ဟာ ဘယ်ဘက်လက်နဲ့မိုက်ကိုကိုင်ထားပြီး ညာဘက်လက်မှာတော့ လက်အနားကို အဆုံးထိဆွဲချထားတာမြင်တွေ့ခဲ့ရပါတယ်။Caption ကလည်း “Onew ရဲ့ညာဘက်လက် တစ်ခုခုဖြစ်ထားပုံရတယ်”ဆိုပြီးရေးခဲ့တာပါ။တကယ်တော့Onew ဟာ ညာသန်သမားဖြစ်ပြီး ပုံမှန်အားဖြင့် စကားပြောတဲ့အခါဖြစ်စေ၊သီချင်းဆိုတဲ့အခါဖြစ်စေ မိုက်ကို ညာဘက်လက်နဲ့ပဲကိုင်ထားလေ့ရှိပါတယ်။ဒါပေမဲ့ ဒီပွဲမှာတော့ မိုက်ကိုဘယ်လက်နဲ့ကိုင်ထားခဲ့ပြီးညာဘက်လက်အနားကိုလည်းအောက်ထိဆွဲချထားလို့ လက်ကောက်ဝတ်နေရာကိုလည်းသေချာမမြင်ခဲ့ရပါဘူး။

ဒီလိုနဲ့ပရိသတ်တွေကစိုးရိမ်တကြီးဖြစ်ကာ Red Velvet ရှိုးပွဲက ပုံတွေကိုလည်းပြန်ရှာခဲ့ပပါတယ်။အဲ့ဒီမှာလည်း Onew က လက်ရှည်အကျီကိုဝတ်ဆင်ထားပြီးသူ့ရဲ့လက်ကောက်ဝတ်နေရာကိုဖုံးထားခဲ့ပါတယ်။အားပေးတဲ့အလင်းရောင်တုတ်ချောင်းကိုလည်း ညာဘက်လက်နဲ့မကိုင်ပဲ ဘယ်ဘက်လက်ကိုသာသုံးပြီးကိုင်ခဲ့သလို ဆိုင်းဘုတ်ကိုင်တဲ့အခါမှာလည်း ဘယ်လက်နဲ့သာကိုင်ခဲ့ပြီး ညာဘက်လက်ကိုမလှုပ်ရှားခဲ့ပါဘူး။အဲ့ဒါကြောင့် ပရိသတ်တွေ ညာဘက်လက်မှာဒဏ်ရာဖြစ်နေတဲ့ပုံပဲလို့ ပရိသတ်တွေက ဝိုင်းပြီးထင်ကြေးပေးခဲ့ကြပါတယ်။

ပြီးတော့ စိုးရိမ်တတ်လွန်းတဲ့ပရိသတ်တွေက Onew သူ့ရဲ ့ညာဘက်လက်ကောက်ဝတ်ကိုဖုံးထားတာနဲ့ပတ်သက်ပြီး သူ့လက်ကောက်ဝတ်ကိုတစ်ခုခုလုပ်ထားလေသလားလို့သံသယဖြစ်ချင်နေကြပါတယ်။ဒီလိုသံသယဖြစ်နေရတာကလည်း သူတို့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jonghyun ကိုယ့်ကိုယ့်ကိုယ်သတ်သေခဲ့ဖူးတာကြောင့်ရယ်ပါ။အဲ့ဒီတုန်းကလည်း ဘာအရိပ်အငွေ့အသက်မှမရပဲ ရုတ်တရက်ကြီးဖြစ်သွားခဲ့တာကြောင့် SHINee ပရိသတ်တွေအသည်းကွဲခဲ့ဖူးပါတယ်။

တစ်ချို့ပရိသတ်တွေကတော့ စတိုင်လ်ထုတ်တာလို့ပြောနေကြသလို တစ်ချို့ပရိသတ်တွေကတော့ Onew က ကိုယ့်ကိုယ့်ကိုယ်သတ်သေဖို့ကြိုးစားခဲ့တာလား၊ဘာကြောင့်လဲဆိုပြီးမေးခွန်းတွေအပြည့်ရေးသားခဲ့ကြပါတယ်။တစ်ချို့ကတော့ မတော်တဆဖြစ်တာကြောင့်လက်ထိခိုက်သွားတာလို့ထင်မြင်ကြပြီး သိပ်အများကြီးမထိခိုက်ဖို့လည်း ပရိသတ်တွေကမျှော်လင့်ထားကြပါတယ်။

Source:Koreaboo

 

78 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.