ကိုယ္႔ကိုယ္သူတကယ္ခ်စ္ပါရက္နဲ႕ဘာလို႕ထားခဲ႔တာလဲ…

သိပ္ကုိအေျဖရွာရခက္တဲ႔ေမးခြန္းတစ္ခုပါပဲ..ေမးခြန္းသတ္ျပီလို႕ပဲထေအာ္ရေတာ႔မယ္…တစ္ခ်ိဳ႕သူေတြကကိုယ္႔ကိုတကယ္ခ်စ္ခဲ႔ျကပါရက္နဲ႕ ဘာလို႕ကိုယ္႔နားကစြန္႔ခြာသြားခဲ႔ျကတာလဲေပါ႔၊ ဒါဆုိေတြးမယ္ တကယ္မခ်စ္လို႕လား Noooooo…အဲ႔လိုလည္းလံုး၀မဟုတ္ဘူး သူကိုယ္႕ကိုယ္သိပ္ခ်စ္တာကိုယ္လည္းသိသလုိသူလည္းသိတယ္…ဒါဆုိဒီလုိလူေတြကကိုယ္႔ကိုယ္ဘာအေျကာင္းေတြေျကာင္႔စြန္႔ခြာသြားတတ္ျကသလဲေပါ႔..
(၁) သရဲေဘာေျကာင္လို႕
တစ္ခ်ိဳ႕သူေတြကသိပ္ခ်စ္တတ္ျကတယ္၊ သိပ္ေပးဆပ္ခ်င္တတ္ျကတယ္၊ ဒါပင္မဲ႔ သရဲေဘာေျကာင္တတ္ျကပါတယ္။ အခ်စ္ေရးမွာသရဲေဘာေျကာင္တဲ႔အခါကိုယ္ခ်စ္တာကို တစ္ဖက္လူကနားမလည္ေတာ႔ ပဲ ပိုပိုျပီး ေ၀းကြာသြားရင္ ေနာက္ဆံုးခ်စ္ရက္နဲ႕သင္႔နားမွာသူမလုိပါဘူးေတြးျပီးထြက္သြားတတ္ျကပါတယ္။
(၂) သိပ္ခ်စ္လြန္းလို႕
ဒါကေတာ႔မာနသမားေတြပါ။ သူတို႕သိပ္ခ်စ္တဲ႔သူကသူတို႕ကိုထားခဲ႔မွာလံုး၀မခံစားနုိင္လို ႔ျပႆနာျဖစ္ျပီဆိုတာနဲ႕ခ်စ္ရက္ျကီးနဲ႕ပဲသူတို႕ဘက္ကဦးဆံုးစျပီးထားခဲ႔တတ္ျကပါတယ္။ မခ်စ္ဘူးလားဆိုေတာ႔ခ်စ္တယ္၊ ဒီလုိခ်စ္လြန္းလို႕လည္းထားခဲ႔မွာေျကာက္လုိ႕ အရင္စြန္႕ခြာတတ္ျကတာမ်ိဳးပါ။
(၃) ေရွ႕ေတြျကိုေတြးျပီးစိတ္ပူပန္တတ္လို႕
လက္ရွိကိုဘယ္လိုအေကာင္းဆံုးေနထိုင္ရမလဲဆိုတာထက္ ေရွ႕ေရးေတြတအားပူပင္ျပီးသူနဲ႕ငါရဲ႕ျကားဒီလိုေတြျဖစ္လာရင္ဘယ္လိုလုပ္မလဲ ဟိုလိုေတြျဖစ္လာရင္ဘယ္လုိလုပ္မလဲေတြးပူျပီး ကိုယ္႔ဆံုးျဖတ္ခ်က္နဲ႕ကိုယ္ ခ်စ္ရက္နဲ႕အရူးထျပီးထြက္သြားတတ္ျကတာမ်ိဳးပါ။
(၄) မယံုရဲေတာ႔လို႕
မယံုတာကို မခ်စ္ဘူးလို႕ယူဆလို႕မရပါဘူး။သူမင္းကိုခ်စ္ေနလိမ္႔မယ္ ဒါပင္မဲ႔မင္းအေပၚယံုျကည္မႈနည္းနည္းေလးမွမရွိေတာ႔တာေျကာင္႔ မင္းနားကထြက္သြားတာမ်ိဳးလည္းျဖစ္နိုင္ပါတယ္။
(၅) ပူေလာင္လို႕
တစ္ခ်ိဳ႕ေသာအခ်စ္ေတြက အမ်ားျကီးမဟုတ္ပင္မဲ႔ေအးျမတယ္ ၊ တစ္ခ်ိဳ႕အခ်စ္ေတြကေတာ႔ အမ်ားျကီးနဲ႕ပူေလာင္တတ္ပါတယ္။ လူတစ္ေယာက္ေပၚခ်စ္တဲ႔ခ်ိန္မွာ မ်ွမ်ွတတမခ်စ္တတ္ပဲ အတင္းျကီးေတြခ်စ္မိသြားတဲ႔အခါတစ္ေယာက္အခ်စ္ကတစ္ေယာက္အတြက္ပူေလာင္စရာေတြျဖစ္လာျပီးေနာက္ဆံုးတစ္ေယာက္နားတစ္ေယာက္ေနရတာပူေလာင္လာပါလိမ္႔မယ္။ဒီလိုအခ်ိန္မွာလည္းခ်စ္ရက္နဲ႕စြန္႔ခြာသြားတတ္ျကပါတယ္။
သင္႔ကိုသိပ္ခ်စ္တဲ႔တစ္စံုတစ္ေယာက္သင္႔နားကေန မထင္ထားရက္စရာေကာင္းေလာက္ေအာင္ေပ်ာက္ကြယ္သြားတဲ႔အခါ ဒီလိုအရာေတြေျကာင္႔လည္းျဖစ္နုိင္တာမလို႕ မထြက္သြားခင္
ကတည္းကသတိထားရင္ နာက်င္စရာကိစၥေတြေလ်ာ႕နည္းလာမွာပါ။

Unicode

သိပ်ကိုအဖြေရှာရခက်တဲ့မေးခွန်းတစ်ခုပါပဲ..မေးခွန်းသတ်ပြီလို့ပဲထအော်ရတော့မယ်…တစ်ချို့သူတွေကကိုယ့်ကိုတကယ်ချစ်ခဲ့ကြပါရက်နဲ့ ဘာလို့ကိုယ့်နားကစွန့်ခွာသွားခဲ့ကြတာလဲပေါ့၊ ဒါဆိုတွေးမယ် တကယ်မချစ်လို့လား Noooooo…အဲ့လိုလည်းလုံးဝမဟုတ်ဘူး သူကိုယ့်ကိုယ်သိပ်ချစ်တာကိုယ်လည်းသိသလိုသူလည်းသိတယ်…ဒါဆိုဒီလိုလူတွေကကိုယ့်ကိုယ်ဘာအကြောင်းတွေကြောင့်စွန့်ခွာသွားတတ်ကြသလဲပေါ့..
(၁) သရဲဘောကြောင်လို့
တစ်ချို့သူတွေကသိပ်ချစ်တတ်ကြတယ်၊ သိပ်ပေးဆပ်ချင်တတ်ကြတယ်၊ ဒါပင်မဲ့ သရဲဘောကြောင်တတ်ကြပါတယ်။ အချစ်ရေးမှာသရဲဘောကြောင်တဲ့အခါကိုယ်ချစ်တာကို တစ်ဖက်လူကနားမလည်တော့ ပဲ ပိုပိုပြီး ဝေးကွာသွားရင် နောက်ဆုံးချစ်ရက်နဲ့သင့်နားမှာသူမလိုပါဘူးတွေးပြီးထွက်သွားတတ်ကြပါတယ်။
(၂) သိပ်ချစ်လွန်းလို့
ဒါကတော့မာနသမားတွေပါ။ သူတို့သိပ်ချစ်တဲ့သူကသူတို့ကိုထားခဲ့မှာလုံးဝမခံစားနိုင်လို ့ပြဿနာဖြစ်ပြီဆိုတာနဲ့ချစ်ရက်ကြီးနဲ့ပဲသူတို့ဘက်ကဦးဆုံးစပြီးထားခဲ့တတ်ကြပါတယ်။ မချစ်ဘူးလားဆိုတော့ချစ်တယ်၊ ဒီလိုချစ်လွန်းလို့လည်းထားခဲ့မှာကြောက်လို့ အရင်စွန့်ခွာတတ်ကြတာမျိုးပါ။
(၃) ရှေ့တွေကြိုတွေးပြီးစိတ်ပူပန်တတ်လို့
လက်ရှိကိုဘယ်လိုအကောင်းဆုံးနေထိုင်ရမလဲဆိုတာထက် ရှေ့ရေးတွေတအားပူပင်ပြီးသူနဲ့ငါရဲ့ကြားဒီလိုတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲ ဟိုလိုတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲတွေးပူပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ချစ်ရက်နဲ့အရူးထပြီးထွက်သွားတတ်ကြတာမျိုးပါ။
(၄) မယုံရဲတော့လို့
မယုံတာကို မချစ်ဘူးလို့ယူဆလို့မရပါဘူး။သူမင်းကိုချစ်နေလိမ့်မယ် ဒါပင်မဲ့မင်းအပေါ်ယုံကြည်မှုနည်းနည်းလေးမှမရှိတော့တာကြောင့် မင်းနားကထွက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။
(၅) ပူလောင်လို့
တစ်ချို့သောအချစ်တွေက အများကြီးမဟုတ်ပင်မဲ့အေးမြတယ် ၊ တစ်ချို့အချစ်တွေကတော့ အများကြီးနဲ့ပူလောင်တတ်ပါတယ်။ လူတစ်ယောက်ပေါ်ချစ်တဲ့ချိန်မှာ မျှမျှတတမချစ်တတ်ပဲ အတင်းကြီးတွေချစ်မိသွားတဲ့အခါတစ်ယောက်အချစ်ကတစ်ယောက်အတွက်ပူလောင်စရာတွေဖြစ်လာပြီးနောက်ဆုံးတစ်ယောက်နားတစ်ယောက်နေရတာပူလောင်လာပါလိမ့်မယ်။ဒီလိုအချိန်မှာလည်းချစ်ရက်နဲ့စွန့်ခွာသွားတတ်ကြပါတယ်။
သင့်ကိုသိပ်ချစ်တဲ့တစ်စုံတစ်ယောက်သင့်နားကနေ မထင်ထားရက်စရာကောင်းလောက်အောင်ပျောက်ကွယ်သွားတဲ့အခါ ဒီလိုအရာတွေကြောင့်လည်းဖြစ်နိုင်တာမလို့ မထွက်သွားခင်
ကတည်းကသတိထားရင် နာကျင်စရာကိစ္စတွေလျော့နည်းလာမှာပါ။

427 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.