စူပါဟီးရိုး Shazam ကို ကြည့်ဖို့ ရင်ခုန်နေကြပြီလား ?

Shazam ဟာ အမေရိကန် စူပါဟီးရိုးရုပ်ရှင်ဖြစ်ပြီး DC Comics ကိုအခြေခံရိုက်ကူးထားတာပါ။
ဒါရိုက်တာ David F. Sandberg ၊ screen play က Henry Gayden တို့ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်မယ့်သူများကတော့ Zachary Levi ၊ Asher Angel နဲ့ Mark Strong တို့ပဲဖြစ်ပါတယ်။

Image result for shazam

၁၉၄၁ခုနှစ်က ထွက်ရှိခဲ့တဲ့ Adventures of Captain Marvel ပြီးရင် ဒါဟာ ပထမဆုံး ထွက်ရှိတဲ့ live-action Shazam အဖြစ်မြင်တွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Warner Bros. Pictures မှ Shazam ထွက်ရှိမယ့် ရက်က ၂ဝ၁၉ ဧပြီ ၅ရက်နေ့ဖြစ်လို့ ကြေငြာထားပါတယ်။

Shazam!

ဇာတ်လမ်းအတိုချုံကတော့ အသက် ၁၄နှစ်အရွယ် ကောင်လေးတစ်ယောက် ရုတ်တရက် လူကြီးအဖြစ်ပြောင်းသွားပြီး စွမ်းအားတွေရလာတယ်။ လူကြီးဖြစ်လာပေမယ့် သူ့ရဲ့အသိစိတ်က ၁၄နှစ်ပဲဖြစ်နေတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်း ဇာတ်ကွက်တွေ ဘယ်လိုပုံဖော်ပြသွားဦးမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။

Related image

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.