Euphoria ပိုးထည်ဘေဘုတ်ကြော်ငြာနဲ့ အကယ်ဒမီဗန်းကိုင် အနုပညာလှုပ်ရှားမှုတွေနဲ့စပြီး ဒီလောကထဲကို ဖြေးဖြေးနဲ့မှန်မှန် ချဥ်းနင်းဝင်ရောက်ခဲ့တဲ့ မြနှင်းရည်လွင်နဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်တာလေးတွေကတော့ “အခု မဂ္ဂဇင်းတွေဂျာနယ်တွေအတွက် ဓာတ်ပုံတွေရိုက်ပေးဖြစ်တယ်။ ပြီးတော့ MRTV 4 အတွက်ရိုက်ပေးထားတယ်။ ကျန်တာကတော့ မြနှင်း ကို လာငှားရင်၊ ခင်တဲ့သူတွေ အကူအညီတောင်းတဲ့အခါကျရင်တော့ လုပ်ပေးပါတယ်။ ဆက်မလုပ် တော့ဘူးရယ်လို့လဲမဟုတ်ဘူး။ ကမ်းလှမ်းလာရင်တော့ ရိုက်မယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်နဲ့ကိုယ့်ကို အားပေးထားတဲ့ ပရိသတ်တွေအတွက် ဒီအတိုင်းကြီး ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ ခင်မင်တဲ့သူတွေ လာငှားရင်တော့ရိုက်ပေးပါတယ်”လို့ သူမက ပြောပါတယ်။
အကယ်ဒမီနဲ့ပတ်သတ်တဲ့စိတ်ခံစားချက်ကိုတော့ “မနှစ်က အကယ်ဒမီဆုချီးမြှင့်ပွဲမှာ မြနှင်းတို့ဗန်းကိုင်ရတယ်။ ဒီနှစ်ကျတော့ အနုပညာရှင်တစ်ယောက်အနေ နဲ့ကိုယ့်အနုပညာမောင်နှမတွေကို အားပေးရင်းနဲ့တက်ရမှာဆိုတော့ ၀မ်းသာတယ်။ ပျော်တယ် ပိုးထည်ကို ဖက်ရှင်euphoriaက စီစဉ်ပေးမှာပါ။ ဒီဇိုင်နာလဲ သူတို့ဆီကပဲ။ အရောင်ကတော့ အတိအကျမသိသေးဘူး။ မိတ်ကပ်က လင်းလင်းပါ။ ဒီနှစ်ကတော့ နာမည်ထွက်နေတဲ့သူတွေထဲက ကောင်းတဲ့သူတွေရကြမှာပေါ့နော်။ အတိအကျတော့ မြနှင်းလဲမပြောတတ်ဘူး”တဲ့။