သင် Single ဖြစ်နေတာ ဒီအကြောင်းရင်းတွေထဲကပြေးမလွတ်ဘူး ဟုတ်! 😅
*ဇီဇာကြောင်လို့ 😑
Image result for single
Unicode
Single ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘာလို့ single ဖြစ်နေရတာလဲဆိုတဲ့အကြောင်းရင်းတွေများစွာရှိပါတယ်။Trend ပရိသတ်ကြီးထဲမှာရော Single လေးတွေပါလား?  တကယ်တော့ Single ဆိုတာဖြစ်ချင်တိုင်းလည်းဖြစ်လို့ရတာမဟုတ်ပါဘူးနော်။ဒီလိုအကြောင်းရင်းတွေနဲ့ပြည့်စုံမှSingle ဖြစ်လို့ရတာပါ။ဒါဖြင့် Single ဖြစ်နေရတဲ့အကြောင်းရင်းတွေကိုပြောပြပေးသွားမှာဖြစ်လို့ စာဖတ်သူပရိသတ်ကြီးလည်း ဘာလို့အခုချိန်ထိတစ်ယောက်တည်းဖြစ်နေရတာလဲဆိုတာ ဖြေပေးခဲ့နော်
* ရွေးချယ်စရာတွေများနေလို့  (အယ့်လယ်)
*အခုမှ လတ်လတ်ဆတ်ဆတ်လမ်းခွဲထားလို့
*ရွေးချယ်စရာမရှိသေးလို့ (ကိုယ်ကလည်းကြိုက်တဲ့သူမရှိ ကိုယ့်ကိုလာကြိုက်တဲ့သူကလည်းမရှိ)
*Crush လေးကိုစောင့်နေလို့
*စိတ်ကူးယဉ်ချင်စရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကောင်မင်းသားကိုသာချစ်နေလို့
*ဇီဇာကြောင်လို့
*လမ်းခွဲပြီးတာ ကြာလှသည့်တိုင် အသည်းကွဲနေတုန်း၊ဖီးလ်လို့ကောင်းနေတုန်း
*ကိုယ့်ကိုယ့်ကိုယ်ဘယ်သူမှမပေးနိုင်အောင်ချစ်နေလို့
*စည်းကမ်းကြီးတဲ့မိဘတွေကြောင့်
*အလုပ် ဒါမှမဟုတ် ကျောင်းစာမှာပဲအာရုံစိုက်ထားလို့
ကဲ သင်က ဒီအကြောင်းအရာတွေထဲက ဘယ်လိုအကြောင်းကြောင့် Single ဖြစ်နေတာတုန်း?
ဘယ်လိုအကြောင်းနဲ့ပဲ Single ဖြစ်ဖြစ်ပါ။အားမငယ်ပါနဲ့။ရည်းစားရှိရင်ပြီးရောဆိုပြီး တကယ်မချစ်ပဲလည်းလျှောက်မတွဲနဲ့ဦးနော်။Single ဘဝရဖို့ဆိုတာ လွယ်တာမှတ်လို့။ဒီတော့ သင့်အပေါ်တကယ်သစ္စာရှိရှိချစ်နိုင်မယ့်သူကိုမတွေ့မချင်း၊သင်ဘယ်လောက်တွန်းထုတ်တွန်းထုတ် အဝေးကိုထွက်မသွားမယ့်သူကိုမတွေ့မချင်း၊သင်ချစ်သလောက်သင့်အပေါ်ပြန်ချစ်နိုင်မယ့်သူကိုမတွေ့မချင်း၊သင့်ကို စိတ်ရင်းနဲ့တကယ်ဂရုစိုက်ပြီးစစ်မှန်တဲ့မေတ္တာတွေပေးမယ့်သူမတွေ့မချင်း စောင့်ပါ။ဒီလိုစောင့်နေတဲ့အချိန်အတွင်း ကိုယ့်တန်ဖိုးကိုယ်၊ကိုယ့်အရည်အချင်းကိုယ် မြင့်သထက်မြင့်အောင်ကြိုးစားပါ။ကိုယ့်ကိုယ့်ကိုယ်ပိုပြီးချစ်ပါ။စိတ်ရှည်ပါ။သင့်အတွက် ဖူးစာရှင်က စ်နေရာရာမှာရှိနေပါတယ်။အချိန်မှန်နေရာမှန်ရင်တွေ့ဆုံရမှာပါ။အချစ်ကိုမရှာပါနဲ့။အချစ်က သင့်ကိုရှာပါလိမ့်မယ်
210 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.