စတာလို႕ေျပာေျပာျပီး မထိတထိလာလာဖဲ႔တဲ႔သူေတြနဲ႕သင္ျကံုဖူးမွာပါ… 😌😌😌

ဘယ္သူပဲျဖစ္ျဖစ္ဘ၀မွာဒီလိုအခိုက္တန္႔မ်ိဳးအနည္းနဲ႕အမ်ားေတာ႔ျကံုဖူးျကမယ္ဆုိတာ ေသခ်ာပါတယ္။ သူငယ္ခ်င္းအေပါင္းသင္းေတြပဲျဖစ္ျဖစ္ မိတ္ေဆြလို႕ထင္ထားရတဲ႔သူေတြဆီကပဲျဖစ္ျဖစ္ တစ္ခါတစ္ေလကိုယ္ခ်စ္ပါတယ္ကိုယ္ယံုျကည္ရပါတယ္ဆိုတဲ႔သူေတြမိသားစု၀င္ေတြဆီကပဲျဖစ္ျဖစ္ ဒီလုိစကားမ်ိဳးကိုျကားေကာင္းျကားဖူးျကမွာပါ။ တစ္ဖက္သားခံစားသြားရတဲ႔အေျခေနကို အရသာခံခ်င္လို႕ေျပာတတ္တဲ႔ဒီလိုလူတစ္ခ်ိဳ႕လည္းေလာကျကီးမွာအမ်ားျကီးပါ…ကဲ…ထားပါေတာ႔ေလ ဆိုေတာ႔ ဒီလုိလူမ်ိဳးေတြနဲ႕ျကံုလာတဲ႔အခါ သင္႔ဘက္က ဘယ္လုိတုန္႕ျပန္သင္႔သလဲဆုိတာေတာ႔သိထားဖို႕လိုပါတယ္။ အခုထိမျကံုဖူးေသးဘူးဆိုရင္ေတာင္သင္မေသခင္တစ္ခ်ိန္ခ်ိန္မွာေတာ႔
ျကံုဖူးအံုးမွာေသခ်ာတာမလို႕ ဒီလုိစတယ္ေျပာေျပာျပီး စကားလံုးေတြနဲ႕ကိုယ္ရဲ႕ရင္ထဲကို နာက်င္ပူေလာင္သြားေအာင္လုပ္တတ္တဲ႔သူေတြသင္႔ပတ္၀န္းက်င္မွာရွိလာတဲ႔အခါ…
(၁) ကိုယ္မွာသူတို႕ထက္သာတဲ႔အရာတစ္ခုရွိတယ္ဆိုတာထိထိမိမိျမင္သာပါေစ
ကိုယ္႔မွာသူတုိ႕ထက္ဘာပိုေတာ္လည္းအေ၀းျကီးလုိက္ရွာေနစရာမလုိပါဘူး။ လူတိုင္းမွာ ဘုရားေပးထားတဲ႔ထူးခၽြန္မႈတစ္ခုရွိျပီးသားပါ။ ဒါေျကာင္႔ကိုယ္႔မွာလည္းဒီလုိလူေတြထက္သာတဲ႔အရည္ခ်င္းေတြရွိတာမလို႕ ကုိယ္႔ရဲ႕ေကာင္းမြန္တဲ႔ကိုယ္ပိုင္အရည္ခ်င္းတစ္ခုကို အံ့ျသလက္ခံသြားေအာင္ျမင္သာထင္သာခ်ျပနိုင္ပါေစ။
(၂) သူတုိ႕ေျပာတာကို ကိုယ္မခံစားရတဲ႔ပံုျပပါ
သူတို႕ရဲ႕ရည္ရြယ္ခ်က္က အထူးသျဖင္႔ကိုယ္႔စိတ္ကို နာက်င္သြားေစဖို႕ပါ၊ စတယ္ေနာက္တယ္ဆိုတဲ႔အျဖဴထည္သေဘာတရားကို ကာျပီး ကိုယ္႔ရဲ႕နိမ္႔ကြက္ေတြကိုအားရပါးရေျပာေနတတ္တဲ႔သူတို႕ကို သနားတဲ႔မ်က္လံုးနဲ႕ျကည္႔ျပီး သူတုိ႕ေျပာတာေတြဟာကိုယ္႔အတြက္ဘာမွမခံစားရတဲ႔ပံုျပပါ(ခံစားရလည္းမခံစားရတဲ႔ပံုပဲျပပါ :-P)
(၃) ဘာေျပာေျပာေနာက္ဆံုးေမာျပီးေသသြားပါေစ၊ ကိုယ္လုပ္စရာရွိတာကို ျပံဳးျပံဳးေလးဆက္လုပ္နုိင္ပါေစ
ေျပာခ်င္တာေျပာ ျကိုက္သေလာက္ေျပာ I Don’t Care ဆိုတာမ်ိဳးကဒီေနရာမွာ ျဖစ္ေနရပါမယ္…ကိုယ္႔ကိုစေနာက္ျပီးခင္လုိ႕မင္လုိ႕ေျပာတာနဲ႕နွိမ္ခ်င္လို႕ေျပာတာနဲ႕ကလူတိုင္းလုိလုိခြဲျခားတတ္တာမလို႕ စကားအသြားလာကိုျကည္႔ျပီး ကိုယ္မွန္တယ္ထင္ရာသာဆက္လုပ္ပါ။
(၄) သူတုိ႕ကိုယ္သူတို႕ရွက္တတ္လာေအာင္သင္ခန္းစာေပးပါ
အတံု႕အလွည္႔ဆိုတာအလကားေနရင္းေပၚလာတဲ႔စကားမဟုတ္ပါဘူး။ ကိုယ္႕ကိုေျပာတဲ႔သူတို႕မွာလည္းအားနည္းခ်က္ဆိုတာရွိပါတယ္။ အခါခြင္႔သင္႔လို႕သူတို႕အားနည္းခ်က္ေတြကို သူတုိ႕တုန္းကလိုမ်ိဳးစလိုနဲ႕ကဲ႔ရဲ႕လုိ႕ရရင္ေတာင္မကဲ႔ရဲ႕ပါနဲ႕။သင္ရဲ႕လက္တုံ႕မျပန္တဲ႔စိတ္ကိုသူတို႕နားလည္ျပီးသူတုိ႕စကားေတြေပၚသူတို႕လုပ္ရပ္ေတြအေပၚနာက်င္ေနာင္တရျပီးသင္႔အတြက္သူတို႕ဟာအရံႈးသမားေတြျဖစ္ေနပါလိမ္႔မယ္။

Unicode

ဘယ်သူပဲဖြစ်ဖြစ်ဘဝမှာဒီလိုအခိုက်တန့်မျိုးအနည်းနဲ့အများတော့ကြုံဖူးကြမယ်ဆိုတာ သေချာပါတယ်။ သူငယ်ချင်းအပေါင်းသင်းတွေပဲဖြစ်ဖြစ် မိတ်ဆွေလို့ထင်ထားရတဲ့သူတွေဆီကပဲဖြစ်ဖြစ် တစ်ခါတစ်လေကိုယ်ချစ်ပါတယ်ကိုယ်ယုံကြည်ရပါတယ်ဆိုတဲ့သူတွေမိသားစုဝင်တွေဆီကပဲဖြစ်ဖြစ် ဒီလိုစကားမျိုးကိုကြားကောင်းကြားဖူးကြမှာပါ။ တစ်ဖက်သားခံစားသွားရတဲ့အခြေနေကို အရသာခံချင်လို့ပြောတတ်တဲ့ဒီလိုလူတစ်ချို့လည်းလောကကြီးမှာအများကြီးပါ…ကဲ…ထားပါတော့လေ ဆိုတော့ ဒီလိုလူမျိုးတွေနဲ့ကြုံလာတဲ့အခါ သင့်ဘက်က ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာတော့သိထားဖို့လိုပါတယ်။ အခုထိမကြုံဖူးသေးဘူးဆိုရင်တောင်သင်မသေခင်တစ်ချိန်ချိန်မှာတော့
ကြုံဖူးအုံးမှာသေချာတာမလို့ ဒီလိုစတယ်ပြောပြောပြီး စကားလုံးတွေနဲ့ကိုယ်ရဲ့ရင်ထဲကို နာကျင်ပူလောင်သွားအောင်လုပ်တတ်တဲ့သူတွေသင့်ပတ်ဝန်းကျင်မှာရှိလာတဲ့အခါ…
(၁) ကိုယ်မှာသူတို့ထက်သာတဲ့အရာတစ်ခုရှိတယ်ဆိုတာထိထိမိမိမြင်သာပါစေ
ကိုယ့်မှာသူတို့ထက်ဘာပိုတော်လည်းအဝေးကြီးလိုက်ရှာနေစရာမလိုပါဘူး။ လူတိုင်းမှာ ဘုရားပေးထားတဲ့ထူးချွန်မှုတစ်ခုရှိပြီးသားပါ။ ဒါကြောင့်ကိုယ့်မှာလည်းဒီလိုလူတွေထက်သာတဲ့အရည်ချင်းတွေရှိတာမလို့ ကိုယ့်ရဲ့ကောင်းမွန်တဲ့ကိုယ်ပိုင်အရည်ချင်းတစ်ခုကို အံ့သြလက်ခံသွားအောင်မြင်သာထင်သာချပြနိုင်ပါစေ။
(၂) သူတို့ပြောတာကို ကိုယ်မခံစားရတဲ့ပုံပြပါ
သူတို့ရဲ့ရည်ရွယ်ချက်က အထူးသဖြင့်ကိုယ့်စိတ်ကို နာကျင်သွားစေဖို့ပါ၊ စတယ်နောက်တယ်ဆိုတဲ့အဖြူထည်သဘောတရားကို ကာပြီး ကိုယ့်ရဲ့နိမ့်ကွက်တွေကိုအားရပါးရပြောနေတတ်တဲ့သူတို့ကို သနားတဲ့မျက်လုံးနဲ့ကြည့်ပြီး သူတို့ပြောတာတွေဟာကိုယ့်အတွက်ဘာမှမခံစားရတဲ့ပုံပြပါ(ခံစားရလည်းမခံစားရတဲ့ပုံပဲပြပါ :-P)
(၃) ဘာပြောပြောနောက်ဆုံးမောပြီးသေသွားပါစေ၊ ကိုယ်လုပ်စရာရှိတာကို ပြုံးပြုံးလေးဆက်လုပ်နိုင်ပါစေ
ပြောချင်တာပြော ကြိုက်သလောက်ပြော I Don’t Care ဆိုတာမျိုးကဒီနေရာမှာ ဖြစ်နေရပါမယ်…ကိုယ့်ကိုစနောက်ပြီးခင်လို့မင်လို့ပြောတာနဲ့နှိမ်ချင်လို့ပြောတာနဲ့ကလူတိုင်းလိုလိုခွဲခြားတတ်တာမလို့ စကားအသွားလာကိုကြည့်ပြီး ကိုယ်မှန်တယ်ထင်ရာသာဆက်လုပ်ပါ။
(၄) သူတို့ကိုယ်သူတို့ရှက်တတ်လာအောင်သင်ခန်းစာပေးပါ
အတုံ့အလှည့်ဆိုတာအလကားနေရင်းပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ကိုယ့်ကိုပြောတဲ့သူတို့မှာလည်းအားနည်းချက်ဆိုတာရှိပါတယ်။ အခါခွင့်သင့်လို့သူတို့အားနည်းချက်တွေကို သူတို့တုန်းကလိုမျိုးစလိုနဲ့ကဲ့ရဲ့လို့ရရင်တောင်မကဲ့ရဲ့ပါနဲ့။သင်ရဲ့လက်တုံ့မပြန်တဲ့စိတ်ကိုသူတို့နားလည်ပြီးသူတို့စကားတွေပေါ်သူတို့လုပ်ရပ်တွေအပေါ်နာကျင်နောင်တရပြီးသင့်အတွက်သူတို့ဟာအရှုံးသမားတွေဖြစ်နေပါလိမ့်မယ်။

679 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.