ချစ်ပေမယ့်လည်း ဒါတွေဖြစ်နေပြီဆိုရင် အဆုံးသတ်လိုက်ပါတော့…

လမ်းခွဲခြင်းဟာ လူတိုင်းအတွက် မလွယ်ကူနိုင်ပါဘူး။ စိတ်ထဲဘာမှမရှိတဲ့လူတွေအတွက်တော့ ကိစ္စမရှိပေမယ့် စိတ်ရော ၊ ကိုယ်ပါ နှစ်တတ်တဲ့သူတွေအတွက် အကြီးကျယ်ခံစားရတဲ့ ဝေဒနာတစ်ခုပါ။

ကိုယ်လက်တွဲနေတဲ့သူနဲ့ သူငယ်ချင်းတွေ၊ အသိုင်းဝိုင်းတွေနဲ့ မိဘတွေက သိပြီးပြီမို့ သူမကောင်း လည်း ဒီတိုင်းပဲဆက်သွားရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားပါဘူး။ နောက်ဆုတ်ဖို့လည်း မပြော
ပါဘူး။ သူမပါလည်း ကိုယ့်ဘဝကိုယ် ဆက်လျှောက်ဖို့ပဲ အကြံပေးချင်ပါတယ်။

မပျော်ရွှင်တော့ရင်
သူနဲ့ချစ်ရတာ စိတ်ချမ်းသာစရာကောင်းတယ်မလား ၊ ပျော်ရတယ်မလား ။ တွေ့ရင် ကြည်နူးစရာလေးတွေ တွတ်ထိုးပြီး တစ်ယောက်နဲ့တစ်ယောက် စနောက်နေရတာက ချစ်သူတွေအတွက် သာယာ
စရာပါ။ တကယ်လို့ မင်းတို့ကြားမှာ ဒီလိုတီတီတာတာတွေမရှိရင်တောင် နွေးထွေးမှုတွေမရှိတော့
ဘူးဆိုရင် ကိုယ့်ရဲ့relationship ကို ပြန်ခြုံငုံပြီး ကြည့်လိုက်ပါ ။ သူ့ကို မင်းဘက်ကလည်း ဂရုစိုက်မှုတွေပေးရဲ့သားနဲ့ ကိုယ်တိုင် မပျော်ရွှင်သလို ခံစားနေရရင် သေချာ ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။

ဘဝရည်မှန်းချက်နဲ့ ပတ်သတ်ပြီး ရှုပ်ထွေးနေတဲ့အခါ
ချစ်သူတွေမှာ ကိုယ်စီအိပ်မက်တွေရှိနေပြီး ဒါတွေကို အကောင်ထည်ဖော်ဖို့ တစ်ယောက်နဲ့ တစ်ယောက် support ကောင်းကောင်းလုပ်ပေးနိုင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ဘဝရည်မှန်းချက်မှာ အချစ်ရေးက ဝင်ရှုပ်နေတဲ့အခါ ဘာကို ဘယ်လိုလုပ်ရမှန်းမသိပဲ ဇဝေဇဝါဖြစ်နေတတ်ပါတယ်။ ဝင်ရှုပ်တယ်ဆိုတာလည်း အခြေအနေ အမျိုးမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ပေါ့ … မင်းချစ်သူကို ရွေးချယ်ပြီး ဖြစ်ချင်တဲ့ဆန္ဒကို လက်လွှတ်လိုက်မယ်ဆို တစ်နေ့ သူမင်းဘေးမှာမရှိတော့တဲ့အခါ မင်းပေးဆပ်လိုက်ရတာက အလဟဿပဲပေါ့။ ညှိယူလို့ရတဲ့ အခြေအနေဆို ဘာမှမဖြစ်ပေမယ့် တစ်ခုကိုရွေးချယ်ရမယ်ဆို မင်းဘာကို ရွေးမလဲ ?

အနှိပ်စက်ခံနေရခြင်း
ထု ထောင်း ရိုက်နှက်နေမှ နှိပ်စက်တာမဟုတ်ပါဘူး။ မင်းရဲ့စိတ်ကို အားလျော့အောင် ၊ ပင်ပန်း အောင် ၊ မွန်းကြပ်အောင်လုပ်နေတာကလည်း စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း တစ်မျိုးပါပဲ။ မင်းကို လူကြားထဲမှာ အရှက်ရစေမယ့် ဝေဖန်မှုမျိုးပြုလုပ်တာ ၊ နှစ်ယောက်တည်းရှိနေချိန် ပြစ်တင်ပြောဆိုနေတာတွေက အစပိုင်းမှာတော့ သည်းခံနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ မင်းအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ မင်းစိတ်ထဲ ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုခံစားလာရပြီး အားနည်းချက်တွေနဲ့ ပျော်စရာဆိုတာ မရှိနိုင်လောက်အောင်ဖြစ်လာပါလိမ့်မယ်။ ဒီလိုမျိုး သူက မင်းရဲ့စိတ်ကို တဖြည်းဖြည်းညှင်းဆဲနေတယ်ဆိုရင် ဘယ်လောက်ပဲ သူ့ကိုချစ်ချစ် အဆုံးသတ်လိုက်ဖို့ အချိန်တန်ပါပြီ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.