ဒီအသီးအရြက္ေတြစားေပးမယ္ဆုိ အခ်ိန္တိုအတြင္းဗိုက္ကအဆီေတြက်မယ္ဆုိတာယံု…😉

ဗုိက္မွာအဆီေတြစုျပီး ဗုိက္ေလးပူေနတာကုိ ဘယ္မိန္းကေလးမွသေဘာမက်ပါဘူးေနာ္။တစ္ခ်ိဳ႔မိန္းကေလးေတြက်ေတာ့ ဗုိုက္ေလးပဲကြက္ပူေနျပီး က်န္တဲ႔ေနရာေတြက်ေတာ့ အဆီပုိမရွိပါဘူး။အဲ႔ဒီေတာ့ဗုိက္ေလးပဲကြက္ျပီး၀ိတ္ခ်ဖို႔လိုေနတာေပါ့။Gym မွာသြားကစားတာလည္းေကာင္းသလုိ အခုေျပာျပမယ့္ဟင္းသီးဟင္းရြက္ေတြကုိပါစားေပးမယ္ဆုိရင္ တစ္ပတ္အတြင္းက်သင့္တာထက္ ပုိျပီးဗိုက္အဆီေတြက်သြားမယ္ဆုိတာယံု။အသီးအရြက္တိုင္းက ၀ိတ္က်တာမဟုတ္ပါဘူး။တစ္ခ်ိဳ႔ဟင္းသီးဟင္းရြက္ေတြက အာဟာရျပည့္၀ေပမဲ႔ အဆီကုိထိထိေရာက္ေရာက္မေခ်ဖ်က္ႏုိင္ပါဘူး။အဲ႔ဒါေၾကာင့္ စာဖတ္သူေတြအတြက္ အခ်ိန္ကာလအနည္းငယ္အတြင္း ဗုိက္ကအဆီပုိေတြကုိယူပစ္လုိက္သလို ေပ်ာက္သြားေစမယ့္ဟင္းသီးဟင္းရြက္ေတြကုိ မ်ွေ၀ေပးခ်င္ပါတယ္။

*ငရုတ္သီးမ်ား
ကေနဒီယန္လူမ်ိဳးေတြရဲ ႔ေလ့လာခ်က္တစ္ခုအရ ငရုတ္သီးေတြမွာပါ၀င္တဲ႔ဓာတ္တစ္မ်ိဳးဟာ အစားစားခ်င္စိတ္ကုိေလ်ွာ့ခ်ေပးႏုိင္သလို အဆီေလာင္ကြ်မ္းမႈႏႈန္းကုိလည္း ပုိျမွင့္လာေစပါတယ္တဲ႔။

*အစိမ္းေရာင္ငရုတ္ပြသီး
အစိမ္းေရာင္ငရုတ္ပြသီးဟာလည္း ခႏၶာကုိယ္ဇီ၀ျဖစ္စဥ္ကုိ ျမွင့္တင္ေပးႏုိင္ျပီး အဆီျမန္ျမန္ေလာင္ကြ်မ္းေစဖုိ႔ကူညီေပးႏုိင္ပါတယ္။

*ၾကက္သြန္နီ

ၾကက္သြန္နီက ကယ္လိုရီနည္းပါးတဲ႔အတြက္ သင့္ရဲ ႔diet မွာထည့္ထားသင့္တဲ႔အစားအစာတစ္မ်ိဳးပါ။ဟင္းခ်က္တဲ႔ေနရာမွာျဖစ္ေစ၊အသုပ္သုပ္စားတဲ႔အခါမွာျဖစ္ေစ ၾကက္သြန္နီမ်ားမ်ားထည့္စားမယ္ဆုိရင္ က်န္းမာေရးနဲ႔လည္းညီညြတ္ျပီး အဆီေလာင္ကြ်မ္းမႈကုိအေထာက္အကူျပဳပါတယ္။

*သခြားသီး
သခြားသီးမွာေရဓာတ္အျပည့္ပါ၀င္တာေၾကာင့္ ဗိုက္ကိုအဆာေျပေစျပီး ထမင္းနဲ႔စားရင္ ထမင္းလည္းအမ်ားၾကီးမစားမိေတာ့ဘူးေပါ့။ထမင္းစားတာလည္းနည္းမယ္၊သခြားသီးမွာလည္း ေရဓာတ္က အျပည့္ပါေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ႔ Diet လုပ္မယ္ဆုိရင္သခြားသီးကိုလည္းစားဖုိ႔ေမ့ထားလုိ႔မရဘူးေနာ္။ေရမ်ားမ်ားေသာက္ေပးတာက အူရွင္းသလိုျဖစ္ေစတယ္ဆုိတာအားလံုးသိျပီးသားပါ။ သခြားသီးစားေပးတာကလည္းေရေသာက္တာနဲ႔အတူတူပါပဲ။အူကုိသန္႔စင္ေပးပါတယ္။

*ဖရံုသီး

ေရႊဖရံုသီးမွာ ဗီတာမင္စီပါ၀င္လုိ႔ ကုိယ္ခံစြမ္းအားကုိျမွင့္တင္ေပးပါတယ္။ခႏၶာကုိယ္ဇီ၀ျဖစ္စဥ္လည္ပတ္မႈ တုိးတက္ျမန္ဆန္လာတဲ႔အခါ ကုိယ္အေလးခ်ိန္က်ဖုိ႔ကုိလည္းအေထာက္အကူျပဳပါတယ္။ဒါေၾကာင့္ ဒီအသီးအႏွံေတြကုိတစ္ပတ္အတြင္း တစ္လွည့္စီစားေပးမယ္ဆုိရင္ဗုိက္ကအဆီေတြမက်မွာစုိးရိမ္စရာမလိုေတာ့ပါဘူး။

*ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးမွာလည္း ဗီတာမင္စီနဲ႔ကယ္လ္စီယမ္ဓာတ္ပါ၀င္လုိ႔ လိုအပ္တဲ႔အာဟာရဓာတ္ကုိလည္းျပည့္၀ေစျပီး အဆီေတြလည္းျမန္ျမန္ေလာင္ကြ်မ္းေစပါတယ္။ဗီတာမင္စီနဲ႔ကယ္လ္စီယမ္ဓာတ္က ဗုိက္ကအဆီေတြကုိေခ်ဖ်က္ေပးႏုိင္စြမ္းအျပည့္ရွိပါတယ္။

*တရုတ္နံနံပင္

သခြားသီးလိုပဲ တရုတ္နံနံပင္ကလည္းေရဓာတ္အမ်ားအျပားပါ၀င္တာ ေတာ္ေတာ္မ်ားမ်ားမသိၾကပါဘူး။တရုတ္နံနံပင္က ေသးငယ္သလုိ ကယ္လိုရီလညး္အနည္းငယ္ပဲပါ၀င္ပါတယ္။ဒါေပမဲ႔ ေရဓာတ္ျပည့္၀စြာပါ၀င္တဲ႔အတြက္ ဗုိက္အဆီခ်ခ်င္လို႔ျဖစ္ေစ၊ကုိယ္အေလးခ်ိန္ခ်ခ်င္လို႔ျဖစ္ေစ တရုတ္နံနံပင္ကုိစားေပးသင့္ပါတယ္။

ဒီအသီးအရြက္ေလးေတြကုိ တစ္လွည့္စီစားေပးမယ္ဆုိရင္ ဗုိက္မွာရွိေနတဲ႔အဆီေတြက်သြားမယ္ဆုိေပမဲ့ ကုိယ့္ရဲ႔ဗုိက္ပူပူေလးအေနအထားေပၚမူတည္ပါေသးတယ္။ကုိယ္က နည္းနည္းပဲပူတယ္ဆုိရင္ေတာ့ တစ္ပတ္ေလာက္နဲ႔က်ႏုိင္ေပမဲ႔ ကုိယ္က ဗုိက္ေလးခပ္ပူပူဆုိ တစ္ပတ္နဲ႔ေတာ့ မက်ပါဘူးလို႔၊ပံုမွန္ေလးဒီအသီးအရြက္ေတြစားေပးမယ္ဆုိ တစ္လနီးပါးၾကာရင္ေတာ့ ဗုိက္ေလးသိသိသာသာက်သြားတာကုိေတြ႔ရမွာပါ။Fighting…😉

Unicode

ဗိုက်မှာအဆီတွေစုပြီး ဗိုက်လေးပူနေတာကို ဘယ်မိန်းကလေးမှသဘောမကျပါဘူးနော်။တစ်ချို့မိန်းကလေးတွေကျတော့ ဗိုုက်လေးပဲကွက်ပူနေပြီး ကျန်တဲ့နေရာတွေကျတော့ အဆီပိုမရှိပါဘူး။အဲ့ဒီတော့ဗိုက်လေးပဲကွက်ပြီးဝိတ်ချဖို့လိုနေတာပေါ့။Gym မှာသွားကစားတာလည်းကောင်းသလို အခုပြောပြမယ့်ဟင်းသီးဟင်းရွက်တွေကိုပါစားပေးမယ်ဆိုရင် တစ်ပတ်အတွင်းကျသင့်တာထက် ပိုပြီးဗိုက်အဆီတွေကျသွားမယ်ဆိုတာယုံ။အသီးအရွက်တိုင်းက ၀ိတ်ကျတာမဟုတ်ပါဘူး။တစ်ချို့ဟင်းသီးဟင်းရွက်တွေက အာဟာရပြည့်ဝပေမဲ့ အဆီကိုထိထိရောက်ရောက်မချေဖျက်နိုင်ပါဘူး။အဲ့ဒါကြောင့် စာဖတ်သူတွေအတွက် အချိန်ကာလအနည်းငယ်အတွင်း ဗိုက်ကအဆီပိုတွေကိုယူပစ်လိုက်သလို ပျောက်သွားစေမယ့်ဟင်းသီးဟင်းရွက်တွေကို မျှဝေပေးချင်ပါတယ်။

*ငရုတ်သီးများ
ကနေဒီယန်လူမျိုးတွေရဲ ့လေ့လာချက်တစ်ခုအရ ငရုတ်သီးတွေမှာပါဝင်တဲ့ဓာတ်တစ်မျိုးဟာ အစားစားချင်စိတ်ကိုလျှော့ချပေးနိုင်သလို အဆီလောင်ကျွမ်းမှုနှုန်းကိုလည်း ပိုမြှင့်လာစေပါတယ်တဲ့။

*အစိမ်းရောင်ငရုတ်ပွသီး
အစိမ်းရောင်ငရုတ်ပွသီးဟာလည်း ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပြီး အဆီမြန်မြန်လောင်ကျွမ်းစေဖို့ကူညီပေးနိုင်ပါတယ်။

*ကြက်သွန်နီ
ကြက်သွန်နီက ကယ်လိုရီနည်းပါးတဲ့အတွက် သင့်ရဲ ့diet မှာထည့်ထားသင့်တဲ့အစားအစာတစ်မျိုးပါ။ဟင်းချက်တဲ့နေရာမှာဖြစ်စေ၊အသုပ်သုပ်စားတဲ့အခါမှာဖြစ်စေ ကြက်သွန်နီများများထည့်စားမယ်ဆိုရင် ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အဆီလောင်ကျွမ်းမှုကိုအထောက်အကူပြုပါတယ်။

*သခွားသီး
သခွားသီးမှာရေဓာတ်အပြည့်ပါဝင်တာကြောင့် ဗိုက်ကိုအဆာပြေစေပြီး ထမင်းနဲ့စားရင် ထမင်းလည်းအများကြီးမစားမိတော့ဘူးပေါ့။ထမင်းစားတာလည်းနည်းမယ်၊သခွားသီးမှာလည်း ရေဓာတ်က အပြည့်ပါတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet လုပ်မယ်ဆိုရင်သခွားသီးကိုလည်းစားဖို့မေ့ထားလို့မရဘူးနော်။ရေများများသောက်ပေးတာက အူရှင်းသလိုဖြစ်စေတယ်ဆိုတာအားလုံးသိပြီးသားပါ။ သခွားသီးစားပေးတာကလည်းရေသောက်တာနဲ့အတူတူပါပဲ။အူကိုသန့်စင်ပေးပါတယ်။

*ဖရုံသီး
ရွှေဖရုံသီးမှာ ဗီတာမင်စီပါဝင်လို့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါတယ်။ခန္ဓာကိုယ်ဇီဝဖြစ်စဉ်လည်ပတ်မှု တိုးတက်မြန်ဆန်လာတဲ့အခါ ကိုယ်အလေးချိန်ကျဖို့ကိုလည်းအထောက်အကူပြုပါတယ်။ဒါကြောင့် ဒီအသီးအနှံတွေကိုတစ်ပတ်အတွင်း တစ်လှည့်စီစားပေးမယ်ဆိုရင်ဗိုက်ကအဆီတွေမကျမှာစိုးရိမ်စရာမလိုတော့ပါဘူး။

*ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာလည်း ဗီတာမင်စီနဲ့ကယ်လ်စီယမ်ဓာတ်ပါဝင်လို့ လိုအပ်တဲ့အာဟာရဓာတ်ကိုလည်းပြည့်ဝစေပြီး အဆီတွေလည်းမြန်မြန်လောင်ကျွမ်းစေပါတယ်။ဗီတာမင်စီနဲ့ကယ်လ်စီယမ်ဓာတ်က ဗိုက်ကအဆီတွေကိုချေဖျက်ပေးနိုင်စွမ်းအပြည့်ရှိပါတယ်။

*တရုတ်နံနံပင်
သခွားသီးလိုပဲ တရုတ်နံနံပင်ကလည်းရေဓာတ်အများအပြားပါဝင်တာ တော်တော်များများမသိကြပါဘူး။တရုတ်နံနံပင်က သေးငယ်သလို ကယ်လိုရီလညး်အနည်းငယ်ပဲပါဝင်ပါတယ်။ဒါပေမဲ့ ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် ဗိုက်အဆီချချင်လို့ဖြစ်စေ၊ကိုယ်အလေးချိန်ချချင်လို့ဖြစ်စေ တရုတ်နံနံပင်ကိုစားပေးသင့်ပါတယ်။

ဒီအသီးအရွက်လေးတွေကို တစ်လှည့်စီစားပေးမယ်ဆိုရင် ဗိုက်မှာရှိနေတဲ့အဆီတွေကျသွားမယ်ဆိုပေမဲ့ ကိုယ့်ရဲ့ဗိုက်ပူပူလေးအနေအထားပေါ်မူတည်ပါသေးတယ်။ကိုယ်က နည်းနည်းပဲပူတယ်ဆိုရင်တော့ တစ်ပတ်လောက်နဲ့ကျနိုင်ပေမဲ့ ကိုယ်က ဗိုက်လေးခပ်ပူပူဆို တစ်ပတ်နဲ့တော့ မကျပါဘူးလို့၊ပုံမှန်လေးဒီအသီးအရွက်တွေစားပေးမယ်ဆို တစ်လနီးပါးကြာရင်တော့ ဗိုက်လေးသိသိသာသာကျသွားတာကိုတွေ့ရမှာပါ။Fighting…

454 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.