Kim Woo Bin ရဲ့လတ်တလော ကျန်းမာရေးအခြေအနေအကြောင်း ပြောပြလာတဲ့ Ahn Bo Hyun

Radio Star အစီစဉ်မှာ Ahn Bo Hyunက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Kim Woo Bin အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မော်ဒယ်သင်တန်းကျောင်းတက်တည်းက သိခဲ့ကြတာပါ။

Image result for Ahn Bo Hyun and Kim Woo Bin

” သရုပ်ဆောင်တွေအများကြီးထဲမှာ Kim Woo Bin နဲ့ ကျွန်တော်အခင်ဆုံးဖြစ်နေတာက သူနဲ့ မော်ဒယ်သင်တန်းမှာတည်းက သိခဲ့တာပါ။” – Ahn Bo Hyun

သူတို့နှစ်ယောက်လုံးကို ပရိတ်သတ်တွေ စသိချိန်တည်းက နှစ်ယောက်လုံးရဲ့ဆက်ဆံရေးက အရင်ကထက် ပိုပြီးရင်းနှီးလာတယ်။ Ahn Bo Hyun စစ်မှုထမ်းနေချိန်တွေဆို Kim Woo Bin ကအလည်လာလေ့ရှိပါတယ်။ သူအလုပ်တွေအများကြီး ကြိုးစားနိုင်အောင်လည်း Kim Woo Bin ကကောင်းကောင်းအားပေးခဲ့တယ်လို့ သိရပါတယ်။

Image result for Ahn Bo Hyun and Kim Woo Bin

မကြာသေးခင်က သူတို့နှစ်ယောက်ဖုန်းပြောဖြစ်ခဲ့ကြတယ်။ ကိုယ်စီအလုပ်တွေနဲ့ဆိုတော့ အဆက်ပြတ်နေတာ လအနည်းငယ်တော့ရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့အသံကိုကြားလိုက်ချိန်မှာAhn Bo Hyun ငိုမိခဲ့တယ်တဲ့။ Radio Star အစီစဉ်မှာ Bo Hyun လည်းပါဝင်ရမယ်ဆိုတော့ သူလည်းဝမ်းသာနေတယ်လို့ ပြောပါတယ်။

Related image

Kim Woo Bin က nasopharyngeal ကင်ဆာအတွက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။အသံကတော့ အခြေအနေကောင်းလာတဲ့ပုံပါပဲ။ အရင်ထက် အများကြီးသက်သာလာတယ်လို့ သူပြောပါတယ်။

Image result for Cha Tae Hyun host in radio star

ဒီအစီစဉ်ရဲ့Host ဖြစ်တဲ့ Cha Tae Hyun က Kim Woo Bin ကျန်းမာပြီး ဆံပင်တွေအရှည်ကြီးထားတော့မှာပေါ့လို့ နောက်ပြီးတော့ ပြောခဲ့ပါသေးတယ်။ ကျန်းမာရေးအခြေအနေ ကောင်းလာပြီဆိုတော့ ပရိတ်သတ်တွေလည်း သူတို့အချစ်တော် မင်းသားလေးကို ပြန်တွေ့ရဖို့အတွက် စိတ်လှုပ် ရှားနေပါပြီ။

66 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.