လတ္တေလာအနုပညာလႈပ္ရွားမႈနဲ႔အခ်စ္ေရးအေၾကာင္းေျပာျပလာတဲ႔ Lee Da Hae

“My Girl”ဆုိတဲ႔ကုိရီးယားဇာတ္လမ္းတြဲေလးကုိ ပရိသတ္ေတြေကာင္းေကာင္းသိၾကဦးမယ္ထင္ပါတယ္။အဲ႔ဒီဇာတ္ကားထဲက မင္းသမီးေခ်ာေလး Lee Da Hae ကိုေတာ့ ရုပ္သံဇာတ္လမ္းတြဲေတြမွာ ခပ္စိပ္စိပ္မေတြ႔ရဘူးဆုိေပမဲ႔လည္း သူမထြက္ရွိျပီးသားဇာတ္ကားေတြျဖစ္တဲ႔ Hotel King ၊ Iris ၊ Miss Ripley ၊ The Slave Hunters ၊ Green Rose စတဲ႔ဇာတ္ကားေတြဟာ ပရိသတ္ၾကိဳက္ဇာတ္ကားေတြျဖစ္ခဲ႔တာခ်ည္းပါပဲ။ကုိရီးယားႏုိင္ငံမွာသာမက သူမက တရုတ္ႏုိင္ငံမွာလည္း ေက်ာ္ၾကားတဲ႔မင္းသမီးတစ္လက္ပါ။

ၾသဂုတ္လ ၇ရက္ေန႔က SBS’s “Night of Real Entertainment” ကေန Lee Da Hae ကုိ အင္တာဗ်ဴးခဲ႔ပါတယ္။နာမည္ေက်ာ္အလွကုန္ပစၥည္းတစ္မ်ိဳးကုိေၾကာ္ျငာေနတုန္း အင္တာဗ်ဴးေမးခဲ႔တာပဲျဖစ္ပါတယ္။တရုတ္ႏုိင္ငံရဲ ႔အလွကုန္ပစၥည္းေတြေၾကာ္ျငာေပးတဲ႔ေမာ္ဒယ္လ္အျဖစ္ သူမက ၅ႏွစ္တုိင္တုိင္လုပ္လာခဲ႔တာပါ။”ငါးႏွစ္လံုးလံုး ေၾကာ္ျငာရုိက္ကူးေပးခဲ႔သလုိ ႏွစ္တုိင္းေရာင္းရေငြက ၃၀ရာခိုင္ႏႈန္းတုိးလာတယ္လုိ႔ တရုတ္ႏုိင္ငံရဲ႔အလွကုန္တာ၀န္ရွိသူေတြကေျပာခဲ႔ျပီး သူမကုိ ဆက္ျပီးကမ္းလွမ္းခဲ႔တာပဲျဖစ္တယ္”လုိ႔ေျပာျပခဲ႔ပါတယ္။

လြန္ခဲ႔တဲ႔ ၆ႏွစ္ကတည္းက တရုတ္ဒရာမာဇာတ္လမ္းတဲြေတြမွာပါ၀င္သရုပ္ေဆာင္ခဲ႔တာျဖစ္ျပီး အဲ႔ဒီကစ တရုတ္ပရိသတ္ေတြရဲ ႔အခိုင္အမာအားေပးမႈကိုရရွိခဲ႔ပါတယ္။ဒါ့အျပင္ LETV Movie မွာ အေကာင္းဆံုးမင္းသမီးဆုရခဲ႔တဲ႔ ပထမဆံုးကုိရီးယားမင္းသမီးလည္းျဖစ္ပါတယ္။သူမရဲ ႔နာမည္ေက်ာ္
ၾကားမႈနဲ႔ပတ္သက္ျပီးေမးျမန္းၾကည့္တဲ႔အခါမွာ ” ‘My Girl’ ဇာတ္လမ္းတြဲက တရုတ္ႏုိင္ငံမွာအရမ္းကုိအၾကီးအက်ယ္ေအာင္ျမင္ခဲ႔ပါတယ္။အဲ႔ဒီဇာတ္လမ္းတြဲေၾကာင့္ ပရိသတ္ေတြအမ်ားၾကီးက သူမကုိမွတ္မိလာတဲ့အတြက္အရမ္းလည္းေက်းဇူးတင္ပါတယ္”လုိ႔ေျပာခဲ႔ပါေသးတယ္။

သူမရဲ ႔အလွအပနဲ႔ပတ္သက္ျပီး ကိုယ့္ကုိယ့္ကုိယ္လွတယ္၊ေခ်ာေမာတယ္ဆုိျပီးထင္ခဲ႔ဖူးတဲ႔အခိုက္အတန္႔ေတြရွိခဲ႔လားဆုိျပီးေမးျမန္းခဲ႔တဲ႔အခါမွာေတာ့”အရင္တုန္းကေတာ့ အဲ႔ဒီလုိ ကုိယ့္ကုိယ့္ကုိယ္ေခ်ာတယ္လွတယ္ဆုိျပီးေတြးေတာခဲ႔မိတဲ႔အခ်ိန္ေတြရွိခဲ႔မယ္ထင္ပါတယ္။ဒါေပမဲ႔ အခုေတာ့ အဲ႔ဒီလုိမေတြးမိေတာ့ပါဘူး။အခုရက္ပုိင္းေတြမွာ ေခါင္းေလ်ွာ္တဲ႔အခါတိုင္း ဆံပင္ေတြအမ်ားၾကီးကြ်တ္လာတယ္။အေတာ္ေလးလည္းအံ႔အားသင့္စုိးရိမ္မိပါတယ္။ဆံပင္မကြ်တ္တဲ႔ေခါင္းေလ်ွာ္ရည္ရွာဖုိ႔ေတာင္လိုေနျပီလားမသိဘူး”ဆုိျပီးေျပာခဲ႔ပါတယ္။အခ်စ္ေရးကေတာ့ ေအးေဆးပါပဲတဲ႔။သံုးနွစ္တာခ်စ္သူသက္တမ္းရွိေနျပီျဖစ္တဲ႔ အဆိုေတာ္ Se7en နဲ႔ သာသာယာယာပဲလို႔ေျဖခဲ႔ပါတယ္။

အခုလက္ရွိမွာေတာ့ Best Lover ဆိုတဲ႔တရုတ္ဇာတ္လမး္တြဲကုိ တရုတ္မင္းသားအဆုိေတာ္ျဖစ္တဲ႔ Zhou Mi ၊တရုတ္မင္းသမီး Wang Qiuzi တုိ႔နဲ႔တြဲဖက္ရုိက္ကူးေနပါတယ္။ဒီဇာတ္လမ္းတြဲက ၂၀၁၆ခုႏွစ္ကတည္းကစျပီးရုိက္ကူးလာတာလည္းျဖစ္ပါတယ္။ဇာတ္ကားအေနနဲ႔ေတာ့ Nice Witch ဆုိတဲ႔ ဇာတ္ကားကုိ မင္းသား Ryu Soo-young နဲ႔တြဲဖက္ရိုက္ကူးထားျပီး ပရိသတ္ေတြရဲ ႔အားေပးမႈလည္းရရွိထားပါတယ္။

Unicode

“My Girl”ဆိုတဲ့ကိုရီးယားဇာတ်လမ်းတွဲလေးကို ပရိသတ်တွေကောင်းကောင်းသိကြဦးမယ်ထင်ပါတယ်။အဲ့ဒီဇာတ်ကားထဲက မင်းသမီးချောလေး Lee Da Hae ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ခပ်စိပ်စိပ်မတွေ့ရဘူးဆိုပေမဲ့လည်း သူမထွက်ရှိပြီးသားဇာတ်ကားတွေဖြစ်တဲ့ Hotel King ၊ Iris ၊ Miss Ripley ၊ The Slave Hunters ၊ Green Rose စတဲ့ဇာတ်ကားတွေဟာ ပရိသတ်ကြိုက်ဇာတ်ကားတွေဖြစ်ခဲ့တာချည်းပါပဲ။ကိုရီးယားနိုင်ငံမှာသာမက သူမက တရုတ်နိုင်ငံမှာလည်း ကျော်ကြားတဲ့မင်းသမီးတစ်လက်ပါ။

သြဂုတ်လ ရရက်နေ့က SBS’s “Night of Real Entertainment” ကနေ Lee Da Hae ကို အင်တာဗျူးခဲ့ပါတယ်။နာမည်ကျော်အလှကုန်ပစ္စည်းတစ်မျိုးကိုကြော်ငြာနေတုန်း အင်တာဗျူးမေးခဲ့တာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ ့အလှကုန်ပစ္စည်းတွေကြော်ငြာပေးတဲ့မော်ဒယ်လ်အဖြစ် သူမက ၅နှစ်တိုင်တိုင်လုပ်လာခဲ့တာပါ။”ငါးနှစ်လုံးလုံး ကြော်ငြာရိုက်ကူးပေးခဲ့သလို နှစ်တိုင်းရောင်းရငွေက ၃ဝရာခိုင်နှုန်းတိုးလာတယ်လို့ တရုတ်နိုင်ငံရဲ့အလှကုန်တာဝန်ရှိသူတွေကပြောခဲ့ပြီး သူမကို ဆက်ပြီးကမ်းလှမ်းခဲ့တာပဲဖြစ်တယ်”လို့ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆နှစ်ကတည်းက တရုတ်ဒရာမာဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီကစ တရုတ်ပရိသတ်တွေရဲ ့အခိုင်အမာအားပေးမှုကိုရရှိခဲ့ပါတယ်။ဒါ့အပြင် LETV Movie မှာ အကောင်းဆုံးမင်းသမီးဆုရခဲ့တဲ့ ပထမဆုံးကိုရီးယားမင်းသမီးလည်းဖြစ်ပါတယ်။သူမရဲ ့နာမည်ကျော်
ကြားမှုနဲ့ပတ်သက်ပြီးမေးမြန်းကြည့်တဲ့အခါမှာ ” ‘My Girl’ ဇာတ်လမ်းတွဲက တရုတ်နိုင်ငံမှာအရမ်းကိုအကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းတွဲကြောင့် ပရိသတ်တွေအများကြီးက သူမကိုမှတ်မိလာတဲ့အတွက်အရမ်းလည်းကျေးဇူးတင်ပါတယ်”လို့ပြောခဲ့ပါသေးတယ်။

သူမရဲ ့အလှအပနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ့်ကိုယ်လှတယ်၊ချောမောတယ်ဆိုပြီးထင်ခဲ့ဖူးတဲ့အခိုက်အတန့်တွေရှိခဲ့လားဆိုပြီးမေးမြန်းခဲ့တဲ့အခါမှာတော့”အရင်တုန်းကတော့ အဲ့ဒီလို ကိုယ့်ကိုယ့်ကိုယ်ချောတယ်လှတယ်ဆိုပြီးတွေးတောခဲ့မိတဲ့အချိန်တွေရှိခဲ့မယ်ထင်ပါတယ်။ဒါပေမဲ့ အခုတော့ အဲ့ဒီလိုမတွေးမိတော့ပါဘူး။အခုရက်ပိုင်းတွေမှာ ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်တွေအများကြီးကျွတ်လာတယ်။အတော်လေးလည်းအံ့အားသင့်မိပါတယ်။ဆံပင်မကျွတ်တဲ့ခေါင်းလျှော်ရည်ရှာဖို့တောင်လိုနေပြီလားမသိဘူး”ဆိုပြီးပြောခဲ့ပါတယ်။အချစ်ရေးကတော့ အေးဆေးပါပဲတဲ့။သုံးနှစ်တာချစ်သူသက်တမ်းရှိနေပြီဖြစ်တဲ့ အဆိုတော် Se7en နဲ့ သာသာယာယာပဲလို့ဖြေခဲ့ပါတယ်။

အခုလက်ရှိမှာတော့ Best Lover ဆိုတဲ့တရုတ်ဇာတ်လမး်တွဲကို တရုတ်မင်းသားအဆိုတော်ဖြစ်တဲ့ Zhou Mi ၊တရုတ်မင်းသမီး Wang Qiuzi တို့နဲ့တွဲဖက်ရိုက်ကူးနေပါတယ်။ဒီဇာတ်လမ်းတွဲက ၂၀၁၆ခုနှစ်ကတည်းကစပြီးရိုက်ကူးလာတာလည်းဖြစ်ပါတယ်။ဇာတ်ကားအနေနဲ့တော့ Nice Witch ဆိုတဲ့ ဇာတ်ကားကို မင်းသား Ryu Soo-young နဲ့တွဲဖက်ရိုက်ကူးထားပြီး ပရိသတ်တွေရဲ ့အားပေးမှုလည်းရရှိထားပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.