ပရီးမီးယားလိဂ်မှာ အခြေမလှဖြစ်နေတဲ့ မန်ယူရဲ့ ကွင်းလယ်ဖန်တီးရှင်အပိုင်း လစ်ဟာမှုအပေါ် ပြောနေဆိုနေခဲ့ ကြတာ ပေါလ်စခိုးလ်အနားယူသွားပြီးချိန်ကတည်းကဖြစ်ပါတယ်။ ဖယ်လိုင်နီကိုဝယ်ခဲ့ပေမယ့်လည်း ဒီဘယ်လ် ဂျီယံသားက ထင်သလောက်မဟုတ်တာကြောင့် ကွင်းလယ်ကနေ ဂိုးဖန်တီးနိုင်မှုအပိုင်းမှာ ထိပ်တန်းအဆင့်ရှိ မနေခဲ့ပါဘူး။ အခုဆိုရင် ဇန်န၀ါရီအပြောင်းအရွေ့ဈေးကွက်ကာလထဲကို တဖြည်းဖြည်းရောက်ရှိလာနေခဲ့ပြီဖြစ် တာကြောင့် ဘောလုံးသမားအပြောင်းအရွေ့သတင်းတွေ များစွာတွေ့လာနေရပြီး ဒီအထဲမှာ စိတ်ဝင်စားမိတဲ့သ တင်းတစ်ပုဒ်ကတော့ တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းမှာ ကစားနေတဲ့ နယ်သာလန်ကွင်းလယ် ဖန်တီးရှင် ၀က်စလေရှနိုက်ဒါက မန်ယူမှာ ပြောင်းကစားခွင့်ရခဲ့မယ်ဆိုရင် သူလက်ရှိရနေတဲ့ တစ်နှစ်ပေါင်(၄) သန်းကနေ (၁)သန်းတိတိလျော့ယူမယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ အမှန်တော့ ဖာဂူဆန်ရှိစဉ်ကတည်းက အင်တာမီလန်မှာ ကစားနေတဲ့ ရှနိုက်ဒါကို ခေါ်ယူနိုင်လုနီးနီးအခြေအနေအထိ ရောက်ခဲ့ဖူးပြီး နောက်ဆုံးမှာ
လစာပြသနာကြောင့်ပဲ ပျက်ပြားသွားခဲ့ရတာဖြစ်ပါတယ်။
(၂၉)နှစ်အရွယ် နယ်သာလန်ကွင်းလယ်ကစားသမားဟာ ဂါလာတာစာရေးမှာ နေရာမရဖြစ်နေတာကြောင့် မကြာခင်မှာ စတင်တော့မှာဖြစ်တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်လက်ရွေးစင်အသင်းမှာ ပါဝင် ခွင့်မရမှာကို အတော်လေးစိုးရိမ်နေဟန်တူပါတယ်။ သူ့အသက်အရွယ်နဲ့ဆိုရင် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးအခွင့်အရေးလဲ ဖြစ်လာနိုင်တာကြောင့် မန်ယူကိုပြောင်းခွင့်လိုလားနေဟန်ရှိပါတယ်။ သူနဲ့ တစ်နိုငှ်ုံ့တည်းအသင်းဖော် မန်ယူတိုက်စစ်မှူး ဗန်ပါဆီကလည်း ရှနိုက်ဒါဟာ ကွင်းလယ်မှာ ဖန်တီးမှုမြင့်မားတဲ့ က စားသမားတစ်ဦးဖြစ်တာကြောင့် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အကောင်းဆုံးအကျိုးပြုနိုင်ပါလိမ့် မယ်လို့ မှတ်ချက်ပြုထားလေရဲ့ . . .။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။