မိခင်ကောင်းတစ်ယောက်ဖြစ်လာပြီလို့ Kyile ကို ချီးကျုးလိုက်တဲ့ Kendall Jenner

တူမလေးဖြစ်တဲ့ Stormi Webster နဲ့လည်း သံယောဇဉ်တွေ တွယ်နေပြီလို့ Kendall ကဆိုပါတယ်။

ကိုယ်ပိုင် စီးပွားရေးတစ်ခုကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်ပြီး အခုဆို ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးနဲ့ အတည်တကျဖြစ်နေတဲ့ ညီမ Kyile Jenner နဲ့ပတ်သတ်ပြီး Kendall က ခုလို ဖွင့်ပြောလာပါတယ်။

Kyile ကမျှော်လင့်ထားတာထက်ကို အများကြီး အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခဲ့တယ်တဲ့။ The Keeping Up With The Kardashians တီဗီအစီစဉ်မှာ Kardashian–Jenner တို့ရဲ့မိသားစုအကြောင်းလေးကို စကားစမြည်ပြောခဲ့ပါတယ်။ Kyile အနေနဲ့ မိခင်တစ်ယောက်လုပ်ဖို့ အဆင်သင့်မဖြစ်လောက်သေးဘူးလို့ ထင်ထားခဲ့ကြတယ်။

” ကျွန်မတို့ငယ်ငယ်လေးတည်းက အခုချိန်ထိ အတူတူကြီးပြင်းခဲ့ပေမယ့် သူမဒီလောက်ထိ ကောင်းကောင်းလုပ်နိုင်မယ်လို့ မထင်ထားဘူး။ အမေကောင်းတစ်ယောက်အဖြစ် မြင်ရလို့ ကျွန်မ Kyile အတွက် ဂုဏ်ယူပါတယ်”

” ကျွန်မလည်း ကလေးချစ်တတ်တော့ သူ့ကိုမြင်ပြီး ကလေးလိုချင်စိတ်ပေါက်တယ်” လို့ Kendall ကဆိုပါတယ်။

အဲ့ဒါနဲ့ Kris Jenner က ” သမီးမှာ အချိန်တွေရှိပါသေးတယ်.. အမေဆို အသက် ၂၂လောက်မှ
ကလေးယူခဲ့တာပါ။ ” လို့ ဝင်ပြောတယ်။

” ကျွန်မရဲ့တူတွေ ၊ တူမတွေ အားလုံးကိုချစ်ပါတယ်။ သူတို့ကို အချစ်တွေပေးနိုင်တဲ့အတွက်လည်းဝမ်းသာတယ်။ ဒါပေမယ့် Stormi လေးကိုတော့ ကျွန်မအထူးတလည် သံယောဇဉ်ပိုဖြစ်မိတယ်။ ဟိုတနေ့က နေ့လည်စာ သွားစားတော့ ကျွန်မတို့ထိုင်နေချိန် Stormi က ကျွန်မကို ခင်တာတွေ့ရတယ်။ အဲ့ဒီတုန်းက တော်တော်ပျော်တယ်” လို့ Kendall က ပြုံးရွှင်လျက်ပြောပြခဲ့ပါတယ်။

” အမှန်တိုင်းဝန်ခံရရင် အခြားညီမတွေထက် Kyile ကလေးအမေဖြစ်သွားတော့ ကျွန်မရင်ထဲ တစ်ခုခုကွာခြားသွားတာတော့ ခံစားရတယ်။ အရမ်းလည်း စိတ်လှုပ်ရှားရတယ်။ သူမက ကျွန်မနဲ့အတူတူကြီးပြင်းလာတဲ့ ညီမလည်းဖြစ်တာကိုး (She’s my baby sister) ”လို့ ပြောသွားတဲ့အခိုက်တန့်လေးက သူတို့ညီမနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို တွေ့မြင်နေရပါတယ်။

110 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.