ချစ်တယ်ဆိုတိုင်း ကိုယ့်ရဲ့personal ကိစ္စကို ပေးမသိသင့်တာတွေရှိတယ်

သေချာ တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါ။ သူနဲ့တွဲရတာ မင်းအတွက် ဘယ်လောက်ထိ လွတ်
လပ်လဲဆိုတာ။ တစ်ခါတစ်လေ လူတွေဟာ ချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် ပြန်ပြီးပိတ်လှောင်ထား တတ်ကြပါတယ်။ အတွဲတွေကြားမှ အဖြစ်များနေတာက မလိုအပ်ပဲ သဝန်တို ၊ ဘာမှမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ စိတ်တွေပင်ပန်း ၊ ကြာလာတော့ ပြဲရယ် ကွဲရယ်နဲ့ ။

တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်အချိန် ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေလိုက်မစွတ်ဖက်ပဲ သူ့စိတ်ကြိုက် သူ့သဘောတိုင်းနေနိုင်အောင် လွှတ်ထားပေးနိုင်လောက်ထိ သဘောထားကြီးပေးနိုင်မယ်ဆို relationship တစ်ခုဟာ တော်တော်စိတ်ချမ်းသာရမယ်ထင်ပါတယ်။

ဘယ်လွှတ်ထားလို့ ဖြစ်မလဲ.. သူက နောက်ကွယ်မှာ မသိအောင်သစ္စာဖောက်ခဲ့ရင်ရော? လို့ မေး
ခွန်းထုတ်တော့မှာလား။ ကိုယ့် မျက်စိကွယ်ရာမှာတောင် စိတ်မချရတဲ့လူတစ်ယောက်ကို တစ်သက်လုံး စိတ်ဆင်းရဲခံပြီး လက်တွဲသွားမှာလား ? နောင်တမရခင် ခုတည်းက လက်လွှတ်လိုက်ရင် မင်းအတွက် ပိုကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ဆုံဖို့ အခွင့်ရေးပိုရမယ်ထင်တယ်။

သူ့ကိုချစ်ရင် သူ့ရဲ့စာရိတ္တ ၊ ကိုယ်ကျင့်တရား သိက္ခာတို့ကို လေးစားရမယ်။ တန်ဖိုးထားရမယ်။
သူ့ဟာသူ နေနေလည်း လိုက်ကပ်တဲ့သူတွေ ၊ စနိုက်ကြော်တွေရန်ကို ကြောက်ရတယ်လို့မပြောပါနဲ့၊ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ လာပြီး ဆွဲဆောင်ရုံနဲ့ စိတ်ယိုင်ပြီးပါသွားတတ်တဲ့ လူမျိုးဆိုလည်း သူ့အတွက် အမျှပေးလိုက်ပါ။ အစပိုင်းမှာတော့ မုန်းတီးရှက်ရွံ့စိတ်တွေနဲ့ အထားခံရတဲ့
ဖီလင်က မင်းကိုနာကျင်စေပါလိမ့်မယ်။ ပြီးရင်မှတ်ထားပါ.. ဘာပဲဖြစ်ဖြစ် ကောင်းဖို့ ဖြစ်လာတာလို့။

Pinterest//slunting

ဒီလို နောက်မီးလင်းတဲ့ ဇာတ်ရှုပ်တွေထက် ပိုပြီးကြီးမားတဲ့ ပြဿနာတွေ ၊ လောကဓံ မုန်တိုင်းတွေ
ခံရဦးမှာပါ။ ဘာမှမဟုတ်တဲ့ကိစ္စနဲ့ အချိန်ကုန်ခံနေမယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့်အရာ တစ်ခုပေါ်မှာ အသုံးချလိုက်ပါ။
အဓိကပြောချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်ခွင့်လေးပေး ၊ personal ကိစ္စတွေ လိုက်မစွတ်ဖက်ဘူးဆိုရင် တော်တော်လေးအဆင်ပြေနေမှာပါ။ တစ်ချို့ လင်မယားတွေဆို
နှစ်တွေ ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက်မှာ ကိုယ်ပိုင်ကိစ္စဆိုတာရှိတယ်။ လိုက်မစွတ်ဖက်ဘူး။ လင်မယားဆိုတိုင်း အရာရာပေးသိထားရမယ်လို့ ဘယ်သူမှ မပြောပါဘူး။

ချစ်ကြပါ.. အားရပါးရချစ်ကြပါ။ တစ်ယောက်ကို တစ်ယောက်စိတ်အားလျော့အောင် ၊ စိတ်ပင်ပန်း
အောင် မလုပ်ကြနဲ့ပေါ့ကွယ်။ လူ့ဘဝက တိုတိုလေးရယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.