ဒီဇင်ဘာလမို့ သွားစရာ၊ လာစရာတွေကလည်း များ။ ပါတီတွေ၊ ဒင်နာပွဲတွေက ဆက်တိုက်မို့ တစ်ခါတစ်လေ အိမ်မပြန်ဘဲ ရုံးကနေတန်းသွားရတဲ့ ညပွဲတွေတောင် ရှိသေး။ ပွဲမှာလည်း သန့်သန့်ပြန့်ပြန့်နဲ့ ကြည့်ကောင်းလိုက်တာဆိုတဲ့ အားလုံးရဲ့ အမှတ်ပေးခြင်းကိုလည်း ခံချင်သေး။ ပြင်ဆင်ဖို့ အချိန်ကလည်း မရှိ၊ ရှိနေရင်တောင် ဘာတွေဘယ်လိုစလုပ်ရမှန်းမသိ ဖြစ်ဖူးကြမှာပါ။ ဒါ့ကြောင့် ဘယ်လောက်ပဲ ကသီလင်တဖြစ်နေပါ စေ၊ အမျိုးသားတွေ ကိုယ့်ကိုယ်ကိုယ် အချိန်မီ အမိုက်စားပြင်ဆင်နိုင်ဖို့ သိထားရမယ့် အချက်ကလေးတွေကတော့
၁။မျက်နှာကို Scrub လုပ်ပါ။
ကိုယ့်ရဲ့အသားအရေ တင်းရင်းနေစေဖို့၊ ဖြူဖွေးဖို့ ကြည့်ကောင်းနေစေဖို့ အရင်နေ့တွေလို မျက်နှာသစ်ဆပ်ပြာသုံးမယ့်အစား ဒီနေ့တော့ Scrub လုပ်ပေးပါ။ မျက်လုံးတစ်ဝိုက်ကို ချန်ပြီး scrub လုပ်ပေးခြင်းအားဖြင့် အသားအရေက ပိုမို ကြည်လင်နေမှာပါ။
၂။အစိုဓာတ်ထိန်းပေးနိုင်တဲ့ moisturizer သုံးပါ။
ယောင်္ကျားလေးမို့လို့ အလှကုန်တွေ မသုံးရဘူး၊ skin care တွေ မသုံးရဘူးဆိုတဲ့ အတွေးအခေါ်တွေ ထားခဲ့လိုက်ပါ။ ခုလို ဆောင်းတွင်းမှာ အသားအရေကို ပိုလို့တောင် ဂရုစိုက်သင့်ပါသေးတယ်။ ဒါ့ကြောင့် အဆီများလွန်းတဲ့၊ ပြောင်ချောစေလွန်းတဲ့ moisturizer မျိုးကိုရှောင်ပြီး ကိုယ့်အသားအရေရဲ့ အစိုဓာတ်ကို ထိန်းပေးနိုင်မယ့် ခရင်မ်မျိုးကို လိမ်းပါ။
၃။ခေါင်းလျှော်ဖို့ အချိန်မရရင် အခြောက်လျှော် (dry shampoo) လျှော်ပါ။
အချိန်ရတယ်ဆိုရင်တော့ ခေါင်းလျှော်ပြီးမှသွားပေါ့။ အချိန်မရဘူးဆိုရင်တော့ Dry Shampoo လို့ ခေါ်တဲ့ အခြောက်လျှော်နည်းကို သုံးပြီး လျှော်လိုက်ပါ။ ပြီးတော့ ဆံပင်ကို အမိုက်စားဖြစ်အောင် Gel တစ်ခုခု လိမ်းလိုက်ပါ။
၎။ရေမွှေး၊ စပရေးသုံးဖို့ မမေ့ပါနဲ့။
ကိုယ့်ဘေးမှာရှိနေတဲ့လူတွေ၊ ခုမှ အသိမိတ်ဆွေဖြစ်လာမယ့်သူတွေ၊ ကိုယ့်သူငယ်ချင်း လုပ်ဖော် ကိုင်ဖက်တွေအားလုံးကို ကိုယ်လို့ အမြဲအမှတ်တရဖြစ်စေမယ့် အနံ့လေးတစ်ခု ပေးကြည့်လိုက်ပါလား။ အရေးအကြီးဆုံးတွေ တစ်ချက်ဖြစ်တဲ့ ရေမွှေး၊ ဒါမှမဟုတ် စပရေးလေးတော့ ပါတီမသွားခင် သုံးဖြစ်အောင် သုံးပါ။
၅။နှုတ်ခမ်းသားခြောက်ခြင်းမှ ကာကွယ်တဲ့အဆီလိမ်းပါ။
ရာသီဥတုက အေးလာပြီမို့ နှုတ်ခမ်းသားခြောက်ခြောက်ကြီးနဲ့တော့ ပါတီကို မသွားလိုက်ပါနဲ့။ ၀တ်ထားတာတော့ စမတ်ကျပါရဲ့။ မျက်နှာသွင်ပြင်ကလည်း ကြည့်ကောင်းနေပြီးမှ နှုတ်ခမ်းသားတွေက ခြောက်ပြီး ကွဲနေမယ်ဆိုရင် ဒါဟာ သိပ်မမိုက်ဘူးလေ။ အဲ့ဒါကြောင့် နှုတ်ခမ်းကိုလိမ်းတဲ့ အဆီတစ်မျိုးလောက် လိမ်းသွားလိုက်ရင် အိုကေပြီပေါ့။
Ref:mensxp.com