အခုခေတ်စုံတွဲတွေနဲ့အရင်ကစုံတွဲတွေရဲ့မတူညီတဲ့ထူးခြားချက်လေးတွေက😉😉😉
Unicode
ခေတ်ကာလတွေပြောင်းလဲလာတဲ့အခါ လူတွေရဲ့ယူဆချက်ခံယူချက်တွေဟာလည်းခေတ်နဲ့အညီပြောင်းလဲလာတတ်ကြတာသဘာဝပါပဲ။ ခေတ်ရေစီးကြောင်းပေါ်ကိုလိုက်ပြီး ပြောင်းလဲသွား
တဲ့ခြေနေတွေကိုငါတို့တုန်းကလိုမဟုတ်ဘူးဆိုပြီး တစ်ဖက်သတ်ကြီးအပြစ်ပြောလို့လည်းမရပြန်ပါဘူး။ ဒီလိုပြောင်းလဲလာတဲ့အရာတွေထဲမှာမှ အရင်ခေတ်ကစုံတွဲတွေနဲ့အခုခေတ်စုံတွဲတွေကြားထဲကခြားနားချက်လို့သတ်မှတ်လို့ရတဲ့ အရာလေးတွေကို လက်ရှိခေတ်အနေထားအမြင်နဲ့အနီးစပ်ဆုံးဖော်ပြပေးလိုက်ပါတယ်နော်…
(၁) တစ်ယောက်ရှေ့တစ်ယောက်ဟန်ရေးပြတတ်ကြတယ်၊ မပြတတ်ဘူး
အရင်ခေတ်ကစုံတွဲတွေကတစ်ယောက်အထင်ကြီးအောင်တစ်ယောက်လုပ်ယူပြီးနေတတ်ကြပါတယ်။ ပြောရရင်တော့တစ်ဖက်သားရဲ့စိတ်ကိုသိပ်ပြီးလိုက်ကြည့်တတ်ကြတာပါ။ အခုခေတ်ကတော့တော်တော်များများကိုယ့်Typeနဲ့ကိုက်ညီတာပဲတွဲတတ်ကြပြီး စိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ပုံမှန်ပဲနေတတ်ကြပါတယ်။
(၂) အစားသောက်စားတဲ့အခါတို့စိတ်ပြီးရှက်စိတ်နဲ့စားကြတယ်၊ ဆွဲစရာရှိတာအားရပါးရဆွဲတယ်
အစားသောက်တွေစားတေဲ့အခါ အရင်တုန်းကအတွဲတွေဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရှက်ကြောက်နေကြတာနဲ့တင် အစားစာကအရာယွင်းတယ်ရယ်မရှိပါဘူး။အခုခေတ်စုံတွဲတွေကတော့ နင်လည်းဆာပြီငါလည်းဆာနေပြီဆိုတာနဲ့တင် အဆင့်မြင့်တဲ့ဆိုင်မှ စားမယ်တွေဘာတွေရယ်မရှိဘူးတွေ့တဲ့နေရာမှာ စားချင်တာကို အားရပါးရခေါင်းမဖော်တမ်းဝင်စားလိုက်ကြတာပါပဲ။ ဒီတစ်ချက်တော့ရှယ်သဘောကျတယ်ဒီလိုတစ်ယောက်ရှေ့တစ်ယောက်အားရပါးရစားတတ်တဲ့အတွဲတွေတွေ့ရင် သိပ်သဘောကျတယ်၊ပွင့်လင်းတယ်လို့လည်းခံစာရတယ်။
(၃) မိသားစုဝင်တွေနဲ့တွေ့ပေးရမှာကြောက်တယ်၊ အေးဆေးပဲ
အရင်ကဆိုကိုယ့်မိဘသူနဲ့တွေ့ရင်ဘာပြောမလဲသဘောမတူပဲခွဲမလား ဘာလားစိုးရိမ်တတ်ကြတယ်။ အခုခေတ်မိဘတွေကတော့ ကန့်ကွက်တာရှားပါတယ်၊ မဖြစ်သင့်တာမဖြစ်အောင်ဆုံမတတ်ပြီးသူ့တို့မျက်စိရှေ့မှာတွဲသွားတွဲလာလုပ်လည်းခွင့်ပြုထားတတ်ကြတယ်။ သားမက်ကောင်း ချွေးမကောင်းရှားပါးတဲ့ခေတ်ထဲမှာ ကိုယ့်သားသမီးနဲ့သင့်တော်တယ်ထင်ရင်သိပ်စျေးဆစ်မနေတတ်တော့ဘူး။ စျေးဆစ်ပြီးအတင်းကြပ်လုပ်ရင် အခုခေတ်ကလေးတွေကဖြစ်ချင်တာဖြစ်ဆိုပြီးလုပ်တတ်ကြတာကိုသူတို့သိတာမလို့ သိပ်ပြီးဖိအားမပေးတတ်ကြပါဘူး။
(၄) အဆင်မပြေလို့ပြတ်မယ်ဆိုရင်ပတ်ဝန်းကျင်အမြင်ကိုအရမ်းအလေးထားတယ်၊ ကိုယ့်ဘာသာကိုယ်ပြတ်ချင်ထပြတ်လိုက်ကြတာပဲ
အရင်စုံတွဲတွေကပတ်ဝန်းကျင်ကိုသိပ်အလေးထားတယ် အလကားနေဒီပတ်ဝန်းကျင်ကပြောမှာဆိုမှာကိုပဲကြောက်နေတတ်ကြတာမျိုးပါ။ ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်သင့်သလောက်တော့စိုက်သင့်ပင်မဲ့ နေရာတကာလိုက်စိုက်နေရင်တော့ကိုယ့်ဘဝပဲပင်ပန်းတာပါပဲ။ အခုခေတ်အတွဲတွေကတော့ တစ်ယောက်နဲ့တွဲတယ် ပြတ်တယ် အိုကေဒီလိုရဲတင်းတာကိုကောင်းတယ်လို့မပြောချင်ပင်မဲ့ ကိုယ်နဲ့အဆင်မပြေလို့ပြတ်တာပြတ်ပါစေ လူသိလည်းသိပါစေ။ဘာအမှားယွင်းမှမဖြစ်ပဲပြတ်ခဲ့ကြတာပဲဆိုပြီးခေါင်းမော့ရင်ကော့ပြီးနေတတ်ကြတာလည်းဂုဏ်ယူစရာလို့ဆိုရမလားပါပဲ။
(၅) ချစ်သူဘဝမှာလျို့ဝှက်သိပ်သည်းတာများတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ဘော်ဒါတွေလိုပေါင်းတယ်
သူသိရင်ငါနဲ့များပြတ်မလားဆိုတဲ့အတွေးတွေများတတ်ကြပါတယ်။ အခုခေတ်အတွဲတွေကတော့ အရာအားလုံးကိုတွဲနေတုန်းပွင့်ပွင့်လင်းလင်းချပြတယ်။ တစ်ယောက်နဲ့တစ်ယောက်အမှန်တိုင်းနေထိုင်ကြပြီးတစ်ယောက်ရဲ့အခြေနေမှန်ကိုတစ်ယောက်လက်ခံနိုင်ဖို့ကြိုးစားတတ်ကြပါတယ်။ အဆင်မပြေဘူးဆိုပြီးစောစောသိရင်လည်းစောစောလမ်းခွဲဖို့ဝန်မလေးဘူးပေါ့လေ။
ဘယ်လိုခေတ်မျိုးဘယ်လိုပုံစံမျိုးနဲ့ပဲချစ်ချစ်အဓိကက တစ်ယောက်ကိုတစ်ယောက်မေတ္တာရှိရှိနဲ့ တန်ဖိုးထားတတ်ဖို့ပဲလိုတာပါ။ အရင်ခေတ်တုန်းကလို သိုသိုသိပ်သိပ်မနေလို့ တန်ဖိုးမရှိဘူးဘာညာဆိုတာ မြင်တဲ့သူရဲ့အပေါ်ပဲမူတည်ပါတယ်။အဓိကက တစ်ယောက်သိက္ခာကျမဲ့အလုပ်တစ်ယောက်တန်ဖိုးမဲ့မဲ့ အလုပ်တစ်ယောက်မလုပ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ကိုယ်ကြိုက်တဲ့ Type မျိုးနဲ့သာယူတို့ရဲ့RS Life ကို အဆင်ပြေပြေဖြတ်သန်းရင်းသက်ဆုံးတိုင်နိုင်ကြပါစေ…
21 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.