နေကောင်းသွားပြီဖြစ်တဲ့ Demi Lovato က သူမရဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့

ဆေးအလွန်ကျွံသုံးစွဲမှုကြောင့် ဆေးကုသမှုခံယူနေခဲ့ရတဲ့ Demi Lovato က အခုဆို အတော်လေးသက်သာနေပြီဖြစ်ပြီး သူမကို စိတ်ပူပေးခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့
ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

Image result for Demi Lovato

” ဆေးအလွန်ကျွံသုံးရင် ဘာဖြစ်မယ်ဆိုတာ ကျွန်မကြိုမြင်နေပြီးသားပါ။ ဒီလိုနေမကောင်းဖြစ်တဲ့အချိန်မှာ ဘာကိုကျွန်မ သိသွားလဲဆိုတော့ ဒီလောက်နဲ့ ငါလက်လျော့လိုက်လို့မဖြစ်သေးဘူး။ ဆက်ပြီးကြိုးစားရှင်သန်မှ ဖြစ်ဦးမယ်ဆိုတာပါပဲ။

ကျွန်မကို ဒီလိုဆက်ပြီး ရှင်သန်ခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ စိုးရိမ်ပေးတဲ့ ပရိတ်သတ်တွေကိုလည်း ကျွန်မ ကျေးဇူးအထူးတင်ပါတယ်။ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ဆုတောင်းစကားသံတွေကြောင့် ကျွန်မဒီလိုအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

နောက်ပြီး ကျွန်မရဲ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ရှင်။ တစ်ချိန်လုံး ကျွန်မအနားမှာရှိနေပေးပြီး အခြေအနေလာလာမေးပေးကြတယ်လို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ သူတို့သာမရှိရင် ကျွန်မဒီလိုစာကိုရေးနိုင်မှာမဟုတ်ပါဘူး။

အခု ကျွန်မတော်တော်လေး သက်သာနေပါပြီ။ ကျွန်မကို အားလုံးပေးခဲ့တဲ့အချစ်တွေကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ဆက်လက်ပြီး ကြိုးစားသွားပါဦးမယ် … Demi ”လို့ ရေးထားခဲ့ပါတယ်။

https://www.instagram.com/p/BmHH69KlY3L/

ဒီစာကို Demi တင်ပြီးတည်းက Likes ပေါင်း ၅မီလီလျံကျော်ရရှိသွားခဲ့ပြီး ပရိတ်သတ်တွေကလည်း သက်သာရင်ပဲ တော်လှပါပြီ။ သူတို့ စိတ်ပူနေတာ အခုတော့ ရင်အေးရပြီဆိုပြီး ကွန်မန့်တွေပေထားကြပါတယ်။

Image result for Demi Lovato

💪 Stay Strong Demi 💕

56 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.