ကုိယ့္ခႏၶာကုိယ္အသားအရည္ကုိခ်စ္တတ္ေအာင္သင္ေပးခ႔ဲတဲ႔ ဆူဒန္ေမာ္ဒယ္လ္မေလး Nyakim Gatwech

ကုိယ့္ကုိယ့္ကုိယ္ ရုပ္ပုိင္းဆုိင္ရာအရ ယံုၾကည္မႈမရွိဘူးဆုိတဲ႔သူေတြအတြက္ ဒီစာေလးက ခြန္အားျဖစ္ေစမယ္လို႔ ေမ်ွာ္လင့္ပါတယ္။

Nyakim Gatwech ဆုိတဲ႔မိန္းကေလးဟာ အသားအရည္နက္ေမွာင္တဲ႔ ဆူဒန္ေမာ္ဒယ္လ္မေလးတစ္ေယာက္ပါ။သူမရဲ ႔အသက္ ၁၄ႏွစ္အရြယ္မွာ အာဖရိက ကေန ယူအက္စ္ေအကုိေျပာင္းေရြ႔လာခဲ႔ပါတယ္။ဒါေပမဲ႔ သူမရဲ႔အသားအရည္ေၾကာင့္ေလွာင္ေျပာင္ခံရမႈေတြကမရပ္တန္႔သြားခဲ႔ပါဘူး။
အသားအရည္နက္ေမွာင္တာနဲ႔ပတ္သက္ျပီး “ေရမခ်ိဳးဘူးလား၊အဲ႔ဒါေၾကာင့္အသားအရည္ကမည္းေနတာျဖစ္မယ္။ျပံဳးၾကည့္ပါလားအဲ႔ဒါဆုိ ငါတုိ႔မင္းကုိျမင္ရမယ္”ဆုိျပီး အမ်ိဳးမ်ိဳးေလွာင္ေျပာင္ခံခဲ႔ရပါတယ္။သူမဟာ ညတုိင္းငိုခဲ႔ရျပီးေမာ္ဒယ္လ္ျဖစ္ခ်င္တဲ႔အိပ္မက္ကုိပါလက္ေလ်ွာ့လုမတက္ျဖစ္ခဲ႔ပါတယ္။သူမရဲ႔အသားအရည္ကုိ ျဖဴေအာင္အေရာင္ခြ်တ္ဖုိ႔ေတာင္လုပ္ခ့ဲခ်င္စိတ္ေပါက္ခဲ႔တယ္လို႔ေျပာျပခဲ႔ဖူးပါတယ္။

ဘာလို႔လဲဆုိေတာ့တစ္ျခားဆူဒန္မိန္းကေလးေတြလည္း အသားအရည္ျဖဴေအာင္လုပ္ဖူးၾကပါတယ္။သူမရဲ ႔အစ္မကုိယ္တုိင္ေတာင္ အသားျဖဴေအာင္အေရာင္ခြ်တ္ခဲ႔ဖူးပါတယ္။အဲ႔ဒါေၾကာင့္သူမလည္းလုပ္ခ်င္ေၾကာင္းေျပာတဲ႔အခါမွာ အစ္မျဖစ္သူက “အသားအရည္ကုိ အေရာင္ခြ်တ္ဖုိ႔မလုိပါဘူး။စိတ္ကုိသာ သန္႔ရွင္းေအာင္အေရာင္ခြ်တ္ရမွာပါ။အသားျဖဴခ်င္လို႔လုပ္ခဲ႔ေပမဲ႔ အခုေနာင္တရတယ္”လုိ႔ေျပာခဲ႔ပါတယ္။

ေနာက္ဆံုးမွာေတာ့ Nyakim ဟာ သူမရဲ႔အသားအရည္နက္ေမွာင္ေနတာနဲ႔ပတ္သက္ျပီး အလိုမက်မႈေတြကုိေဘးဖယ္ထုတ္ကာ ကုိယ့္အသားအရည္ကုိခ်စ္တတ္ေအာင္ပဲၾကိဳးစားခဲ႔ပါတယ္။ကားေမာင္းသူဦးေလးၾကီးတစ္ေယာက္က “တကယ္လို႔ ေဒၚလာ ၁၀၀၀၀ ေပးမယ္ဆုိရင္ အသားျဖဴေအာင္ အေရာင္ခြ်တ္မွာလား?ဆုိျပီးေမးခဲ႔ပါတယ္။အဲ႔ဒါနဲ႔ သူမကရယ္ေမာျပီး ဘာလို႔သူမကအဲ႔ဒီလုပ္ရမွာလဲလုိ႔ျပန္ေမးခဲ႔ပါတယ္။အဲ႔ဒီအခါမွာ ထုိဦးေလးၾကီးက”တကယ္လို႔ အသားျဖဴသြားတဲ႔အခါ ဘ၀မွာေနထုိင္ရတာပုိလြယ္ကူသြားမယ့္အေၾကာင္း၊အခ်စ္ေရးမွာျဖစ္ေစ၊အလုပ္အခြင့္အေရးမွာျဖစ္ေစပုိျပီးအခြင့္အေရးရလာမယ့္အေၾကာင္းေျပာခဲ႔ပါတယ္။အဲ႔ဒီအခါ သူမရဲ ႔အေျဖကေတာ့ “တကယ္လို႔အသားျဖဴလာတဲ႔အခါ ကြ်န္မဘ၀ေနထိုင္ရတာပုိျပီးလြယ္ကူသြားမယ္ဆုိရင္ေတာင္ ကြ်န္မကေတာ့ခက္ခဲတဲ႔လမ္းကုိပဲ ေရြးခ်ယ္မွာပါ”ဆိုျပီး သူမရဲ ႔ကုိယ္ပုိင္အလွကုိတန္ဖုိးထားျမတ္ႏုိးေၾကာင္းေျဖခဲ႔ပါတယ္။

သူမကုိ The Queen of the Dark လို႔ေတာင္နာမည္ေျပာင္ေပးထားၾကပါတယ္။အဲ႔ဒီနာမည္နဲ႔ပတ္သက္ျပီးဘယ္လုိခံစားရလဲေမးေတာ့Nyakim က ” ကြ်န္မဒီနာမည္ကုိခ်စ္ပါတယ္။အမည္းေရာင္က ၀မ္းနည္းမႈအေရာင္၊ေသျခင္းတရားအေရာင္၊နတ္ဆုိးတစ္ေကာင္အေရာင္မဟုတ္ပါဘူး။ကြ်န္မက ကြ်န္မအနားက ကြ်န္မခ်စ္တဲ႔သူေတြအတြက္အလင္းေရာင္ေပးစြမ္းႏုိင္တဲ႔ Queen of the Dark ပါ”လုိ႔ေျဖခဲ႔ဖူးပါတယ္။

သူမရဲ ႔အေျဖစကားက တစ္ကမာၻလံုးအႏွံက ကုိယ္ပုိင္အလွတစ္မ်ိဳးုစီရွိၾကတဲ႔မိန္းကေလးထုၾကားကုိပ်ံ႔ႏွံ႔သြားခဲ႔ျပီး ကုိယ္ပုိင္္တဲ႔ကုိယ့္အသားအရည္၊ကုိယ့္အသားအေရာင္၊ကုိယ့္ခႏၶာကုိယ္အလွအပကုိ ပုိျပီးတန္ဖုိးထားတတ္လာၾကပါတယ္။သူမက ကုိယ့္ကုိယ္ကုိယ္ခ်စ္တတ္ဖုိ႔လိုတဲ႔အေၾကာင္း၊
ကုိယ့္ကုိယ့္ကုိယ္မွမခ်စ္ရင္တန္ဖုိးမထားရင္ ဘယ္သူကမွခ်စ္မွာမဟုတ္ပါဘူးဆုိတာျပလိုက္တာပါပဲ။

လူတုိင္းမွာ အားနည္းခ်က္ရွိသလို အဲ႔ဒီအားနည္းခ်က္ကပဲ အားသာခ်က္ျဖစ္လာေအာင္ၾကိဳးစားပါလို႔ အၾကံျပဳလိုက္ပါတယ္။

Unicode

ကိုယ့်ကိုယ့်ကိုယ် ရုပ်ပိုင်းဆိုင်ရာအရ ယုံကြည်မှုမရှိဘူးဆိုတဲ့သူတွေအတွက် ဒီစာလေးက ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

Nyakim Gatwech ဆိုတဲ့မိန်းကလေးဟာ အသားအရည်နက်မှောင်တဲ့ ဆူဒန်မော်ဒယ်လ်မလေးတစ်ယောက်ပါ။သူမရဲ ့အသက် ၁၄နှစ်အရွယ်မှာ အာဖရိက ကနေ ယူအက်စ်အေကိုပြောင်းရွေ့လာခဲ့ပါတယ်။ဒါပေမဲ့ သူမရဲ့အသားအရည်ကြောင့်လှောင်ပြောင်ခံရမှုတွေကမရပ်တန့်သွားခဲ့ပါဘူး။
အသားအရည်နက်မှောင်တာနဲ့ပတ်သက်ပြီး ရေမချိုးဘူးလား၊အဲ့ဒါကြောင့်အသားအရည်ကမည်းနေတာဖြစ်မယ်။ပြုံးကြည့်ပါလားအဲ့ဒါဆို ငါတို့မင်းကိုမြင်ရမယ်ဆိုပြီး အမျိုးမျိုးလှောင်ပြောင်ခံခဲ့ရပါတယ်။သူမဟာ ညတိုင်းငိုခဲ့ရပြီးမော်ဒယ်လ်ဖြစ်ချင်တဲ့အိပ်မက်ကိုပါလက်လျှော့လုမတက်ဖြစ်ခဲ့ပါတယ်။သူမရဲ့အသားအရည်ကို ဖြူအောင်အရောင်ချွတ်ဖို့တောင်လုပ်ခဲ့ချင်စိတ်ပေါက်ခဲ့တယ်လို့ပြောပြခဲ့ဖူးပါတယ်။ဘာလို့လဲဆိုတော့တစ်ခြားဆူဒန်မိန်းကလေးတွေလည်း အသားအရည်ဖြူအောင်လုပ်ဖူးကြပါတယ်။သူမရဲ ့အစ်မကိုယ်တိုင်အောင် အသားအရည်ဖြူအောင်အရောင်ချွတ်ခဲ့ဖူးပါတယ်။အဲ့ဒါကြောင့်သူမလည်းလုပ်ချင်ကြောင်းပြောတဲ့အခါမှာ အစ်မဖြစ်သူက “အသားအရည်ကို အရောင်ချွတ်ဖို့မလိုပါဘူး။စိတ်ကိုသာ သန့်ရှင်းအောင်အရောင်ချွတ်ရမှာပါ။အသားဖြူချင်လို့လုပ်ခဲ့ပေမဲ့ အခုနောင်တရတယ်”လို့ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Nyakim ဟာ သူမရဲ့အသားအရည်နက်မှောင်နေတာနဲ့ပတ်သက်ပြီး အလိုမကျမှုတွေကိုဘေးဖယ်ထုတ်ကာ ကိုယ့်အသားအရည်ကိုချစ်တတ်အောင်ပဲကြိုးစားခဲ့ပါတယ်။ကားမောင်းသူဦးလေးကြီးတစ်ယောက်က “တကယ်လို့ ဒေါ်လာ ၁၀၀၀၀ ပေးမယ်ဆိုရင် အသားဖြူအောင် အရောင်ချွတ်မှာလား?ဆိုပြီးမေးခဲ့ပါတယ်။အဲ့ဒါနဲ့ သူမကရယ်မောပြီး ဘာလို့သူမကအဲ့ဒီလုပ်ရမှာလဲလို့ပြန်မေးခဲ့ပါတယ်။အဲ့ဒီအခါမှာ ထိုဦးလေးကြီးက”တကယ်လို့ အသားဖြူသွားတဲ့အခါ ဘဝမှာနေထိုင်ရတာပိုလွယ်ကူသွားမယ့်အကြောင်း၊အချစ်ရေးမှာဖြစ်စေ၊အလုပ်အခွင့်အရေးမှာဖြစ်စေပိုပြီးအခွင့်အရေးရလာမယ့်အကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအခါ သူမရဲ ့အဖြေကတော့ “တကယ်လို့အသားဖြူလာတဲ့အခါ ကျွန်မဘဝနေထိုင်ရတာပိုပြီးလွယ်ကူသွားမယ်ဆိုရင်တောင် ကျွန်မကတော့ခက်ခဲတဲ့လမ်းကိုပဲ ရွေးချယ်မှာပါ”ဆိုပြီး သူမရဲ ့ကိုယ်ပိုင်အလှကိုတန်ဖိုးထားမြတ်နိုးကြောင်းဖြေခဲ့ပါတယ်။

Image result for Nyakim Gatwech

သူမကို The Queen of the Dark လို့တောင်နာမည်ပြောင်ပေးထားကြပါတယ်။အဲ့ဒီနာမည်နဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲမေးတော့Nyakim က ” ကျွန်မဒီနာမည်ကိုချစ်ပါတယ်။အမည်းရောင်က ဝမ်းနည်းမှုအရောင်၊သေခြင်းတရားအရောင်၊နတ်ဆိုးတစ်ကောင်အရောင်မဟုတ်ပါဘူး။ကျွန်မက ကျွန်မအနားက ကျွန်မချစ်တဲ့သူတွေအတွက်အလင်းရောင်ပေးစွမ်းနိုင်တဲ့ Queen of the Dark ပါ”လို့ဖြေခဲ့ဖူးပါတယ်။

သူမရဲ ့အဖြေစကားက တစ်ကမ္ဘာလုံးအနှံက ကိုယ်ပိုင်အလှတစ်မျိုးုစီရှိကြတဲ့မိန်းကလေးထုကြားကိုပျံ့နှံ့သွားခဲ့ပြီး ကိုယ်ပိုင််တဲ့ကိုယ့်အသားအရည်၊ကိုယ့်အသားအရောင်၊ကိုယ့်ခန္ဓာကိုယ်အလှအပကို ပိုပြီးတန်ဖိုးထားတတ်လာကြပါတယ်။သူမက ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့လိုတဲ့အကြောင်း၊
ကိုယ့်ကိုယ့်ကိုယ်မှမချစ်ရင်တန်ဖိုးမထားရင် ဘယ်သူကမှချစ်မှာမဟုတ်ပါဘူးဆိုတာပြလိုက်တာပါပဲ။

လူတိုင်းမှာ အားနည်းချက်ရှိသလို အဲ့ဒီအားနည်းချက်ကပဲ အားသာချက်ဖြစ်လာအောင်ကြိုးစားပါလို့ အကြံပြုလိုက်ပါတယ်။

377 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.