နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ ဝန်းရံထားသင့်

ပျော်ရွှင်မှုနဲ့ အောင်မြင်မှုဆိုတာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဝန်းရံနေတဲ့လူတွေနဲ့လည်း
အများကြီးသက်ဆိုင်ပါတယ်။ ဘယ်လိုလူမျိုးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာထားဖို့ ရွေးချယ်မလဲ ?

ထုံးစံအတိုင်း အဆိုးမြင်တတ်တဲ့လူမျိုးတွေကတော့ သင့်ရဲ့အင်အားတွေ၊ ကိုယ်ပိုင် ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖို့လောက်ပဲ အခွင့်ချောင်းနေမှာပါ။ ဒါကြောင့် မင်းရဲ့ပတ်ဝန်းကျင်မှာ ရှိသင့်တဲ့လူမျိုးတွေကို ဒီလိုရွေးချယ်ပါ…

စွန့်စားလိုသူ

♡ || Pinterest: Isabarvalho || não autoral
” ဘာပဲဖြစ်ဖြစ် လုပ်မယ်ကွာ.. ချ … အားပေးတယ် ” ရသမျှ အတွေ့ကြုံအဖြစ် သင်ခန်းစာယူနိုင်အောင် လုပ်သာလုပ်၊ ကြောက်မနေနဲ့ဆိုပြီး အမြဲတမ်းအားပေးနေမယ့် လူတစ်ယောက် မင်းဘေးနားမှာရှိသင့်ပါတယ်။ မင်းဟာ comfort zone ထဲမှာပဲ သာယာနေသူဆိုရင် ဒီဇုန်ထဲကနေထွက်နိုင်
အောင် စွန့်စားလိုသူက မင်းကိုအားပေးနေမှာပါ။ တစ်ခါတစ်လေ ကြောက်စိတ်ကို ကျော်လွှားပြီးကိစ္စတစ်ခုကို လုပ်ကြည့်လိုက်တဲ့အခါ ထင်သလောက်လည်း ကြောက်ဖို့ မကောင်းပါလားဆိုတာကို သိရမှာပါ။ တစ်ခါလောက် စွန့်စားကြည့်ပါ။ စွန့်စားဖူးရင် စွန့်စားရတဲ့ အရသာကို ခုံမင်သွားပါလိမ့်မယ်။

ကိုယ်ကျင့်သိက္ခာရှိတဲ့သူ

Annabella Pinterest ✌️
လူတစ်ယောက်ဟာ ရုပ်ဆိုးတာ ၊ ဝတာ ၊ အသားမည်းတာတွေနဲ့ ကြည့်ပြီး တိုင်းတာလို့မရဘူး။သူ့ဘာသာ ဘာကြီးပဲဖြစ်နေပါစေ မင်းအနေနဲ့ မဝေဖန်သင့်ပါဘူး။ ဒီလိုပဲ မင်းနဲ့အပေါင်းသင်းလုပ်
တဲ့သူဟာ လူတစ်ယောက်ကိုကြည့်ပြီး ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ တစ်ချိန်လုံး အပုပ်ချပြောဆို
နေတဲ့အကျင့်ဟာ မင်းဆီကိုလည်း ကူးစက်စေပါတယ်။ ဒီလိုလူမျိုးဟာ မင်းကွယ်ရာမှာလည်း မင်းအတင်းမတုပ်ဘူးလို့ပြောလို့ရမလား ။ မင်းတန်ဖိုးကိုမြှင့်တင်ပေးနိုင်မယ့် လူမျိုးဟာ ပါးစပ်စည်းစောင့်ပြီး အကောင်းမြင်စိတ်ရှိနေဖို့ လိုအပ်ပါတယ်။

အားပေးတတ်သူ


စိတ်ခွန်အားကို အမြဲမြင့်တင်ပေးနိုင်တဲ့လူမျိုးဆိုတာ မင်းအောင်မြင်ချိန် ဘေးနားကနေ ဂုဏ်ယူမဆုံး ၊ ဝမ်းနည်းနေရင်လည်း အားပေးနှစ်သိမ့်တတ်သူမျိုး။ မင်းကို စိတ်အားငယ်အောင် သူဟာဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ မင်းဘာပဲလုပ်လုပ် သူပြုံးကြည့်နေပြီး လဲကျရင် ပြန်ထူပေးဖို့အနားရောက်လာမှာပါ။

နားထောင်သူ


ပတ်ဝန်းကျင်မှာ ကောင်းကောင်းနားထောင်နိုင်သူကို မရှာခင် မင်းကိုယ်တိုင်ကလည်း နားထောင်
ပေးနိုင်သူဖြစ်မှ ရမယ်နော်။ လူတွေက နားထောင်ရတာထက် ကိုယ်ကပြောနေရတာကို သိပ်ကြိုက်
ကြသကိုး။ နားထောင်ကြည့်ပါ။ နားထောင်ရင်း သူတို့ဆီက မတူညီတဲ့အတွေးခေါ်လေးတွေ ၊ မင်းမသိနိုင်တဲ့ အကြောင်းရာတွေ ၊ လုပ်ဆောင်ပုံတွေ အများကြီးသိနိုင်ပါတယ်။ သင်ဟာကောင်းကောင်းနားထောင်နိုင်သူဖြစ်မှ ပတ်ဝန်းကျင်က လူတွေကလည်း သင့်ကိုပြန်နားထောင်ပေးမှာဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေသာ အနားမှာရှိနေပြီဆိုရင် မင်းလည်း သေချာပေါက် တစ်နေ့မှာ ပျော်ရွှင်နေတဲ့
အောင်မြင်သူတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.