ကိုယ့်ချစ်သူရဲ့အချစ်ဦးမဖြစ်ရလို့စိတ်မကောင်းမဖြစ်ပါနဲ့…
Unicode
တစ်ခါတစ်ရံမှာကိုယ့်ချစ်သူရဲ့အချစ်ဦးမဖြစ်လိုက်ရလို့စိတ်မကောင်းတတ်တဲ့သူတစ်ချို့ရှိပါတယ်။ သူနဲ့ငါအရင်တွေ့လိုက်ရမှာသူ့အချစ်ဦးငါဖြစ်လိုက်ရမှာ။ ဒီလို သဝန်တိုပြီးစိတ်အချစ်ဦးမဖြစ်လိုက်ရလို့စိတ်မကောင်းဖြစ်တတ်ကြတဲ့သူတွေရှိကြမှာပါ။ တကယ်တော့စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ ကိုယ့်ချစ်သူရဲ့အချစ်ဦးတို့ရည်စားဦးတို့ဖြစ်ဖို့ထက်အရေးကြီးတာကလက်ရှိကိုယ့်ချစ်သူနားမှာ ရှိနေပေးနိုင်တာကိုယ်ဖြစ်ဖို့ပါပဲ။ ဘယ်အရာမဆိုပုံသေမြဲတယ်လို့သတ်မှတ်ထားလို့မရတဲ့လောကကြီးမှာ လက်ရှိသင့်ချစ်ရသူကို သင်တစ်ဦးတည်းပိုင်ဆိုင်နေရတာကပဲကောင်းသောကံကောင်းခြင်းဖြစ်နေပါပြီ။ သင်ကသူ့အချစ်ဦးမဟုတ်တာတွေသူကသင့်ရည်းစားဦးမဟုတ်တာတွေထက်လက်ရှိမှာသင်တို့အချစ်တွေကခိုင်မြဲပြီးသက်ဆုံးတိိုင်သွာဖို့ပဲ အရေးကြီးတာမဟုတ်လား။ အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ဘူးဆိုတဲ့ဆိုရိုးရှိပေမဲ့လည်း အချစ်ဆုံးတွေကသာ အဲ့မြေးရတဲ့ထိတစ်ယောက်နားမှာတစ်ယောက်အနွံတာခံရင်းချစ်နေကြမှာပါ။ ဒါကြောင့် ကိုယ့်ချစ်သူရဲ့အချစ်ဦးမဖြစ်ရလို့စိတ်မကောင်းမဖြစ်ပဲ အချစ်ဆုံးဖြစ်လာပြီးလက်ရှိဘေးနားမှာအေးတူပူမျှနေနေရတာကိုပဲ ဂုဏ်ယူနိုင်ပါစေ…
141 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.