ထူးထူးခြားခြား မွေးနေ့ရက်လေးတွေတူနေတဲ့ နာမည်ကြီး ဆယ်လီသုံးယောက်

ကိုယ်ချစ်ရတဲ့သူတွေနဲ့ မွေးနေ့ ၊ မွေးလ တူနေတာဟာ တကယ်ကိုထူးခြားတဲ့တိုက်ဆိုင်မှုလို့ ပြောရပါမယ်။ ဒီလိုပဲ နာမည်ကြီး အိုင်ဒေါတွေမှာလည်း မွေးနေ့ရက်ခြင်းတူနေတာတွေ ရှိပါတယ်။ သူတို့က ဘယ်သူတွေဖြစ်မလဲ ? တောင်ကိုရီးယားမှာတော့ နာမည်ကြီး အိုင်ဒေါတွေဖြစ်တဲ့ ဒီမင်းသမီးသုံးယောက်က မတ်လ (၂၉)ရက်နေ့မှာ မွေးဖွားလာတာဖြစ်ပါတယ်။

Red Velvet အဖွဲ့ဝင် Irene

Irene

Irene
SM Entertainment က Red Velvet အဖွဲ့ဝင် Irene ကတော့ မတ်လ(၂၉)ရက်နေ့မှာ အသက်၂၆နှစ်ပြည့်သွားပါပြီ။ အသံလည်းကောင်း ၊ အကလည်းတော်သလို ရုပ်ရည်ကလည်း ချောဆိုတော့မချစ်တဲ့ ပရိတ်သတ်တွေရှိပါ့မလား။

Kim Tahee

Taehee

Taehee
မင်းသမီး Kim Tahee ကတော့ မတ်လ ၂၉ရက်နေ့က အသက် (၃၇)နှစ်ရှိပါပြီ။ ၂၅နှစ် မိန်းကလေးတိုင်းပဲနော်။၂ဝ၁၅ကထွက်ရှိတဲ့ ဆရာဝန်ကားလေးမှာ သူမကို စသိခဲ့ကြတာဖြစ်ပြီး မှတ်မှတ်ရရအနေနဲ့ သူမသမီးလေးမွေးဖွားပြီးနောက်မှာ သူမရဲ့မွေးနေ့ကို ကျင်းပခဲ့ပါသေးတယ်။

Sulli

Sulli

Sulli
မတ်လ (၂၉)ရက်နေ့မှာ အသက်၂၃နှစ်ပြည့်သွားတဲ့ Sulli ကတော့ သရုပ်ဆောင်၊ အဆိုတော်ဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ အသွင်ပြင်လေးကြောင့် ပိုနာမည်ကျော်ကြားပြီး သူမရဲ့မွေးနေ့မှာ Goo Hara ဆီကလည်း special kiss လေးကို ရရှိခဲ့ပါတယ်။

241 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.