ကိုယ့်တကယ်ရပ်တည်ရမဲ့အသက်မွေးဝမ်းကြောင်းကိုရွေးချယ်ရခက်နေတဲ့အခါ…


Unicode

လူတော်တော်များမျာဖြစ်တတ်ကြပါတယ်။များသောအားဖြင့် ဆယ်တန်းအောင်ပြီးကျောင်းသားတစ်ချို့တွေ တက္ကသိုလ်ပြီးကျောင်းသားတစ်ချို့တွေနဲ့တစ်ချို့ဆို လုပ်ငန်းခွင်ထဲရောက်နေတာတောင်ကိုယ်ဒီField နဲ့တစ်သက်လုံးရပ်တည်နိုင်ပါ့မလားဆိုတဲ့အတွေးမျိုးတွေကဝင်လာတတ်ကြပါတယ်။ ဒီလိုမျိုးကိုယ့်တစ်ဘဝလုံးအတွက်စစ်မှန်သေချာတဲ့ Carrier ကိုရွေးတတ်ကြဖို့ဆိုတာဒါမျိုးလေးတွေလိုအပ်ပါတယ်…
(၁) ကိုယ့်တကယ်ဝါသနာပါရာကိုရှာဖွေပါ
လူတော်တော်များများကကိုယ့်ရဲ့တကယ့်စိတ်ရင်းထဲကဝါသနာကိုမေ့မေ့လျော့လျော့နေတတ်ကြပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ထက် အခြေနေအရာအဆင်ပြေရာကိုရွေးလုပ်နေတတ်တာမျိုးတွေလည်းအများကြီးတွေ့ရပါတယ်။ ဒါကြောင့် ရွေးချယ်ဖို့အချိန်ရောက်လာတဲ့အချိန်မှာ ကိုယ်တကယ်စိတ်အားထက်သန်ရာဘက်ကိုရွေးချယ်ပြီး အချိန်နောက်မကျခင်၊ လက်ရှိအလုပ်မှာအချိန်တွေကုန်မနေခင်မြန်မြန်ကူးပြောင်းပါ။ လူတိုင်းဟာ သူ့ကျွမ်းကျင်တဲ့အပိုင်းမှာသာ Professional ဖြစ်ဖို့အလားလာပိုများတာမလို့ ကိုယ့်ရဲ့အရည်းချင်းတွေကို ကိုယ်နဲ့မသင့်တော်တဲ့နေရာမှာ အဆုံးရှုံးမခံပါနဲ့။
(၂) ကိုယ့်ဝါသနာဟာကိုယ့်ရဲ့လက်ရှိကျင်လည်ရာပတ်ဝန်းကျင် လက်ရှိအခြေနေနဲ့အဆင်ပြေနိုင်မလားဆိုတာတွေးပါ
လက်ရှိကိုယ်နေထိုင်ကျင်လည်နေတဲ့အခြေနေပတ်ဝန်းကျင်နဲ့ ကိုယ်သွားချင်တဲ့လိုင်းကနီးစပ်လားတွေးပါ။ ဥပမာ ကိုယ်ကသတင်းထောက်ဖြစ်ချင်တယ်ဆိုပြီး ဆေးဆိုင်မှာအလုပ်လုပ်နေတာမျိုး၊ စာရင်းအင်းတွေလုပ်နေတာမျိုးတော့ အဆင်မပြေပါဘူး။ ဒါကြောင့်ကိုယ်သွားချင်တဲ့ကိုယ့်ဝါသနာကိုတိုက်ရိုက်သွားဖို့ခက်ခဲနေသေးရင်တောင်နီးစပ်တဲ့ Field မျိုးမှာ စတင်လုပ်ကိုင်ပါ။
(၃) ဆုံးဖြတ်ချက်ခိုင်မာပါစေ
ငါသေချာပြီငါဒီလမ်းပဲသွားမယ်လို့ဆုံဖြတ်လိုက်ပြီးတဲ့အချိန်မှာ တစ်ခြားပယောဂတွေဘယ်လောက်ပဲ ဂယက်ထပါစေ ကိုယ့်ယုံကြည်မှုကိုမပြောင်းလဲလိုက်ဖို့လိုပါတယ်။ ဆုံဖြတ်ချက်ခိုင်မာပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှသာ ကိုယ်သွားချင်တဲ့လမ်းကိုတက်လှမ်းနိုင်မှာပါ။
(၄) ကိုယ့်Typeကို ကိုယ်သိပါ
ကိုယ့်ပုံစံအစစ်မှန်ကိုကိုယ်တိုင်နားလည်ပါစေ၊ ကိုယ်တကယ်လုပ်ချင်တဲ့အရာဟာကိုယ့်ရဲ့ပုံစံလား ကိုယ့်ကြိုက်တဲ့ Type မျိုးလားသိအောင်လုပ်ပါ။ သူများတွေဒီလိုတွေလုပ်လို့အားကျပြီးကိုယ်နဲ့မလိုက်မဖက်ပုံစံမျိုးလိုက်လုပ်ကာကိုယ့်ကိုယ်ကိုယ်မဖျက်ပစ်ပါနဲ့။ လူတိုင်းလူတိုင်းမှာ သူ့ရဲ့အော်ရဂျင်ပင်ကိုစတိုင် ဒီဇိုင်းကာလာ ရှိပြီးသားပါ 😛
(၅) ဖြစ်လာသမျှကိုနောက်မဆုတ်ပါနဲ့
ကိုယ်သဘောကျလို့ကိုယ်ရွေးချယ်ခဲ့ပြီးမှတော့ ကောင်းတာတွေရော ဆိုးတာတွေရောကိုပါခံနိုင်ရည်ရှိအောင်ကြိုးစားသင့်ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းကိုလည်း သူများတွေဘယ်လိုမြင်မြင်ကိုယ်တိုင်ကအသုံးဝင်တယ်အရေးပါတယ်လို့ ခံယူယုံကြည်ထားဖို့လိုပါတယ်။

200 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.