ထူးဆန္းတဲ႔အဆိပ္ေငြ႔ေတြၾကားက သူတုိ႔ႏွစ္ေယာက္လြတ္ေျမာက္ႏုိင္ပါ့မလား?

ေတာင္ကိုရီးယားမင္းသားေခ်ာ Jo Jung Suk နဲ႔ Girls’ Generation အဖြဲ႔၀င္မင္းသမီးေခ်ာ YoonA တုိ႔ကုိ အတူတြဲဖက္ျမင္ေတြ႔ရမယ့္ဇာတ္ကားေလးရွိရင္ အားေပးၾကမွာလား ပရိသတ္ၾကီး?

သူတုိ႔ႏွစ္ေယာက္ကုိ ‘Exit’ ဆုိတဲ႔ဇာတ္ကားမွာ ျမင္ေတြ႔ရမွာပဲျဖစ္ပါတယ္။ဇာတ္လမ္းတြဲ
မဟုတ္ပဲ ရုပ္ရွင္ဇာတ္ကားျဖစ္လို႔ ဇာတ္လမ္းတြဲလို လည္ပင္းတရွည္ရွည္ေမ်ွာ္ေနစရာမလိုေတာ့ပါဘူးေနာ္။

ဒါရိုက္တာ Lee Sang-Geun ရုိက္ကူးထားတာျဖစ္ျပီး ဇာတ္လမ္းပံုစံက ေရာဂါဆိုးေဘးအႏၱရာယ္က်ေရာက္တဲ႔အေၾကာင္း၊လြတ္ေျမာက္ေအာင္ ဘယ္လုိေတြၾကိဳးစားထြက္ေျပးရမလဲဆုိတာကိုအသားေပးရုိက္ကူးေဖာ္ျပသြားမွာျဖစ္ပါတယ္။ဒီဇာတ္ကားမွာ မင္းသား Jo Jung Suk က ႏွစ္အေတာ္ၾကာ အလုပ္ရွာေနေပမဲ႔ မေတြ႔ေသးတဲ႔အလုပ္လက္မဲ႔ေကာင္ေလး Yong Nam အျဖစ္ပါ၀င္သရုပ္ေဆာင္မွာျဖစ္ျပီး YoonA ကေတာ့ Eui Joo ဆုိတဲ႔ေကာင္မေလးအျဖစ္ပါ၀င္သရုပ္ေဆာင္သြားမွာပါ။

Yong Nam က သူ႔ရဲ ႔အေမအသက္ ၇၀ျပည့္အတြက္ ဘြဲ႔ႏွင္းသခင္ခန္းမမွာ က်င္းပေပးခဲ႔ျပီး အဲ႔ဒီအခ်ိန္မွာပဲ သူနဲ႔တကၠသိုလ္အတူတူတက္ခဲ႔တဲ႔ဂ်ဴနီယာေက်ာင္းသူေလး Eui Joo ကုိေတြ႔ခဲ႔ပါတယ္။တျပိဳင္တည္းမွာပဲ ျမိဳ႔ထဲကုိ ထူးဆန္းတဲ႔အဆိပ္ေငြ႔ေတြ၀င္ေရာက္လာခဲ့ျပီး သူတုိ႔ကုိ ေရာဂါမကူးစက္ခင္ လြတ္ေျမာက္ေအာင္ထြက္ေျပးရတာပဲျဖစ္ပါတယ္။ဒီဇာတ္ကားကုိေတာ့ ၾသဂုတ္လ ၄ရက္ေန႔က စတင္ရိုက္ကူးေနတာျဖစ္ျပီး လာမယ့္ ၂၀၁၉ခုႏွစ္ေႏြရာသီမွာေတာ့ ရုပ္ရွင္ရံုေတြမွာျပသႏုိင္ဖုိ႔ရည္ရြယ္ထားတယ္လုိ႔လည္းသိရပါတယ္။

Unicode

တောင်ကိုရီးယားမင်းသားချော Jo Jung Suk နဲ့ Girls’ Generation အဖွဲ့ဝင်မင်းသမီးချော YoonA တို့ကို အတူတွဲဖက်မြင်တွေ့ရမယ့်ဇာတ်ကားလေးရှိရင် အားပေးကြမှာလား ပရိသတ်ကြီး?

သူတို့နှစ်ယောက်ကို ‘Exit’ ဆိုတဲ့ဇာတ်ကားမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲ
မဟုတ်ပဲ ရုပ်ရှင်ဇာတ်ကားဖြစ်လို့ ဇာတ်လမ်းတွဲလို လည်ပင်းတရှည်ရှည်မျှော်နေစရာမလိုတော့ပါဘူးနော်။

ဒါရိုက်တာ Lee Sang-Geun ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းပုံစံက ရောဂါဆိုးဘေးအန္တရာယ်ကျရောက်တဲ့အကြောင်း၊လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားထွက်ပြေးရမလဲဆိုတာကိုအသားပေးရိုက်ကူးဖော်ပြသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Jo Jung Suk က နှစ်အတော်ကြာ အလုပ်ရှာနေပေမဲ့ မတွေ့သေးတဲ့အလုပ်လက်မဲ့ကောင်လေး Yong Nam အဖြစ်ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး YoonA ကတော့ Eui Joo ဆိုတဲ့ကောင်မလေးအဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပါ။

Yong Nam က သူ့ရဲ ့အမေအသက် ရဝပြည့်အတွက် ဘွဲ့နှင်းသခင်ခန်းမမှာ ကျင်းပပေးခဲ့ပြီး အဲ့ဒီအချိန်မှာပဲ သူနဲ့တက္ကသိုလ်အတူတူတက်ခဲ့တဲ့ဂျူနီယာကျောင်းသူလေး Eui Joo ကိုတွေ့ခဲ့ပါတယ်။တပြိုင်တည်းမှာပဲ မြို့ထဲကို ထူးဆန်းတဲ့အဆိပ်ငွေ့တွေဝင်ရောက်လာခဲ့ပြီး သူတို့ကို ရောဂါမကူးစက်ခင် လွတ်မြောက်အောင်ထွက်ပြေးရတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ သြဂုတ်လ ၄ရက်နေ့က စတင်ရိုက်ကူးနေတာဖြစ်ပြီး လာမယ့် ၂၀၁၉ခုနှစ်နွေရာသီမှာတော့ ရုပ်ရှင်ရုံတွေမှာပြသနိုင်ဖို့ရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်။

 

171 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.