ဘ၀မွာ ဆုိးရြားတဲ႔ေန႔ရက္ေတြ ျပႆနာေတြၾကံဳလာရတဲ႔အခါ ဒီအခ်က္ေတြအတုိင္းျပဳမူေနထုိင္ပါ ❤️

လူတုိင္းမွာ အဆင္ေျပေနတဲ႔ေန႔ေတြခ်ည္းရွိတာမဟုတ္ပါဘူး။တစ္ခါတစ္ေလ ကုိယ္မဖိတ္ေခၚထားတဲ႔ျပႆနာေတြတက္မယ္။တစ္ခါတစ္ေလက် တစ္ေန႔လံုးမွာ ေပ်ာ္စရာအတိျဖစ္ေနလို႔စိတ္ခ်မ္းသာရမယ္။တစ္ခါတစ္ေလက်ေတာ့ စိတ္ညစ္စရာေရာ၊ေပ်ာ္စရာေရာဒြန္တြဲလို႔ေပါ့။အဓိကက ဘယ္လုိျပႆနာေတြပဲၾကံဳလာၾကံဳလာ ကုိယ့္ဘက္ကေန အေကာင္းဆံုးျပန္တံု႔ျပန္ႏုိင္ရပါမယ္။တစ္ခ်ိဳ႔က ျပႆနာေတြဆက္တုိက္ၾကံဳလာရတဲ႔အခါ ဘာလုပ္လို႔လုပ္ရမွန္းမသိ၊အမွားမွားအယြင္းယြင္းေတြျဖစ္တတ္ပါတယ္။အဲ႔ဒါေၾကာင့္ Trend ပရိသတ္ၾကီးအတြက္ အလုပ္ကိစၥျဖစ္ေစ၊မိသားစုကိစၥ၊လူမႈေရးကိစၥ၊အခ်စ္ေရးကိုစၥစသျဖင့္ ျပႆနာေတြဆက္တုိက္ဆိုသလို ၾကံဳေတြ႔လာရတဲ႔အခါ
ေခါင္းေအးေအးနဲ႔ဒီအခ်က္ေလးေတြအတိုင္းလုပ္ပါလို႔ အၾကံေပးလုိက္ပါတယ္။

*ပထမဆံုး ကုိယ္ဘာကုိအရင္ဆံုးထိန္းခ်ဳပ္ကုိင္တြယ္ႏုိင္မလဲ အာရံုစုိက္ပါ
မေသခ်ာတဲ႔အရာေတြထက္ ကုိယ့္ဘက္က အေကာင္းဆံုးလုပ္ႏုိင္မယ့္၊အေကာင္းဆံုးေျဖရွင္းႏုိင္မယ္လို႔ထင္တဲ႔ ျပႆနာကုိ အရင္ဆံုးအာရံုစုိက္ပါ။ေမ်ာက္သစ္ကုိင္းလြတ္သလိုမျဖစ္ပါေစနဲ႔

*အေရးမပါ၊အသံုးမ၀င္တဲ႔အေတြးေတြကုိဖယ္ထုတ္ပါ
ဆုိး၀ါးတဲ႔အရာေတြၾကံဳလာရတဲ႔အခါ အဆိုးျမင္အေတြးေတြထက္ အေကာင္းျမင္အေတြးေတြကုိသာ ေခါင္းထဲထည့္ထားရပါမယ္။သင့္ရဲ ႔ကံမေကာင္းမႈအတြက္ကုိယ့္ကုိယ့္ကုိယ္အျပစ္မတင္ပါနဲ႔။ကုိယ့္ကုိုယ့္ကုိယ္မေကာင္းျမင္တာေတြရပ္ျပီး ဘယ္လုိေျဖရွင္းႏုိင္မလဲဆုိတာကုိသာစဥ္းစားပါ

*ယံုၾကည္ရတဲ႔သူငယ္ခ်င္းကုိဖြင့္ဟတုိင္ပင္ပါ
ဘယ္လိုျပႆနာေတြပဲၾကံဳၾကံဳ ကုိယ့္အတြက္ယံုၾကည္ရတဲ႔သူငယ္ခ်င္းေကာင္းတစ္ေယာက္ကုိရွာျပီးဖြင့္ဟတုိင္ပင္ပါ။သူတုိ႔က သင့္ကုိအၾကံဥာဏ္ေကာင္းေတြေပးႏုိင္သလုိ အားေပးႏွစ္သိမ့္တာလည္း လုပ္ေပးႏုိင္ပါတယ္။

*ေလ့က်င့္ခန္းလုပ္ပါ
ေလ့က်င့္ခန္းလုပ္တာက မေကာင္းျမင္စိတ္ေတြကုိတြန္းထုတ္နုိင္သလုိ ဘာမဆိုေျဖရွင္းႏုိင္တယ္ဆိုတဲ႔စိတ္ခြန္အားမ်ိဳးလည္းေပးစြမ္းႏုိင္ပါတယ္။တရားထုိင္တာကလည္း စိတ္ကုိေအးခ်မ္းေစျပီး ျပႆနာတုိင္းရဲ႔အေျဖကုိ ျမင္လာေစပါတယ္။

*အရွံဳးမေပးပါနဲ႔
ျပႆနာတစ္စံုတစ္ခုၾကံဳလာတဲ႔အခါ ဒီလုိဆုိး၀ါးတဲ႔အျဖစ္အပ်က္ေတြကုိ သင္ရပ္ႏုိင္မွာမဟုတ္ဘူးဆုိတာသတိရပါ။ဒီအျဖစ္အပ်က္ေတြျဖစ္လာတာကုိမတားဆီးႏုိင္၊မရပ္ႏုိင္ေပမဲ႔ အက်ိဳးဆက္ကုိေတာ့ေျပာင္းလဲလုိ႔ရတယ္ဆုိတာသတိရပါ။စိတ္ခံစားခ်က္ေတြကုိ အေကာင္းဆံုးထိန္းခ်ဳပ္ႏုိင္ဖုိ႔လိုပါတယ္။ပြဲမစခင္ကတည္းက အရွံဳးေပးထားရင္ အရံွဳးကုိပဲလက္ခံလိုက္ရမွာပါ။

*အစီအစဥ္ျပန္ဆြဲပါ
အလုပ္ကိစၥေတြနဲ႔ပတ္သက္ျပီးအမွားအယြင္းေတြျဖစ္တဲ႔အခါ၊ျပႆနာေတြတက္ရတဲ႔အခါ အရင္ဆံုးဘယ္ေနရာကစမွားခဲ႔သလဲ အေျဖရွာပါ။ျပႆနာတုိင္းမွာ အစဆုိတာရွိပါတယ္။ျပီးရင္ ဒီလုိအမွားမ်ိဳးေနာက္တစ္ခါထပ္မမွားရေအာင္ ေသခ်ာျပန္လုပ္ပါ။

*ျပႆနာေတြကုိေရွာင္မေျပးပါနဲ႔
ဘ၀မွာ ဆုိး၀ါးတဲ႔ေန႔ရက္ေတြၾကံဳလာရျပီဆုိရင္ အဲ႔ဒီေနရာကေနေပ်ာက္ကြယ္သြားခ်င္ေလာက္ေအာင္စိတ္ပ်က္၀မ္းနည္းအားငယ္မိတတ္ပါတယ္။ဘယ္သူမွမရွိတဲ႔ေနရာကုိပဲ ထြက္ေျပးသြားခ်င္တာမ်ိဳးေပါ့။အဲ႔ဒီလုိမလုပ္ပါနဲ႔။ျပႆနာဆုိတာ ေရွာင္ေျပးတုိင္းျပီးသြားတာမဟုတ္ပါဘူး။ဘယ္လိုျပႆနာေတြလာမလဲ၊အဲ႔ဒီျပႆနာေတြကုိေျဖရွင္းဖုိ႔အသင့္ရွိေနတာကိုုက ေအာင္ျမင္တဲ့လူတစ္ေယာက္ျဖစ္လာေစတာပါ။ဒီလုိျပႆနာေတြကုိက ကုိယ့္အတြက္အေကာင္းဆံုးစိန္ေခၚမႈေတြ၊သင္ခန္းစာေတြပါပဲ။

ဒါေၾကာင့္ ဆုိး၀ါးတဲ႔ေန႔ရက္ေတြဆက္တိုက္ၾကံဳလာရတဲ႔အခါ ကုိယ့္စိတ္ကုိအေကာင္းဆံုးထိန္းခ်ဳပ္ျပီး ျပႆနာတိုင္းကုိေျဖရွင္းႏုိင္တဲ႔ သတိၱမ်ိဳးေမြးပါ။

Unicode

လူတိုင်းမှာ အဆင်ပြေနေတဲ့နေ့တွေချည်းရှိတာမဟုတ်ပါဘူး။တစ်ခါတစ်လေ ကိုယ်မဖိတ်ခေါ်ထားတဲ့ပြဿနာတွေတက်မယ်။တစ်ခါတစ်လေကျ တစ်နေ့လုံးမှာ ပျော်စရာအတိဖြစ်နေလို့စိတ်ချမ်းသာရမယ်။တစ်ခါတစ်လေကျတော့ စိတ်ညစ်စရာရော၊ပျော်စရာရောဒွန်တွဲလို့ပေါ့။အဓိကက ဘယ်လိုပြဿနာတွေပဲကြုံလာကြုံလာ ကိုယ့်ဘက်ကနေ အကောင်းဆုံးပြန်တုံ့ပြန်နိုင်ရပါမယ်။တစ်ချို့က ပြဿနာတွေဆက်တိုက်ကြုံလာရတဲ့အခါ ဘာလုပ်လို့လုပ်ရမှန်းမသိ၊အမှားမှားအယွင်းယွင်းတွေဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့် Trend ပရိသတ်ကြီးအတွက် အလုပ်ကိစ္စဖြစ်စေ၊မိသားစုကိစ္စ၊လူမှုရေးကိစ္စ၊အချစ်ရေးကိုစ္စစသဖြင့် ပြဿနာတွေဆက်တိုက်ဆိုသလို ကြုံတွေ့လာရတဲ့အခါ ခေါင်းအေးအေးနဲ့ဒီအချက်လေးတွေအတိုင်းလုပ်ပါလို့ အကြံပေးလိုက်ပါတယ်။

*ပထမဆုံး ကိုယ်ဘာကိုအရင်ဆုံးထိန်းချုပ်ကိုင်တွယ်နိုင်မလဲ အာရုံစိုက်ပါ
မသေချာတဲ့အရာတွေထက် ကိုယ့်ဘက်က အကောင်းဆုံးလုပ်နိုင်မယ့်၊အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ထင်တဲ့ ပြဿနာကို အရင်ဆုံးအာရုံစိုက်ပါ။မျောက်သစ်ကိုင်းလွတ်သလိုမဖြစ်ပါစေနဲ့

*အရေးမပါ၊အသုံးမဝင်တဲ့အတွေးတွေကိုဖယ်ထုတ်ပါ
ဆိုးဝါးတဲ့အရာတွေကြုံလာရတဲ့အခါ အဆိုးမြင်အတွေးတွေထက် အကောင်းမြင်အတွေးတွေကိုသာ ခေါင်းထဲထည့်ထားရပါမယ်။သင့်ရဲ ့ကံမကောင်းမှုအတွက်ကိုယ့်ကိုယ့်ကိုယ်အပြစ်မတင်ပါနဲ့။ကိုယ့်ကိုုယ့်ကိုယ်မကောင်းမြင်တာတွေရပ်ပြီး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုသာစဉ်းစားပါ

*ယုံကြည်ရတဲ့သူငယ်ချင်းကိုဖွင့်ဟတိုင်ပင်ပါ
ဘယ်လိုပြဿနာတွေပဲကြုံကြုံ ကိုယ့်အတွက်ယုံကြည်ရတဲ့သူငယ်ချင်းကောင်းတစ်ယောက်ကိုရှာပြီးဖွင့်ဟတိုင်ပင်ပါ။သူတို့က သင့်ကိုအကြံဉာဏ်ကောင်းတွေပေးနိုင်သလို အားပေးနှစ်သိမ့်တာလည်း လုပ်ပေးနိုင်ပါတယ်။

*လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက မကောင်းမြင်စိတ်တွေကိုတွန်းထုတ်နိုင်သလို ဘာမဆိုဖြေရှင်းနိုင်တယ်ဆိုတဲ့စိတ်ခွန်အားမျိုးလည်းပေးစွမ်းနိုင်ပါတယ်။တရားထိုင်တာကလည်း စိတ်ကိုအေးချမ်းစေပြီး ပြဿနာတိုင်းရဲ့အဖြေကို မြင်လာစေပါတယ်။

*အရှုံးမပေးပါနဲ့
ပြဿနာတစ်စုံတစ်ခုကြုံလာတဲ့အခါ ဒီလိုဆိုးဝါးတဲ့အဖြစ်အပျက်တွေကို သင်ရပ်နိုင်မှာမဟုတ်ဘူးဆိုတာသတိရပါ။ဒီအဖြစ်အပျက်တွေဖြစ်လာတာကိုမတားဆီးနိုင်၊မရပ်နိုင်ပေမဲ့ အကျိုးဆက်ကိုတော့ပြောင်းလဲလို့ရတယ်ဆိုတာသတိရပါ။စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့လိုပါတယ်။ပွဲမစခင်ကတည်းက အရှုံးပေးထားရင် အရှုံးကိုပဲလက်ခံလိုက်ရမှာပါ။

*အစီအစဉ်ပြန်ဆွဲပါ
အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးအမှားအယွင်းတွေဖြစ်တဲ့အခါ၊ပြဿနာတွေတက်ရတဲ့အခါ အရင်ဆုံးဘယ်နေရာကစမှားခဲ့သလဲ အဖြေရှာပါ။ပြဿနာတိုင်းမှာ အစဆိုတာရှိပါတယ်။ပြီးရင် ဒီလိုအမှားမျိုးနောက်တစ်ခါထပ်မမှားရအောင် သေချာပြန်လုပ်ပါ။

*ပြဿနာတွေကိုရှောင်မပြေးပါနဲ့
ဘဝမှာ ဆိုးဝါးတဲ့နေ့ရက်တွေကြုံလာရပြီဆိုရင် အဲ့ဒီနေရာကနေပျောက်ကွယ်သွားချင်လောက်အောင်စိတ်ပျက်ဝမ်းနည်းအားငယ်မိတတ်ပါတယ်။ဘယ်သူမှမရှိတဲ့နေရာကိုပဲ ထွက်ပြေးသွားချင်တာမျိုးပေါ့။အဲ့ဒီလိုမလုပ်ပါနဲ့။ပြဿနာဆိုတာ ရှောင်ပြေးတိုင်းပြီးသွားတာမဟုတ်ပါဘူး။ဘယ်လိုပြဿနာတွေလာမလဲ၊အဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အသင့်ရှိနေတာကိုုက အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေတာပါ။ဒီလိုပြဿနာတွေကိုက ကိုယ့်အတွက်အကောင်းဆုံးစိန်ခေါ်မှုတွေ၊သင်ခန်းစာတွေပါ။

ဒါကြောင့် ဆိုးဝါးတဲ့နေ့ရက်တွေဆက်တိုက်ကြုံလာရတဲ့အခါ ကိုယ့်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပြီး ပြဿနာတိုင်းကိုဖြေရှင်းနိုင်တဲ့ သတ္တိမျိုးမွေးပါ။

287 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.