Asian version နဲ့ Fifty Shades of Grey ကိုကြည့်ဖို့ အဆင့်သင်ပဲလား ?

Fifty Shades of Grey ရဲ့ Asian version ဇာတ်ကားလေးကတော့ ” Crazy Rich Asians ” လို့ဖြစ်ပါတယ်။ Fifty Shades of Grey လို ဇာတ်လမ်း ၊ ဇာတ်အိမ်တွေ ဆင်တူနေတာမျိုးမဟုတ်ပါဘူး။အမေရိကန် ရိုမန်တစ် ဟာသဇာတ်ကားမျိုးဖြစ်ပြီး Kevin Kwan ရဲ့အရောင်းရဆုံး ဝတ္တုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

Image result for crazy rich asians movie

ဒါရိုက်တာက Jon M. Chu ပါ။ သရုပ်ဆောင်တွေကတော့ Henry Golding, Constance Wu, Gemma Chan, Lisa Lu, Nico Santos, Ken Jeong, Ronny Chieng နဲ့ Michelle Yeoh တို့ဖြစ်ပါတယ်။ Warner Bros. Picture ကနေ ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပါတယ်။ ဒီလ (၁၅)ရက်နေ့ထွက်ရှိမှာပါ။ ၁၉၉၃ခုနှစ်က The Joy Luck Club ဇာတ်ကားပြီးရင် အာရှသရုပ်ဆောင်တွေနဲ့ပြန်လည်ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ဇာတ်ကားဆိုရင် ဒီ Crazy Rich Asians က ပထမဆုံးလို့ ပြောရပါမယ်။

Image result for crazy rich asians movie

အမေရိကန်-အာရှစပ် အမျိုးသမီးတစ်ဦးက အမျိုးသားငယ်တစ်ဦးနဲ့ တွ့ဆုံချစ်ကြိုက်မိပြီး သူ့ရဲ့မိဘတွေနဲ့ လိုက်လံတွေ့ဆုံချိန်မှာတော့ သူတို့မိသားစုဟာ စင်ကာပူရဲ့အချမ်းသာဆုံး မိသားစုဖြစ်နေတာကို မထင်မှတ်ပဲ သိလိုက်ရသလို ၊ သူမချစ်သူဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဖြစ်နေတာကို သူမဘယ်လို ရင်ဆိုင်ကျော်ဖြတ်သွားမလိုဆိုတာ ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

Image result for crazy rich asians movie

64 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.