ကိုယ္႔ခ်စ္သူကိုကိုယ္႔နားကလုယူဖို႕ျကိုးစားလာျကတဲ႔အခါ…

လုယူတယ္ဆိုတဲ႔ ကိစၥေတြ စနိုက္ေျကာ္တယ္ဆိုတဲ႔ကိစၥေတြ ဆိုတာ သိပ္ကိုေအာက္တန္းက်လြန္းတဲ႔ကိစၥေတြပါ။ တရာဥပေဒအရလက္မထပ္ထားရေသးပင္မဲ႔ လူမႈေရးက်င္႔၀တ္အရေတာ႔
သူတစ္ပါးနဲ႕ရည္ငံေနတဲ႔လူကို လုယူ ဆြဲေဆာင္တာဟာလည္းသိပ္ကို ရြံဖို႕ေကာင္းပါတယ္။ ဒီလိုဆိုပင္မဲ႔လုပ္တဲ႔သူေတြကေတာ႔ အရွက္ေျကာက္မရွိအခုေခတ္ျကီးထဲမွာ ဒီလိုစိတ္မ်ိဳးထားေနတတ္ျကတာပါပဲ။ဒီလုိလူမ်ိဳးေတြကကိုယ္နဲ႕ကိုယ္႔ခ်စ္သူရဲ႕သာယာတဲ႔အခ်စ္ေရးျကား မေတာ္တဆ၀င္ေရာက္လာတဲ႔အခါ…
(၁) သင္႔ခ်စ္သူကို ယံုျကည္ပါ
သင္႔ခ်စ္သူရဲ႕အမွားမဟုတ္ပါပဲ တစ္ဖက္သား ရဲ႕အတင္းျကီး ၀င္ေရာက္ေနွာက္ယွက္မႈဆိုရင္ေတာ႔ သင္႔ခ်စ္သူအေပၚလံုး၀စိတ္မကြက္ပဲ ယံုျကည္ေျကာင္းသာျပပါ။ လူတုိင္းကကိုယ္႔အေပၚယံုျကည္တာကို ျကိုက္ျကပါတယ္။ အထူးသျဖင္႔ဒီလုိစိတ္ရႈပ္စရာေတြျကံုလာတဲ႔အခါကိုယ္႔ခ်စ္သူကိုခနဲ႕တာရြဲ႕တာမိ်ဳးမလုပ္ပဲ သူ႕အေပၚထားတဲ႔ကိုယ္႔ရဲ႕ယံုျကည္မႈကိုျပတတ္ပါေစ။
(၂) လြယ္လြယ္နဲ႕သင္တို႕အခ်စ္ေရးကို အျပိဳပ်က္မခံပါနဲ႕
ဘာမဟုတ္တဲ႔တဒဂၤအေနွာက္ယွက္ေလးနဲ႕ ကိုယ္ေတြရဲ႕ခ်စ္ေမတၱာေတြကိုေရစုန္အေမ်ာမခံပါနဲ႕။ ကိုယ္ေတြရဲ႕ရင္ဘတ္ျကီးနဲ႕ရင္းျပီခ်စ္ခဲ႔တဲ႔ တန္ဖိုးရွိတဲ႔ခ်စ္ျခင္းေမတၱာေတြ ကိုဒီေလာက္အရာေတြနဲ႕
အဆံုးမသတ္ပစ္ပါနဲ႕။
(၃) စကားျကမ္း အျပဳမူျကမ္းမသံုးမိပါေစနဲ႕
ကိုယ္႔ခ်စ္သူအေပၚေရာ တစ္ဖက္ကျကား၀င္လာတဲ႔သူအေပၚပါ စကားျကမ္းေတြေရာ အျပဳမူျကမ္းေတြေရာမလုပ္မိပါေစနဲ႕။ သူတစ္ပါးအျပစ္ကေနကိုယ္႔အျပစ္ျဖစ္သြားတဲ႔အခါ ကိုယ္ပဲလူဆိုးျကီးျဖစ္ျပီးက်န္ရစ္ျဖစ္သြားနိုင္ပါတယ္။
(၄) ကိုယ္ေတြခိုင္ျမဲေျကာင္းသိသာပါေစ
တကယ္ေတာ႔ ကိုယ္ေတြနွစ္ေယာက္ရဲ႕ေမတၱာသာခိုင္ျမဲရင္ ဘယ္လုိပဲေနွာက္ယွက္ေနွာက္ယွက္ ျကာျကာမခံပါဘူး။ ဒါေျကာင္႔စိတ္ရွည္ရွည္နဲ႕တစ္ေယာက္ေပၚတစ္ေယာက္ယံုျကည္နားလည္ရင္းေရွ႔ဆက္ပါ။
(၅) သူ႕အေပၚေမတၱာမပ်က္ေျကာင္းျပပါ
ကိုယ္ေတြျကား၀င္လာတဲ႔ သူအေပၚ ျကမ္းတမ္းျပီးကဲ႔ရဲ႕သလိုမဆက္ဆံပဲ သူတစ္ပါးဆီကလုယူတာမ်ိဳးဟာ ယုတ္ညံ႕ေျကာင္း ဘယ္အရာမဆို အတင္းလုယူထားရင္ျကာျကာ မခံေျကာင္း
နားလည္ေအာင္ခ်ျပျပီး သူ႕လုပ္ရပ္အေပၚကိုယ္ေတြ ခြင္႔လႊတ္ေျကာင္းျပပါ။ ဘယ္ေတာ႔မွာ အျငိဳးေတးျကီးနဲ႕မေျပာဆိုမဆက္ဆံမိပါေစနဲ႕။မလုိအပ္ပဲသူ႕အကုသိုလ္ကေနကိုယ္႔အကုသိုလ္ျဖစ္လာတဲ႔အခါ ပိုျပီးရႈပ္ေထြးသြားေစပါတယ္။ ျကား၀င္ေနွာက္ယွက္ျခင္းကင္းေ၀းတဲ႔ အခ်စ္ခရီးလမ္းေတြ ကိုေလ်ွာက္လွမ္းနုိင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

လုယူတယ်ဆိုတဲ့ ကိစ္စတွေ စနိုက်ကြော်တယ်ဆိုတဲ့ကိစ္စတွေ ဆိုတာ သိပ်ကိုအောက်တန်းကျလွန်းတဲ့ကိစ္စတွေပါ။ တရာဥပဒေအရလက်မထပ်ထားရသေးပင်မဲ့ လူမှုရေးကျင့်ဝတ်အရတော့
သူတစ်ပါးနဲ့ရည်ငံနေတဲ့လူကို လုယူ ဆွဲဆောင်တာဟာလည်းသိပ်ကို ရွံဖို့ကောင်းပါတယ်။ ဒီလိုဆိုပင်မဲ့လုပ်တဲ့သူတွေကတော့ အရှက်ကြောက်မရှိအခုခေတ်ကြီးထဲမှာ ဒီလိုစိတ်မျိုးထားနေတတ်ကြတာပါပဲ။ဒီလိုလူမျိုးတွေကကိုယ်နဲ့ကိုယ့်ချစ်သူရဲ့သာယာတဲ့အချစ်ရေးကြား မတော်တဆဝင်ရောက်လာတဲ့အခါ…
(၁) သင့်ချစ်သူကို ယုံကြည်ပါ
သင့်ချစ်သူရဲ့အမှားမဟုတ်ပါပဲ တစ်ဖက်သား ရဲ့အတင်းကြီး ဝင်ရောက်နှောက်ယှက်မှုဆိုရင်တော့ သင့်ချစ်သူအပေါ်လုံးဝစိတ်မကွက်ပဲ ယုံကြည်ကြောင်းသာပြပါ။ လူတိုင်းကကိုယ့်အပေါ်ယုံကြည်တာကို ကြိုက်ကြပါတယ်။ အထူးသဖြင့်ဒီလိုစိတ်ရှုပ်စရာတွေကြုံလာတဲ့အခါကိုယ့်ချစ်သူကိုခနဲ့တာရွဲ့တာမျိုးမလုပ်ပဲ သူ့အပေါ်ထားတဲ့ကိုယ့်ရဲ့ယုံကြည်မှုကိုပြတတ်ပါစေ။
(၂) လွယ်လွယ်နဲ့သင်တို့အချစ်ရေးကို အပြိုပျက်မခံပါနဲ့
ဘာမဟုတ်တဲ့တဒင်္ဂအနှောက်ယှက်လေးနဲ့ ကိုယ်တွေရဲ့ချစ်မေတ္တာတွေကိုရေစုန်အမျောမခံပါနဲ့။ ကိုယ်တွေရဲ့ရင်ဘတ်ကြီးနဲ့ရင်းပြီချစ်ခဲ့တဲ့ တန်ဖိုးရှိတဲ့ချစ်ခြင်းမေတ္တာတွေ ကိုဒီလောက်အရာတွေနဲ့
အဆုံးမသတ်ပစ်ပါနဲ့။
(၃) စကားကြမ်း အပြုမူကြမ်းမသုံးမိပါစေနဲ့
ကိုယ့်ချစ်သူအပေါ်ရော တစ်ဖက်ကကြားဝင်လာတဲ့သူအပေါ်ပါ စကားကြမ်းတွေရော အပြုမူကြမ်းတွေရောမလုပ်မိပါစေနဲ့။ သူတစ်ပါးအပြစ်ကနေကိုယ့်အပြစ်ဖြစ်သွားတဲ့အခါ ကိုယ်ပဲလူဆိုးကြီးဖြစ်ပြီးကျန်ရစ်ဖြစ်သွားနိုင်ပါတယ်။
(၄) ကိုယ်တွေခိုင်မြဲကြောင်းသိသာပါစေ
တကယ်တော့ ကိုယ်တွေနှစ်ယောက်ရဲ့မေတ္တာသာခိုင်မြဲရင် ဘယ်လိုပဲနှောက်ယှက်နှောက်ယှက် ကြာကြာမခံပါဘူး။ ဒါကြောင့်စိတ်ရှည်ရှည်နဲ့တစ်ယောက်ပေါ်တစ်ယောက်ယုံကြည်နားလည်ရင်းရှေ့ဆက်ပါ။
(၅) သူ့အပေါ်မေတ္တာမပျက်ကြောင်းပြပါ
ကိုယ်တွေကြားဝင်လာတဲ့ သူအပေါ် ကြမ်းတမ်းပြီးကဲ့ရဲ့သလိုမဆက်ဆံပဲ သူတစ်ပါးဆီကလုယူတာမျိုးဟာ ယုတ်ညံ့ကြောင်း ဘယ်အရာမဆို အတင်းလုယူထားရင်ကြာကြာ မခံကြောင်း
နားလည်အောင်ချပြပြီး သူ့လုပ်ရပ်အပေါ်ကိုယ်တွေ ခွင့်လွှတ်ကြောင်းပြပါ။ ဘယ်တော့မှာ အငြိုးတေးကြီးနဲ့မပြောဆိုမဆက်ဆံမိပါစေနဲ့။မလိုအပ်ပဲသူ့အကုသိုလ်ကနေကိုယ့်အကုသိုလ်ဖြစ်လာတဲ့အခါ ပိုပြီးရှုပ်ထွေးသွားစေပါတယ်။ ကြားဝင်နှောက်ယှက်ခြင်းကင်းဝေးတဲ့ အချစ်ခရီးလမ်းတွေ ကိုလျှောက်လှမ်းနိုင်ကြပါစေလို့ဆုတောင်းရင်း…

249 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.