အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် မှားယွင်းစွာပြုလုပ်မိနေတဲ့ အမှားတွေ

ကြောင်လေးတွေ၊ ခွေးလေးတွေကို ချစ်လို့မွေးကြတာချည်းပါပဲ။ သူတို့လေးတွေကို အကောင်းဆုံး
စောင့်ရှောက်ပေးချင်ကြတယ်။ ဒါပေမယ့် ပြုစုယုယနည်းကို မှန်မှန်ကန်ကန်မသိတဲ့အခါ ကလေး
တွေကို ထိခိုက်မှုတွေဖြစ်စေပါတယ်။ ကိုယ်ကတော့ စေတနာနဲ့မှန်ပေမယ့် နည်းလမ်းမမှန်ရင် အကျိုးမရှိဘူးလေ။ ဒါကြောင့်ဖြစ်တတ်တဲ့ ပြဿနာလေးတွေကြောင့် သွေးမတက်ရလေအောင် သတိထားစရာလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

တစ်ချိန်တည်းမှာပဲ ကြောင်စာနဲ့ အသားကို ဆက်တိုက်ကျွေးမိခြင်း


အစပိုင်းမှာ ကြောင်ကို သဘာဝအစားစာ (သို့) ကြောင်စာအခြောက်လေးတွေပဲ ကျွေးသင့်ပါတယ်။
အသားလည်း ကျွေးချင်တယ်ဆိုရင် ကြောင်လေးရဲ့အစာခြေစနစ်မှာ ပြဿနာရှိနိုင်ပြီး negative effect ကိုပဲဖြစ်စေမှာပါ။ သဘာဝအစားစာကို ရွေးချယ်ချင်တယ်ဆိုရင် တကယ်ကျွမ်းကျင်တဲ့ တိရစ္ဆာန်ဆရာဝန်တွေ အကြံပေးတဲ့ အစားစာကို ဝယ်ယူပါ။ ပုံမှန် တစ်နေ့ကိုတစ်ခေါက်တော့ သူတို့သောက်တဲ့ ရေကိုလဲပေးဖို့ မမေ့ပါနဲ့။ ကြောင်လေးတွေရဲ့ ရေဓာတ်ပြည့်ဝမှုကလည်း အရေးကြီးပါတယ်။

တစ်နှစ်နေမှ တစ်ခေါက်သာ ဆေးခန်းသွားပြခြင်း


ကလေးတွေကို ပုံမှန် ဆေးခန်းခေါ်သွားပေးဖို့လိုပါတယ်။ ဒါဟာ သူတို့မှာဖြစ်နိုင်တဲ့ ရောဂါပိုးမွှားတွေအတွက် စိတ်ချရပြီး သူတို့ဘာဖြစ်နေလဲဆိုတာ သေချာသိနိုင်တယ်။ ဖြစ်မှသွားကုနေရင် ကြောင်လည်း မသက်သာ ၊ သင်လည်းစိတ်ချမ်းသာရမှာမဟုတ်ပါဘူး။ သူများနိုင်ငံတွေမှာတော့ ကြောင်လေးတွေအတွက် ID ကတ်တွေလုပ်ကြတယ်။ သူတို့နိုင်ငံတွေမှာတော့က အိမ်မွေးတိရစ္ဆာန်ဆိုပေမယ့် ကိုယ့်မိသားစုဝင် တစ်ယောက်လိုသတ်မှတ်တာကိုး။

ပြတင်းပေါက်အနားမှာ သူတို့ကိုပေးသွားခြင်း


ကြောင်ပဲဖြစ်ဖြစ်၊ ခွေးပဲဖြစ်ဖြစ် ပြတင်းပေါက်နားမှာ ထိုင်ပြီးအပြင်မျှော်ကြည့်ရတာကို နှစ်သက်
ကြတယ်။ အပြင်မှာတွေ့တဲ့ အကောင်ပလောင်တွေကိုလည်း သူတို့က ဖမ်းချင်သေးတယ်။ပြတင်းပေါက်က ပိတ်ထားရင် ကိစ္စမရှိပေမယ့် ဖွင့်ထားတဲ့အခါ စွေ့ခနဲ ခုန်ထွက်သွားပြီး သူတို့အန္တရာယ်ကို သိချင်မှသိလိမ့်မယ်။ အဲ့ဒီအခါကျ လက်သည်းလေးတွေ၊ ကျောရိုးတွေ ကျိုးတာတို့ဖြစ်တတ်ပြီး သေတောင် သေစေနိုင်ပါတယ်။ တကယ့် ကလေးတွေလိုပါပဲ။ မျက်စိလွှဲထားလို့မရပါဘူး။ တံခါးတွေဖွင့်လျက်နဲ့ သူတို့ကိုမလွှတ်ထားပါနဲ့နော်။

တစ်ကိုယ်ရည်သန့်စင်မှု မပြုလုပ်ပေးခြင်း


တစ်ချို့ တွေ မွေးသာ မွေးထားတာ ။ ကြောင်ကို ဘာမှမလုပ်ပေးတော့ ညစ်ပတ်ပေတူးနေရော။
အမွှေးလည်း မဖြီးပေး ၊ သွားလည်း မတိုက် ၊ ရေလည်းမချိုးပေးတော့ အနံ့ကထွက်ပြီလေ။ လူတွေအနားသွားရင်တောင် အနံ့ကြောင့် ကိုယ်ကြောင်လေး မျက်နှာငယ်နေရမယ်။ ပုံမှန် တစ်ကိုယ်ရည်သန့်စင်မှုလေးတွေ လုပ်ပေးပါ။ အရေပြား ပိုးမွှားတွေပေါက်ဖွားနိုင်ပြီး မှိုတွေစွဲနိုင်ပါတယ်။၆လတစ်ကြိမ်လောက် ကြောင်လေးတွေကို anti-parasitic shampoos နဲ့ ရေချိုးပေးသင့်ပါတယ်။

ခေါင်းကနေ ရေစချိုးပေးခြင်း


ရေချိုးတဲ့အခါ သူတို့လေးတွေ ခေါင်းကို ရေအရင်လောင်းတာမျိုးမလုပ်ပါနဲ့။ သူ့ကို တစ်ကိုယ်လုံး
သန့်စင်ပေးပြီးပြီဆိုမှ ခေါင်းကနေရေစလောင်းပေးပါ။ ခေါင်းကနေစပြီးရေစလောင်းပေးရင် ရေချိုးနေတဲ့တစ်လျှောက်လုံး သူအရမ်းအေးနေလိမ့်မယ်။ ခွေးတွေရဲ့သွားကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ ဆရာဝန်ဆီခေါ်သွားပြီး သွားတွေ စစ်ဆေးပါ။ သန့်ရှင်းရေး လုပ်ပေးစရာရှိလုပ်ပေးလိုက်ပါ။ ကိုယ့်ဘာသာ special သွားတိုက်တံဝယ်ပြီး အိမ်မှာအချိန်ပေးတိုက်လည်း ရတယ်နော်။

သူတို့လေးတွေကို အိမ်မှာ တစ်ကောင်တည်းထားပစ်ခဲ့ခြင်း

အိမ်မှာ မဖြစ်မနေထားခဲ့ရမယ်ဆိုရင် အချိန်အကြာကြီးတော့ မထားပစ်ပါနဲ့။ သူတို့က အဖော်အရမ်း
မင်တာလေ။ တစ်ယောက်တည်း အထီးကျန်နေရင် သူတို့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပါတယ်။ စိတ်တိုပြီး အိမ်ကပစ္စည်းတွေ လျှောက်ကိုက်ချင်လည်း ကိုင်တတ်တယ်။ အရမ်းပျင်းလွန်းလို့ အင်အားတွေ ကုန်သွားလိမ့်မယ်။ မတော်တဆ ထမင်းစားချိန်လွတ်သွားရင် သူတို့ ဗိုက်အရမ်းဆာနေမယ်ဆိုတာ တွေးပါ။ ဒါကြောင့် သူတို့ကိုမွေးပြီဆို သေချာအနီးကပ် ဂရုစိုက်နိုင်၊ အချိန်ပေးနိုင်မှ
မွေးတာ အကောင်းဆုံးပါပဲ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.