သင့်ချစ်သူရဲ့မပြီးပြည့်စုံခြင်းတွေအပေါ်နားလည်နိုင်တဲ့အချစ်မျိုးနဲ့ချစ်ပါစေ…
Unicode
ခေါင်းစဉ်ဖတ်ပြီးတော့နည်းနည်းတော့ကြောင်သွားကြမယ်ထင်တယ်…ဒါပင်မဲ့သေချာလေးဖတ်ကြည့်ရင်းဖတ်ကြည့်ရင်းဆိုလိုတဲ့အဓိပ္ပါယ်ကိုလေးလေးနက်နက်ခံစားမိကြမှာပါ။
ဒီလိုရှိတယ်ဗျ…လူတစ်ယောက်အပေါ်ချစ်မိသွားတယ်ဆိုတာ ပြီးပြည့်စုံတဲ့လူတစ်ယောက်ကိုရှာတွေ့သွားတာမဟုတ်ပဲ သူ့ရဲ့မပြီးပြည့်စုံမှုတွေကို နားလည်ပေးမိသွားတာမျိုးဆိုတာ လူတိုင်း
နားလည်ထားသင့်တဲ့အရာပါ။ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့သူတွေဟာ ဒီလူရဲ့အားနည်းချက်တွေကို နားလည်ထားပြီးသားလူတစ်ယောက်ဖြစ်နေမှာ အသေချာပါပဲ။ လွယ်လွယ်ရှင်းရှင်းဥပမာ ပေးရရင်ကိုယ့်မိဘတွေနဲ့ပဲကြည့်ကြပါစို့…အဖေဆိုတဲ့အမျိုးသားက အမေဆိုတဲ့အမျိုးသမီးနဲ့ချစ်ခဲ့ကြတယ် ကြိုက်ခဲ့ကြတယ်..ဒီလိုချစ်ခဲ့ကြိုက်ခဲ့တာဟာ အဖေဟာပြီးပြည့်စုံလို့ အမေကချစ်ခဲ့တာမဟုတ်သလို အမေကပြစ်မျိုးမှဲ့မထင်လှနေလို့ အဖေကတစ်ဘဝလုံးအတွက်လက်တွဲခဲ့တာမျိုးကြီးမဟုတ်ပါဘူး။ လူတိုင်းမှာရယ်ပြီးပြည့်စုံတယ်ရယ်မှမရှိတတ်ကြတာပဲ…ကဲ..ဆိုတော့ ချစ်တယ်ဆိုတာဘယ်လိုလဲပေါ့ ဘာကြောင့်တစ်ဘဝလုံးထိလက်တွဲပြီးချစ်သွားကြတာလဲပေါ့… တစ်ယောက်နဲ့တစ်ယောက်နက်နက်ရှိုင်းရှိုင်းမေတ္တာရှိသွားကြတဲ့အချိန်မှာ ချစ်တာတွေကြိုက်တာတွေထက် သည်းခံမှုတွေ နားလည်ပေးမှု တွေ ကြင်နာယုယမှုတွေကပိုလို့နေရာယူနေတတ်ကြတာပါ။ လူတစ်ယောက်မှာရှိတဲ့ပြီးပြည့်စုံခြင်းဆိုတာတွေကိုပဲ လက်ခံပြီးချစ်သွားတာမျိုးမဟုတ်ပဲ မပြီးပြည့်စုံခြင်းတွေကိုပါ နားလည်လက်ခံလာတတ်ကြတာမျိုးပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးတဲ့အခါမှာ သူ့ရဲဲ့မပြည့်စုံတဲ့အပိုင်းတွေလည်းတတ်နိုင်သလောက်ချစ်ခြင်းမေတ္တာနဲ့နားလည်လက်ခံပေးနိုုင်ပါစေ…ဒါဆိုရင်တော့သင့်ဘဝမှာအချစ်အတွက်ရယ်နောင်တရစရာကိစ္စရှိလာနိုင်မှာမဟုတ်ပါဘူး…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.