ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရင်း စားကြတဲ့ အစားသောက်တွေက ဘာတွေဖြစ်မလဲ 

ဒီမှာတော့ ရုပ်ရှင်ကြည့်ရင် ပြောင်းဖူးပေါက်ပေါက်နဲ့ အာလူးကြော်၊ ငုံးဥ စသဖြင့် စားကြတယ်။ ကိုရီးယားတွေရဲ့ ထုံးစံအရရော သူတို့ဆီမှာ ရုပ်ရှင်ကြည့်ရင် ဘာတွေစားကြလဲဆိုတာ ပြောပြပေးသွားမယ်နော်။

ပြောင်းဖူးပေါက်ပေါက် 

half and half

ပြောင်ဖူးပေါက်ပေါက်ကတော့ နိုင်ငံတိုင်းမှာ ရုပ်ရှင်ကြည့်ရင်း စားတဲ့ဓလေ့တစ်ခုဖြစ်နေပါပြီ။ နိုင်ငံအများစုမှာတော့ ထောပတ်လေးတွေစမ်းပေးပြီး စားချင်စဖွယ် ပြောင်ဖူးပေါက်ပေါက်ကိုလုပ်ထားပေမယ့် တောင်ကိုရီးယားမှာ ထောပတ်အနံ့လောက်သာထည့်ပြီး စားကြပါတယ်။ ဒါ့အပြင် ပြောင်းဖူးပေါက်ပေါက်မှာ ကိုယ်ကြိုက်တဲ့အရသာနဲ့ ရွေးချယ်လို့လည်း ရပါတယ်။ ချိစ်၊ သကြားအရသာ၊ ကြက်သွန်နဲ့ ကြက်သွန်နီစသဖြင့် အရသာရွေးလို့ရတယ်။ နှစ်ယောက် တစ်ခွက်ကို အရသာနှစ်မျိုးနဲ့ တစ်ဝက်စီခွဲထည့်မှာလို့လည်းရတယ်။

 

Hot dogs

hotdog

ယူအက်စ်မှာလည်း ဟော့ဒေါ့ကို တော်တော်စားကြပါတယ်။ တောင်ကိုရီးယားမှာတော့ ရုပ်ရှင်ကြည့်ရင်းစားတဲ့ movie snack အဖြစ်သတ်မှတ်ထားပါတယ်။ ဟော့ဒေါ့လေးကို စက္ကူဘူးလေးထဲထည့်ပြီး စားချင်စရာဖြစ်အောင် အမျိုးမျိုး ဒီဇိုင်းထွင်ပြင်ဆင်ကြတယ်။

 

ကင်းမွန်ငါး

squid

ထောပတ် မွှေးမွှေးလေးနဲ့ ကင်းမွန်ငါးကို တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရင်းစားရတာ အရသာတစ်မျိုးပါပဲ။ ကင်းမွန်လေးကို ကြော်ပြီး အပေါ်ကထောပတ်ပူပူလေးစမ်းထားတာ။ ပူပူနွေးနွေးဆိုတော့ စားရတာ ပါးစပ်ထဲ ပိုအရသာကောင်းတာပေါ့။ ပြောင်းဖူးပေါက်ပေါက်ထက် ဒီ snack လေးက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။

cuttlefish

တစ်ချို့ ဆို ကင်းမွန်ငါးခြောက်ကို မှာကြတယ်။ ပါးစပ်ထဲမှာ ပျော်ဝင်နေရော။

Nachos 

nachos

တောင်ကိုရီးယားမှာလည်း Nachos ကိုကြိုက်ကြပါတယ်။ cheese sauce နဲ့ sour creamလေးတွေဘေးနားမှာ ထည့်ပေးထားတယ်။ တို့ပြီး စားလိုက်၊ ရုပ်ရှင်လေးကြည့်လိုက်နဲ့ တကယ်ကို ရှယ်ပဲ ။

 

 

 

 

 

 

 

218 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.