သေဘာက်တပ္မက္စိတ္ကုိ အခ်စ္လို႔ အထင္မမွားမိပါေစနဲ႔…💌

ဘ၀မွာေနထုိင္လာရင္းနဲ႔ ကုိယ္သေဘာက်ရတဲ႔တစ္စံုတစ္ေယာက္ေတြ႔လာျပီဆုိပါစုိ႔။အခ်စ္ဆုိတဲ႔ခံစားခ်က္မျဖစ္လာခင္မွာ အရင္ဆံုးစိတ္ထဲမွာသေဘာက်တပ္မက္စိတ္ဆုိတာ ျဖစ္လာတတ္ပါတယ္။တစ္ခါတစ္ေလက် အဲ႔ဒီအဆင့္မွာတင္ ရပ္သြားၾကတယ္။တစ္ခါတစ္ေလက် သေဘာက်တပ္မက္စိတ္ထက္ပုိျပီး အခ်စ္စစ္ဆုိတဲ႔ခံစားခ်က္ကုိေရာက္သြားၾကတယ္။တကယ္ေတ့ာ ဒီလူတစ္ေယာက္ကုိသေဘာက်တယ္၊ခ်စ္တယ္လို႔ေျပာေနသည့္တိုင္ စိတ္ထဲက တကယ္ခ်စ္တာျဖစ္ခ်င္မွျဖစ္မွာပါ။တမင္ၾကီး ခ်စ္ၾကည့္ဖုိ႔ၾကိဳးစားေနတာလည္းျဖစ္ႏုိင္တာပဲေလ။

လူတစ္ေယာက္ကုိမ်က္စိက်ေနျပီဆုိရင္ေတာင္ ဒီလူကို ကုိယ္သေဘာက်တပ္မက္စိတ္နဲ႔ခ်စ္တယ္ထင္ေနလား၊တကယ့္ကုိခ်စ္ေနတာလားဆုိတာ ကုိယ္ကုိယ္တုိင္လည္းသိႏုိင္ဖုိ႔လိုပါတယ္။တစ္ခါတစ္ေလ ကုိယ့္ကုိယ့္ကုိယ္ေတာင္ ျပန္ညာတတ္ၾကတယ္မဟုတ္လား။ရုပ္ေခ်ာတယ္၊အက်င့္စာရိတၱေကာင္းတယ္။ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္ဆုိျပီး သေဘာက်စိတ္ကုိ အခ်စ္စိတ္အျဖစ္ၾကိဳးစားျပီးေျပာင္းတတ္ၾကတယ္။အဲ႔ဒီအခါ ကုိယ္ပဲစိတ္ပင္ပန္းရပါတယ္။ကုိယ္သူ႔ကုိတကယ္မခ်စ္တာ ကုိယ္ကုိယ္တုိင္ေတာ့သိတယ္ေလ။

အခ်စ္ဆုိတဲ႔ခံစားခ်က္မျဖစ္ခင္ သေဘာက်တပ္မက္စိတ္ဆုိတဲ႔ခံစားခ်က္ဆုိတာ ဘယ္လိုမ်ားလဲ။
အဲ႔ဒီသူက ရုပ္ေခ်ာလို႔၊ဆြဲေဆာင္မႈရွိလုိ႔၊သူနဲ႔တြဲရင္ လိုက္ဖက္မွာပဲ။သူနဲ႔တဲြရင္ေတာ့ ငါ့ကုိ တစ္ျခားမိန္းကေလးေတြ မနာလိုၾကမွာပဲဆုိျပီး ေတြးေနမိမယ္။ဒါမွမဟုတ္ သူက ဥစၥာေပါရုပ္ေခ်ာေလးမို႔ သူနဲ႔တြဲရင္ စိတ္ခ်မ္းသာရမွာပဲဆုိျပီးေတာ့ေပါ့။ဒီလုိမ်ိဳးရုပ္ပုိင္းဆုိင္ရာေတြကုိ သေဘာက်ႏွစ္သက္ေနတာမ်ိဳးက တပ္မက္စိတ္ပါပဲ။ျပီးေတာ့ အခ်စ္ဆုိတဲ႔ခံစားခ်က္မပါပဲ အတူတူရွိေနဖုိ႔ၾကိဳးစားေနတာကလည္း ေနာက္ပုိင္းက် ကုိယ္ပဲစိတ္ပင္ပန္းရမွာပါ။တစ္ေယာက္အေၾကာင္းလည္းတစ္ေယာက္ေသခ်ာမသိပဲ အျပင္ပန္းပံုစံနဲ႔တင္ အခ်စ္ဆုိတဲ႔ေခါင္းစဥ္တပ္လုိ႔မရပါဘူး။

ဒါဆုိ အခ်စ္ဆုိတဲ႔ခံစားခ်က္က ဘယ္လိုလဲ။အခ်စ္ဆုိတာ ခံစားခ်က္တစ္ခုထက္ေတာင္ပုိပါတယ္။ဘာလို႔ခ်စ္တာလဲဆုိတာကုိ ေဖာ္ျပလိုု႔မရဘူးဆုိတာ တကယ္ေတာ့ အပုိေတြေျပာၾကတာမဟုတ္ပါဘူး။လူတစ္ေယာက္ကုိ အေၾကာင္းျပခ်က္ေတြမရွိပဲ ခ်စ္မိသြားတာကမွ အခ်စ္ဆုိတဲ႔ခံစားခ်က္ပါ။သူနဲ႔အတူတူရွိေနရင္ က်န္တာဘာမွမလိုဘူး။ျပည့္စံုတယ္။လံုျခံဳတယ္လို႔ခံစားေနရတာကသာ အခ်စ္ပါ။ျပီးေတာ့ တစ္ေယာက္ရဲ ႔အတိတ္အေၾကာင္းတစ္ေယာက္ဖြင့္ေျပာျပဖုိ႔၀န္မေလးတတ္တာ၊ဆုိး၀ါးတဲ႔ေန႔ေတြၾကံဳလာရင္တစ္ေယာက္ကုိတစ္ေယာက္စိတ္မပ်က္သြားပဲ အားေပးခ်င္တဲ႔စိတ္ေတြရွိေနတာ၊သာတယ္နာတယ္မတြက္ပဲ တစ္ေယာက္ကုိတစ္ေယာက္ေဖးမခ်င္တဲ႔စိတ္ေတြရွိတာက အခ်စ္ပါပဲ။

တကယ္ေတာ့ သေဘာက်တာနဲ႔ခ်စ္တာ အကြာၾကီးပါပဲ။တစ္ခ်ိဳ႔က သေဘာက်စိတ္ကုိ အခ်စ္လို႔ေခါင္းစဥ္တပ္ျပီး ကိုယ့္ကုိယ့္ကုိယ္ညာေနၾကတာပါ။ကုိယ့္ကိုယ့္ကုိယ္ညာရင္ ကုိယ္ပဲစိတ္ပင္ပန္းမွာပါေနာ္။ကုိယ္ခ်စ္တဲ႔သူနဲ႔အတူရွိေနရတဲ့အခ်ိန္အခိုက္အတန္႔ခံစားခ်က္နဲ႔ ကုိယ္သေဘာက်တဲ႔သူနဲ႔
အတူရွိေနရတဲ႔အခ်ိန္ခံစားခ်က္က ကြာျခားတယ္ဆုိတာ ကုိယ္တိုင္လည္းသတိထားမိမွာပါ။အားလံုးပဲ အခ်စ္နဲ႔ သေဘာက်တပ္မက္တာကုိခြဲျခားႏုိင္ပါေစ ❤️

Unicode

ဘဝမှာနေထိုင်လာရင်းနဲ့ ကိုယ်သဘောကျရတဲ့တစ်စုံတစ်ယောက်တွေ့လာပြီဆိုပါစို့။အချစ်ဆိုတဲ့ခံစားချက်မဖြစ်လာခင်မှာ အရင်ဆုံးစိတ်ထဲမှာသဘောကျတပ်မက်စိတ်ဆိုတာ ဖြစ်လာတတ်ပါတယ်။တစ်ခါတစ်လေကျ အဲ့ဒီအဆင့်မှာတင် ရပ်သွားကြတယ်။တစ်ခါတစ်လေကျ သဘောကျတပ်မက်စိတ်ထက်ပိုပြီး အချစ်စစ်ဆိုတဲ့ခံစားချက်ကိုရောက်သွားကြတယ်။တကယ်တေ့ာ ဒီလူတစ်ယောက်ကိုသဘောကျတယ်၊ချစ်တယ်လို့ပြောနေသည့်တိုင် စိတ်ထဲက တကယ်ချစ်တာဖြစ်ချင်မှဖြစ်မှာပါ။တမင်ကြီး ချစ်ကြည့်ဖို့ကြိုးစားနေတာလည်းဖြစ်နိုင်တာပဲလေ။

လူတစ်ယောက်ကိုမျက်စိကျနေပြီဆိုရင်တောင် ဒီလူကို ကိုယ်သဘောကျတပ်မက်စိတ်နဲ့ချစ်တယ်ထင်နေလား၊တကယ့်ကိုချစ်နေတာလားဆိုတာ ကိုယ်ကိုယ်တိုင်လည်းသိနိုင်ဖို့လိုပါတယ်။တစ်ခါတစ်လေ ကိုယ့်ကိုယ့်ကိုယ်တောင် ပြန်ညာတတ်ကြတယ်မဟုတ်လား။ရုပ်ချောတယ်၊အကျင့်စာရိတ္တကောင်းတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပြီး သဘောကျစိတ်ကို အချစ်စိတ်အဖြစ်ကြိုးစားပြီးပြောင်းတတ်ကြတယ်။အဲ့ဒီအခါ ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။ကိုယ်သူ့ကိုတကယ်မချစ်တာ ကိုယ်ကိုယ်တိုင်တော့သိတယ်လေ။

အချစ်ဆိုတဲ့ခံစားချက်မဖြစ်ခင် သဘောကျတပ်မက်စိတ်ဆိုတဲ့ခံစားချက်ဆိုတာ ဘယ်လိုများလဲ။
အဲ့ဒီသူက ရုပ်ချောလို့၊ဆွဲဆောင်မှုရှိလို့၊သူနဲ့တွဲရင် လိုက်ဖက်မှာပဲ။သူနဲ့တွဲရင်တော့ ငါ့ကို တစ်ခြားမိန်းကလေးတွေ မနာလိုကြမှာပဲဆိုပြီး တွေးနေမိမယ်။ဒါမှမဟုတ် သူက ဥစ္စာပေါရုပ်ချောလေးမို့ သူနဲ့တွဲရင် စိတ်ချမ်းသာရမှာပဲဆိုပြီးတော့ပေါ့။ဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာတွေကို သဘောကျနှစ်သက်နေတာမျိုးက တပ်မက်စိတ်ပါပဲ။ပြီးတော့ အချစ်ဆိုတဲ့ခံစားချက်မပါပဲ အတူတူရှိနေဖို့ကြိုးစားနေတာကလည်း နောက်ပိုင်းကျ ကိုယ်ပဲစိတ်ပင်ပန်းရမှာပါ။တစ်ယောက်အကြောင်းလည်းတစ်ယောက်သေချာမသိပဲ အပြင်ပန်းပုံစံနဲ့တင် အချစ်ဆိုတဲ့ခေါင်းစဉ်တပ်လို့မရပါဘူး။

ဒါဆို အချစ်ဆိုတဲ့ခံစားချက်က ဘယ်လိုလဲ။အချစ်ဆိုတာ ခံစားချက်တစ်ခုထက်တောင်ပိုပါတယ်။ဘာလို့ချစ်တာလဲဆိုတာကို ဖော်ပြလိုု့မရဘူးဆိုတာ တကယ်တော့ အပိုတွေပြောကြတာမဟုတ်ပါဘူး။လူတစ်ယောက်ကို အကြောင်းပြချက်တွေမရှိပဲ ချစ်မိသွားတာကမှ အချစ်ဆိုတဲ့ခံစားချက်ပါ။သူနဲ့အတူတူရှိနေရင် ကျန်တာဘာမှမလိုဘူး။ပြည့်စုံတယ်။လုံခြုံတယ်လို့ခံစားနေရတာကသာ အချစ်ပါ။ပြီးတော့ တစ်ယောက်ရဲ ့အတိတ်အကြောင်းတစ်ယောက်ဖွင့်ပြောပြဖို့ဝန်မလေးတတ်တာ၊ဆိုးဝါးတဲ့နေ့တွေကြုံလာရင်တစ်ယောက်ကိုတစ်ယောက်စိတ်မပျက်သွားပဲ အားပေးချင်တဲ့စိတ်တွေရှိနေတာ၊သာတယ်နာတယ်မတွက်ပဲ တစ်ယောက်ကိုတစ်ယောက်ဖေးမချင်တဲ့စိတ်တွေရှိတာက အချစ်ပါပဲ။

တကယ်တော့ သဘောကျတာနဲ့ချစ်တာ အကွာကြီးပါပဲ။တစ်ချို့က သဘောကျစိတ်ကို အချစ်လို့ခေါင်းစဉ်တပ်ပြီး ကိုယ့်ကိုယ့်ကိုယ်ညာနေကြတာပါ။ကိုယ့်ကိုယ့်ကိုယ်ညာရင် ကိုယ်ပဲစိတ်ပင်ပန်းမှာပါနော်။ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေရတဲ့အချိန်အခိုက်အတန့်ခံစားချက်နဲ့ ကိုယ်သဘောကျတဲ့သူနဲ့
အတူရှိနေရတဲ့အချိန်ခံစားချက်က ကွာခြားတယ်ဆိုတာ ကိုယ်တိုင်လည်းသတိထားမိမှာပါ။အားလုံးပဲ အချစ်နဲ့ သဘောကျတပ်မက်တာကိုခွဲခြားနိုင်ပါစေ

469 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.