ပရိသတ်တွေစိတ်မပူရလေအောင် သတင်းကောင်းလေးပြောပြခဲ့တဲ့ Kim Yoo Jung
Image result for kim yoo-jung thyroid surgery
Unicode
ငယ်ရွယ်တဲ့မင်းသမီးချောလေး Kim Yoo Jung တစ်ယောက် ကျန်းမာရေးအခြေအနေကြောင့်ဆေးကုသခံယူနေခဲ့တာ လအနည်းငယ်ကြာပါပြီ။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သူမရဲ ့သွိုင်းရွိုက်ခွဲစိတ်ကုသမှုကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေလည်းနားထားပြီးအေးအေးဆေးဆေး အနားယူနေခဲ့တာပါ။အခုလက်ရှိမှာ “Clean with Passion for Now” လို့နာမည်ပေးထားတဲ့ဇာတ်လမ်း
တွဲရိုက်ကူးရင်းတန်းလန်း ကျန်းမာရေးညံ့ခဲ့တာကြောင့် ရပ်ခဲ့ရတာပဲဖြစ်ပါတယ်။
ၾသဂုတ်လ ၄ရက်နေ့ကတော့ Kim Yoo Jung က သူမရဲ ့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်ကနေ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး  ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။လှပတဲ့ပန်းစည်းကြီးရယ်၊တောက်ပတဲ့အပြုံးလေးရယ် ပါဝင်တဲ့ဓာတ်ပုံလေးကိုတင်ခဲ့ပြီး “ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ကျွန်မရဲ ့ကျန်းမာရေးအခြေအနေက အရင်ကထက်ပိုကောင်းလာပါပြီ။အခုရက်ပိုင်းအတွင်းမှာလည်း ပျော်ရွှင်နေရပါတယ်။မကြာခင်ပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့နိုင်ပါလိမ့်မယ်။ကျွန်မကိုချစ်ခင်စွာနဲ့စောင့်စားပေးနေတဲ့ပရိသတ်တိုင်းကိုကျေးဇူးတင်ပါတယ်”ဆိုပြီးတင်ပေးခဲ့တာပါ။နေပြန်ကောင်းလာတာနဲ့ သူမရဲ ့ပရိသတ်ကြီးစိတ်မပူရလေအောင်သတင်းကောင်းလေးပြောပြခဲ့တာပဲဖြစ်ပါတယ်။
https://instagram.com/p/BmDaltTgTq8/?utm_source=ig_embed&utm_campaign=embed_loading_state_control
မကြာခင်မှာတော့ “Clean with Passion for Now” ဇာတ်လမ်းတွဲကိုပြန်လည်ရိုက်ကူးတော့မှာဖြစ်ပြီး နိုဝင်ဘာလလောက်မှာ ထုတ်လွှင့်ပြသနိုင်မယ်လို့သိရပါတယ်။မင်းသမီးချောလေး kim-yoo-jung ရဲ ့နေကောင်းခါစမျက်နှာလေးကို ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။
118 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.