ကုိယ္ေၾကာက္တဲ႔အရာေတြကုိ ခ်စ္တတ္ေအာင္ၾကိဳးစားတာ ပုိမေကာင္းဘူးလား 🍀

Fall in love with your fears …။သင္ေၾကာက္တဲ႔အရာေတြကုိ ခ်စ္ပါ။သင့္ကုိေၾကာက္လန္႔ေစတဲ႔အရာေတြ၊ထိတ္လန္႔ေစတဲ႔အျဖစ္အပ်က္ေတြကုိ ခ်စ္တတ္ေအာင္ၾကိဳးစားပါတဲ႔။ဘ၀မွာ ဘာကိုမွၾကိဳတင္မျမင္ႏုိင္ပါဘူး။ကုိယ္ဘာျဖစ္မလဲဆုိတာလည္းမသိရတဲ႔ၾကားထဲ ကုိယ္ဒါလုပ္လိုက္ရင္
တစ္ခုခုမ်ားျဖစ္သြားမလားဆုိတဲ႔စိတ္ၾကီးက အရင္ေရာက္ေနပါျပီ။

သင္က ေရနစ္မွာကုိေၾကာက္လို႔ ေရထဲလံုး၀မဆင္းဘူးပဲထား။တကယ္လို႔ တစ္စံုတစ္ခုျဖစ္သြားတဲ႔အခါကုိယ့္ကိုယ့္ကိုယ္ကာကြယ္နုိင္ဖုိ႔လိုအပ္တယ္မဟုတ္လား။ေရနစ္မွာကုိေၾကာက္ရင္ ေရကူးသင္ထားမွျဖစ္မွာပါေနာ္။ေၾကာက္တယ္ဆုိျပီး ကုိယ့္အတြက္ကာကြယ္ႏုိင္ဖုိ႔ေတာင္မလုပ္တဲ႔အခါ ေၾကာက္စိတ္ေၾကာင့္ပဲ ကုိယ့္အသက္အႏၱရာယ္ျဖစ္လာမွာပါ။ေရေတြကုိေၾကာက္ရင္ ေရေတြကုိခ်စ္တတ္ေအာင္လုပ္ပါ။ကုိယ္ခ်စ္တဲ႔အရာေတြျဖစ္လို႔ စိတ္ကရဲရင့္ေနပါလိမ့္မယ္။

ကိုယ္ေၾကာက္တဲ႔အရာကုိ ခ်စ္တတ္ေအာင္လုပ္ရတာလြယ္တ႔ဲအရာေတာ့မဟုတ္ပါဘူး။ေခြးေလးေတြကုိေၾကာက္တယ္။ဒါေပမဲ႔ ေခြးေလးကုိခ်စ္ၾကည့္လိုက္ပါ။ဒါဆုိ ေခြးျမင္တုိင္းသင္ေၾကာက္ေနေတာ့မွာမဟုတ္ပါဘူး။ဒီလုိပဲ ျဖည္းျဖည္းခ်င္း ကုိယ္ေၾကာက္ရြ႔ံရတဲ႔အရာေတြကုိခ်စ္တတ္ေအာင္လုပ္ပါ။
တစ္ခါတစ္ေလ ကုိယ့္အတိတ္နဲ႔ပတ္သက္ျပီးတစ္ျခားသူေတြကုိေျပာရမွာေၾကာက္ေနတယ္။ဒါေပမဲ႔ အတိတ္ဆုိတာ ျပန္ျပင္လို႔လည္းမရသလို ေသခ်ာျပန္စဥ္းစားၾကည့္မယ္ဆုိရင္ အဲ႔ဒီအတိတ္ထဲမွာ ကုိယ့္အတြက္သင္ခန္းစာေတြအမ်ားၾကီးပါပဲ။

ျငင္းပယ္ခံရမွာလည္းမေၾကာက္ပါနဲ႔။တစ္ခါတစ္ေလကိုယ္တုိ႔ေတြေတြးမိၾကတယ္။ငါ ဒါေျပာလိုက္လုိ႔ အျငင္းခံလိုက္ရမလား၊ငါ့စကားကုိ ပယ္ခ်လိုက္မလားဆုိျပီးေတာ့ေပါ့။အဲ႔ဒါနဲ႔ပဲ မေျပာျဖစ္ေတာ့တဲ႔စကားေတြ၊ျပန္သိမ္းထားလိုက္ရတဲ႔စကားေတြပံုလာေတာ့တာပါပဲ။ကိုယ္ကစိတ္တုိင္းက်လုပ္ထားတဲ႔အစီအစဥ္တစ္ခုကုိပယ္ခ်လိုက္တယ္ဆုိရင္ေတာင္ ဒါက ေနာက္ထပ္ကုိယ္ဘယ္ေလာက္ထိေကာင္းေကာင္းလုပ္ႏုိင္မလဲဆုိတာ စိန္ေခၚလိုက္တာပါပဲ။အဲ႔ဒါေၾကာင့္ ကုိယ့္ဘက္ကအေကာင္းဆံုးဆုိတာေတြကို ထပ္ျပီးၾကိဳးစားျဖစ္သြားမွာပါ။ဒါေၾကာင့္ ျငင္းပယ္ခံရမွာကုိမေၾကာက္ပါနဲ႔။တံခါးတစ္ခ်ပ္ပိတ္ထားရင္ ေနာက္ထပ္တံခါးတစ္ခ်ပ္ပြင့္လာမွာေပါ့။

ျပႆနာတစ္ခုခုျဖစ္လာမွာေတြးျပီးမေၾကာက္ပါနဲ႔။ျပႆနာဆုိတာ လူတုိင္းၾကံဳေတြ႔ရတတ္ပါတယ္။အဲ႔ဒီလိုျပႆနာေတြျဖစ္လာရတဲ႔အေၾကာင္းရင္းကလည္းတစ္ခုပဲရွိပါတယ္။ျပႆနာတုိင္းမွာ ကုိယ့္အတြက္သင္ခန္းစာတစ္ခုစီရွိတယ္ဆုိတာပါပဲ။ရႈပ္ေထြးလြန္းတဲ႔ေလာကၾကီးထဲမွာ ရင့္က်က္စြာျဖတ္သန္းႏုိင္ဖုိ႔ဘ၀ကသင္ေပးတဲ႔သင္ခန္းစာေတြေပါ့။ဒါကုိ ေကာင္းေကာင္းအသံုးခ်တတ္ဖုိ႔လည္းလုိတယ္ေနာ္။

သင္ေၾကာက္ရြံ႔ေနတဲ႔အရာေတြကိုခ်စ္ပါ။ျပႆနာေတြကုိခ်စ္ပါ။ေၾကာက္ရြံ႔စိတ္ေတြ၊ျပႆနာေတြမၾကံဳရတဲ႔သူဆုိတာမရွိပါဘူး။ဒါေၾကာင့္ ကုိယ့္အတြက္အခက္အခဲမွန္သမ်ွကုိ ခ်စ္တတ္ေအာင္ၾကိဳးစားမယ္ဆုိရင္ အရာအားလံုးက ေျဖရွင္းဖုိ႔လြယ္ကူသြားပါလိမ့္မယ္။

Unicode

Fall in love with your fears …။သင်ကြောက်တဲ့အရာတွေကို ချစ်ပါ။သင့်ကိုကြောက်လန့်စေတဲ့အရာတွေ၊ထိတ်လန့်စေတဲ့အဖြစ်အပျက်တွေကို ချစ်တတ်အောင်ကြိုးစားပါတဲ့။ဘဝမှာ ဘာကိုမှကြိုတင်မမြင်နိုင်ပါဘူး။ကိုယ်ဘာဖြစ်မလဲဆိုတာလည်းမသိရတဲ့ကြားထဲ ကိုယ်ဒါလုပ်လိုက်ရင်
တစ်ခုခုများဖြစ်သွားမလားဆိုတဲ့စိတ်ကြီးက အရင်ရောက်နေပါပြီ။

သင်က ရေနစ်မှာကိုကြောက်လို့ ရေထဲလုံးဝမဆင်းဘူးပဲထား။တကယ်လို့ တစ်စုံတစ်ခုဖြစ်သွားတဲ့အခါကိုယ့်ကိုယ့်ကိုယ်ကာကွယ်နိုင်ဖို့လိုအပ်တယ်မဟုတ်လား။ရေနစ်မှာကိုကြောက်ရင် ရေကူးသင်ထားမှဖြစ်မှာပါနော်။ကြောက်တယ်ဆိုပြီး ကိုယ့်အတွက်ကာကွယ်နိုင်ဖို့တောင်မလုပ်တဲ့အခါ ကြောက်စိတ်ကြောင့်ပဲ ကိုယ့်အသက်အန္တရာယ်ဖြစ်လာမှာပါ။ရေတွေကိုကြောက်ရင် ရေတွေကိုချစ်တတ်အောင်လုပ်ပါ။ကိုယ်ချစ်တဲ့အရာတွေဖြစ်လို့ စိတ်ကရဲရင့်နေပါလိမ့်မယ်။

ကိုယ်ကြောက်တဲ့အရာကို ချစ်တတ်အောင်လုပ်ရတာလွယ်တဲ့အရာတော့မဟုတ်ပါဘူး။ခွေးလေးတွေကိုကြောက်တယ်။ဒါပေမဲ့ ခွေးလေးကိုချစ်ကြည့်လိုက်ပါ။ဒါဆို ခွေးမြင်တိုင်းသင်ကြောက်နေတော့မှာမဟုတ်ပါဘူး။ဒီလိုပဲ ဖြည်းဖြည်းချင်း ကိုယ်ကြောက်ရွ့ံရတဲ့အရာတွေကိုချစ်တတ်အောင်လုပ်ပါ။
တစ်ခါတစ်လေ ကိုယ့်အတိတ်နဲ့ပတ်သက်ပြီးတစ်ခြားသူတွေကိုပြောရမှာကြောက်နေတယ်။ဒါပေမဲ့ အတိတ်ဆိုတာ ပြန်ပြင်လို့လည်းမရသလို သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီအတိတ်ထဲမှာ ကိုယ့်အတွက်သင်ခန်းစာတွေအများကြီးပါပဲ။

ငြင်းပယ်ခံရမှာလည်းမကြောက်ပါနဲ့။တစ်ခါတစ်လေကိုယ်တို့တွေတွေးမိကြတယ်။ငါ ဒါပြောလိုက်လို့ အငြင်းခံလိုက်ရမလား၊ငါ့စကားကို ပယ်ချလိုက်မလားဆိုပြီးတော့ပေါ့။အဲ့ဒါနဲ့ပဲ မပြောဖြစ်တော့တဲ့စကားတွေ၊ပြန်သိမ်းထားလိုက်ရတဲ့စကားတွေပုံလာတော့တာပါပဲ။ကိုယ်ကစိတ်တိုင်းကျလုပ်ထားတဲ့အစီအစဉ်တစ်ခုကိုပယ်ချလိုက်တယ်ဆိုရင်တောင် ဒါက နောက်ထပ်ကိုယ်ဘယ်လောက်ထိကောင်းကောင်းလုပ်နိုင်မလဲဆိုတာ စိန်ခေါ်လိုက်တာပါပဲ။အဲ့ဒါကြောင့် ကိုယ့်ဘက်ကအကောင်းဆုံးဆိုတာတွေကို ထပ်ပြီးကြိုးစားဖြစ်သွားမှာပါ။ဒါကြောင့် ငြင်းပယ်ခံရမှာကိုမကြောက်ပါနဲ့။တံခါးတစ်ချပ်ပိတ်ထားရင် နောက်ထပ်တံခါးတစ်ချပ်ပွင့်လာမှာပေါ့။

ပြဿနာတစ်ခုခုဖြစ်လာမှာတွေးပြီးမကြောက်ပါနဲ့။ပြဿနာဆိုတာ လူတိုင်းကြုံတွေ့ရတတ်ပါတယ်။အဲ့ဒီလိုပြဿနာတွေဖြစ်လာရတဲ့အကြောင်းရင်းကလည်းတစ်ခုပဲရှိပါတယ်။ပြဿနာတိုင်းမှာ ကိုယ့်အတွက်သင်ခန်းစာတစ်ခုစီရှိတယ်ဆိုတာပါပဲ။ရှုပ်ထွေးလွန်းတဲ့လောကကြီးထဲမှာ ရင့်ကျက်စွာဖြတ်သန်းနိုင်ဖို့ဘဝကသင်ပေးတဲ့သင်ခန်းစာတွေပေါ့။ဒါကို ကောင်းကောင်းအသုံးချတတ်ဖို့လည်းလိုတယ်နော်။

သင်ကြောက်ရွံ့နေတဲ့အရာတွေကိုချစ်ပါ။ပြဿနာတွေကိုချစ်ပါ။ကြောက်ရွံ့စိတ်တွေ၊ပြဿနာတွေမကြုံရတဲ့သူဆိုတာမရှိပါဘူး။ဒါကြောင့် ကိုယ့်အတွက်အခက်အခဲမှန်သမျှကို ချစ်တတ်အောင်ကြိုးစားမယ်ဆိုရင် အရာအားလုံးက ဖြေရှင်းဖို့လွယ်ကူသွားပါလိမ့်မယ်။

234 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.