မက်ဆီကို ကမ္ဘာ့အမြင့်ဆုံးလစာနဲ့ စာချုပ်ချုပ်မယ်လို့ ဘာစီလိုနာဥက္ကဌဆန်ဒရိုရော့စ်ဆဲလ်အရိပ်အမြွက်ပြော

a.jpg

လက်ရှိအချိန်မှာ ဒဏ်ရာရရှိထားပြီး အနားယူလျက်ရှိတဲ့ ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ အသင်းနဲ့ ၂၀၁၈ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဓနအင်အားကြီးအသင်းများ ဖြစ်ကြတဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့လို အသင်းတွေက ခေါ်ယူချင်နေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာစီလိုနာအသင်းဥက္ကဌဆန်ဒရိုရော့စ်ဆဲလ်က မက်ဆီကို ကမ္ဘာ့လစာအကောင်းဆုံးဘောလုံးသမားဖြစ်လာစေ ဖို့အတွက် စာချုပ်ပြင်ဆင်ချုပ်ဆိုတော့မှာပါတဲ့။  “စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး မက်ဆီကို ကျွန်တော်တို့ဘက် က ဘာမှမပြောထားရေသေးပါဘူး။ ဒါပေမယ့်လည်း  ဘုတ်အဖွဲ့ရုံးခန်းက အမြဲတမ်းဖွင့်ထားပါတယ်။ မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးသမားဖြစ်တဲ့အတွက် လစာအမြင့်ဆုံးလဲဖြစ်သင့်တာပေါ့။ လောလောဆယ် မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမရှိသေးပါဘူး။ သေချာတာကတော့ ကျွန်တော်ဘာစီလိုနာဥက္ကဌအဖြစ် ရှိနေဆဲကာလပတ်လုံး မက်ဆီကိုအသင်းကနေ ရောင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး”လို့ ဆန်ဒရိုရော့စ်ဆဲလ် က ပြောသွားခဲ့ပါတယ်။

ဆန်ဒရိုရော့စ်ဆဲလ်အနေနဲ့ အသင်းအဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်ဖန်တီးရှင် အန်းဒရက်စ်အင်နီ ယေစတာကိုလည်း (၄)နှစ်ခွဲစာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ စပိန်ကွင်းလယ်ဖန်တီးရှင်အနေနဲ့ စာ ချုပ်သစ်အရဆိုရင် ၂၀၁၈ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ­­အမှန်တော့ အင်နီယေစတာ ဟာ မက်ဆီထက်တောင်မှ ပိုပြီးအရေးကြီးတဲ့ကစားသမားဖြစ်နေပါတယ်။ မက်ဆီမရှိတဲ့အချိန်မှာ နေမာရှိနေတဲ့ အတွက် ကာမိစေမှာဖြစ်ပေမယ့် အင်နီယေစတာလို ဘောလုံးဖြန့်ဖြူးပေးနိုင်သူမရှိရင်တော့ အသင်းကစားကွက် ကို ပျက်စေနိုင်တဲ့အထိ ဖြစ်သွားစေနိုင်လို့ပါပဲ။ ဒီလိုအရေးကြီးလွန်းတဲ့ ကျောရိုးသဖွယ် ဘောလုံးသမားများကို ဘာစီလိုနာအသင်းကနေ ၀ယ်ယူဖို့ဆိုတာ ငွေကြေးတစ်ခုတည်းနဲ့တော ဖြစ်လာဖို့မရှိပါဘူး။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.