သူတုိ႔ႏွစ္ေယာက္ရဲ ႔Drama Poster နဲ႔တင္ ၾကည့္ခ်င္စိတ္ေတြေပါက္မိ 😍

မၾကာခင္ထြက္ရွိလာမယ့္ဒရာမာဇာတ္လမ္းတြဲသစ္ “Lovely Horror-vely” အတြက္ ပိုစတာေလးေတြထြက္ရွိလာပါျပီ! ဒီဇာတ္လမ္းတြဲဟာ Horror နဲ႔ အခ်စ္ဟာသေလး ေရာေႏွာထားတဲ႔ ဇာတ္လမ္းေလးပါ။ဒီဇာတ္ကားထဲမွာ ပါ၀င္သရုပ္ေဆာင္ထားတဲ႔အႏုပညာရွင္ေတြကေတာ့
ပရိသတ္ေတြခ်စ္ၾကတဲ႔ RM မင္းသမီးေခ်ာေလး Song Ji Hyo နဲ႔ ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲ မင္းသားေခ်ာ Park Shi Hoo တုိ႔ပဲျဖစ္ပါတယ္။

ဇာတ္လမ္းပံုစံေလးကဘယ္လိုမ်ိဳးလဲဆုိေတာ့ တစ္ေယာက္က ေပ်ာ္ရႊင္ေနတဲ႔အခါ တစ္ေယာက္က ကံမေကာင္းမႈေတြၾကံဳရတဲ႔ပံုစံေလးပါ။မင္းသားPark Shi Hoo ကုိေတာ့ ဒီဇာတ္ကားမွာ နာမည္ေက်ာ္ထိပ္တန္းမင္းသားတစ္လက္၊ကံအရမ္းေကာင္းတဲ႔သူတစ္ေယာက္အျဖစ္သရုပ္ေဆာင္ထားတာျမင္ေတြ႔ရမွာပါ။Ji Hyo ကေတာ့ ေသခ်ာစီစဥ္ထားေပမဲ႔လည္း အျမဲလြဲေနတတ္သူ ကံမေကာင္းတဲ႔ဇာတ္ညႊန္းေရးဆရာမတစ္ေယာက္အျဖစ္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

သူတုိ႔ႏွစ္ေယာက္ရဲ ႔ကံၾကမၼာဘယ္လိုေျပာင္းလဲသြားမလဲ၊ႏွစ္ေယာက္သားဘယ္လုိအလြဲေလးေတြၾကံဳရမလဲ၊ဘယ္လိုထိတ္လန္႔စရာေတြျဖစ္သြားၾကမလဲဆုိတာ ဟာသေလးေႏွာျပီး ၾကည့္ရႈရမွာပဲျဖစ္ပါတယ္။ပုိစတာေတြနဲ႔တင္ အရမ္းကုိမိုက္ေနပါျပီ။ထိတ္လန္႔စရာေတြေရာ၊ရယ္စရာေတြေရာ၊အခ်စ္အခန္းေလးေတြေရာ ပါတာဆုိေတာ့ တစ္ကားနဲ႔တင္ ဇာတ္လမ္းအစံုအလင္ခံစားရမွာပါ။ပရိသတ္ေတြလည္း စိတ္၀င္တစားနဲ႔ေစာင့္ေမ်ွာ္ၾကည့္ရႈအားေပးၾကမယ္လုိ႔ေမ်ွာ္လင့္ပါတယ္။ၾသဂုတ္လ ၁၃ရက္ေန႔မွာေတာ့ အၾကိဳျပသပြဲလုပ္မွာပါတဲ႔။အခုေတာ့ ပုိစတာေလးေတြ တစ္ခ်က္ရွိဳးလုိက္ပါဦး

Unicode

မကြာခင်ထွက်ရှိလာမယ့်ဒရာမာဇာတ်လမ်းတွဲသစ် “Lovely Horror-vely” အတွက် ပိုစတာလေးတွေထွက်ရှိလာပါပြီ! ဒီဇာတ်လမ်းတွဲဟာ Horror နဲ့ အချစ်ဟာသလေး ရောနှောထားတဲ့ ဇာတ်လမ်းလေးပါ။ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့အနုပညာရှင်တွေကတော့
ပရိသတ်တွေချစ်ကြတဲ့ RM မင်းသမီးချောလေး Song Ji Hyo နဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မင်းသားချော Park Shi Hoo တို့ပဲဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံလေးကဘယ်လိုမျိုးလဲဆိုတော့ တစ်ယောက်က ပျော်ရွှင်နေတဲ့အခါ တစ်ယောက်က ကံမကောင်းမှုတွေကြုံရတဲ့ပုံစံလေးပါ။မင်းသားPark Shi Hoo ကိုတော့ ဒီဇာတ်ကားမှာ နာမည်ကျော်ထိပ်တန်းမင်းသားတစ်လက်၊ကံအရမ်းကောင်းတဲ့သူတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာမြင်တွေ့ရမှာပါ။Ji Hyo ကတော့ သေချာစီစဉ်ထားပေမဲ့လည်း အမြဲလွဲနေတတ်သူ ကံမကောင်းတဲ့ဇာတ်ညွှန်းရေးဆရာမတစ်ယောက်အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ၊နှစ်ယောက်သားဘယ်လိုအလွဲလေးတွေကြုံရမလဲ၊ဘယ်လိုထိတ်လန့်စရာတွေဖြစ်သွားကြမလဲဆိုတာ ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ပိုစတာတွေနဲ့တင် အရမ်းကိုမိုက်နေပါပြီ။ထိတ်လန့်စရာတွေရော၊ရယ်စရာတွေရော၊အချစ်အခန်းလေးတွေရော ပါတာဆိုတော့ တစ်ကားနဲ့တင် ဇာတ်လမ်းအစုံအလင်ခံစားရမှာပါ။ပရိသတ်တွေလည်း စိတ်ဝင်တစားနဲ့စောင့်မျှော်ကြည့်ရှုအားပေးကြမယ်လို့မျှော်လင့်ပါတယ်။သြဂုတ်လ ၁၃ရက်နေ့မှာတော့ အကြိုပြသပွဲလုပ်မှာပါတဲ့။အခုတော့ ပိုစတာလေးတွေ တစ်ချက်ရှိုးလိုက်ပါဦး

391 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.