လမ်းခွဲစကားကို လွယ်လွယ်မပြောမိစေဖို့…

သံယောဇဉ်ဆိုတာ ထင်သလောက်ဖြတ်ဖို့ မလွယ်တဲ့အရာပါ။ ဆက်ဆံရေးတစ်ခုဟာ ပြတ်တောက်သွားရင် အရင်ဆုံးလူကို လာနှိပ်စက်တာ ဒီသံယောဇဉ်တွေပါပဲ။ နှစ်လကြာရှည်စွာ အတူတူရှိခဲ့ ၊ ဖြတ်သန်းဖူးတဲ့အချိန်တွေ၊ အမှတ်တရတွေဟာ တမြည့်မြည့်လောင်ကျွမ်းအောင် မီးနဲ့ထိုးနေသလိုပဲ။ သိပ်ပူလောင်ရပါတယ်။

Red Balloon Print: Digital print of an original by marybethleonard

တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်တဲ့အခါ လမ်းခွဲဖို့စကားကို လွယ်လွယ်မပြောကြပါနဲ့။
သေချာ စိတ်အေးအေးထား စဉ်းစားပြီးမှ သူနဲ့ငါ မဖြစ်နိုင်တော့ဘူးလားလို့ ကိုယ့်ကိုကိုယ် သေချာပြန်မေးပါ။ အတူတူရှိခဲ့တဲ့ အချိန်တွေ နှမြောဖို့ကောင်းပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စကားများ ၊စကားနာထိုးရတာ မင်းရော၊ သူရော ပင်ပန်းပါတယ်။ သူလည်း မင်းကိုချစ်တယ် ၊မင်းလည်း သူ့ကိုချစ်တယ်ဆိုရင် ဘာအတွက် တစ်ယောက်ကိုယ် တစ်ယောက်နာကျင်အောင်လုပ်မှာလဲ။

It's a terrible thing when both parties are terribly stubborn. All I want is for you to be happy. And I hope you are. With whatever you do or whomever your with. Etc. Just know I loved you with everything I am and have. Always and forever. I guess this is goodbye.

မင်းရဲ့ဖြစ်တည်မှုဟာ သူ့အတွက် အဓိပ္ပာယ်ရှိစေသလို မင်းအတွက်လည်း ဒီလိုပဲဆိုရင် မလိုအပ်ပဲ
ပူလောင်မှုတွေကို rs ကြား သယ်မလာပါနဲ့။ လိုအပ်တဲ့ space လေးတွေ ထားထားပါ။ ညှိနှိုင်းမှုတွေ လုပ်ပါ။ အခုနောက်ပိုင်းတွေ့လာရတာက ဘယ်သွားသွား ၊ ဘာလုပ်လုပ် ကိုယ့်ချစ်သူကို ပြောပြကြရတယ်။ ရပါတယ်.. ပြောပြပါ။ ခွင့်မပြုတာက နှစ်ယောက်ကြားကို အဖုထစ်ဖြစ်စေတာပါ။ ဘယ်သွားသွား ငါပါမှ သွားရမယ်ဆိုတဲ့ စည်းကျော်မှုတွေဟာ ကြာလာရင် သူ့အလိုလိုလွတ်ထွက်သွားမယ့် ငှက်တစ်ကောင်ကို ဖမ်းဆုပ်ထားရသလိုပဲ။ သွားရင်လည်းပြဿနာရှာ ၊ မသွားတော့လည်း မိတ်တွေပျက်။ဒီလိုလုပ်တာချစ်ရာ မကျပါဘူး။ ချစ်ရင် သူပျော်တာ ၊ စိတ်ချမ်းသာနေတာမျိုးပဲ ဖြစ်စေချင်ရမှာလေ။ စိတ်အနှောင့်ယှက်ဖြစ်စေတာမျိုးတွေ မလုပ်ကြရအောင် ။

ကိုယ့်နောက်ကွယ်ရောက်လည်း စိတ်ချရတဲ့လူမျိုးဖြစ်မှ မင်းတစ်သက်လုံးစိတ်ချမ်းသာရမှာပါ။ ယုံကြည်မှုသာ အပြည့်ဝပေးထားပါ။ ရှိခဲ့တဲ့အမှတ်တရတွေ ၊ သံယောဇဉ်တွေကို ထောက်ပြီး လမ်းခွဲစကားကို လွယ်လွယ်မပြောဖို့ ….

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.