အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုမချမီ ကိုယ့်ကိုကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းတွေ

အနာဂတ်ကို နည်းနည်းကြို ခန့်မှန်းပြီး ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်ကြည့်ပါ။ နောက် ၁ဝနှစ်အတွင်းမှာငါဘယ်လောက် ပြောင်းလဲနေမလဲလို့ တွေးမိဖူးလား ။ အတိုင်းတာတစ်ခုထိ ကိုယ်လိုချင်တဲ့ ဘဝတစ်ခုရသွားခဲ့လို့ အတိတ်ကိုပြန်လှည့်ကြည့်မိတဲ့အခါ ကိုယ်တိုင်ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေက မင်းကို ပိုအားဖြစ်စေမှာပါ။ ဒါကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင် ဒီအချက်လေးတွေနဲ့ မင်းကိုယ်မင်း ပြန်မေးကြည့်ပါ။

ငါ ဘယ်သူလဲ
ငါ့ ကိုယ်ငါအယုံကြည်ဆုံးအရာက ဘာဖြစ်မလဲ? ဘာတွေကို ငါပြောင်းလဲပစ်ချင်တာလဲ ? ကိုယ်တိုင်
သံသယဖြစ်နေတဲ့အရာက စိတ်အားတက်ကြွမှုနဲ့ ကိုယ်ပိုင် အစွမ်းစတွေကို ဆုတ်ယုတ်စေပါတယ်။
ကိုယ့်ရဲ့သမိုင်းကြောင်းလှစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် အကောင်းဆုံးရင်းနှီးနိုင်ဖို့ လိုပါတယ်။
ကန့်သတ်မှုတွေ ၊ အကြောက်တရားတွေ ၊ ဆင်ခြင်တွေနဲ့ အခွင့်ရေးကောင်းတွေကို ဘယ်လောက်ထိ မင်းလက်လွှတ်ခဲ့ပြီးပြီလဲ ? ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားလိုက်တိုင်း ဂုဏ်ယူစရာဘာမှမရှိသေးဘူးဆိုရင် မင်းကြိုးစားဖို့ အများကြီးလိုသေးတယ်။ မင်းရဲ့သမိုင်းကြောင်းလှချင်ရင် ကိုယ်တိုင်ပြောင်းလဲဖို့လိုမယ်။

ငါ ဘာဖြစ်ချင်တာလဲ
ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ မကြိုးစားမီ ငါဘာဖြစ်ချင်တာလဲဆိုတာ သေချာသိဖို့လည်းလိုပါတယ်။
စိတ်ထဲက ပြင်းပြင်းပြပြဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုရှိမှ ဒါကိုအကောင်ထည်ဖော်နိုင်မှာပါ။ လူတိုင်း အသက်ကြီးလာမယ် ၊ သေရမယ်။ မသေခင် ဘဝမှာ အပျော်ဆုံးဆိုတာတွေပဲ အပြည့်ဝခံစားဖို့ ၊ စွန့်စားမှုတွေ ၊ အောင်မြင်မှုတွေရရှိဖို့ဆိုတာ comfort zone ကနေ ထွက်နိုင်ဖို့ လိုပါတယ်။ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုချမလဲ..

ဘာတွေလုပ်ဖို့လိုအပ်လဲ
လုပ်ဆောင်ချက်တွေကို လက်တွေ့ဖန်တီးနေရမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ၊ ကိုယ့်ရဲ့ potential နဲ့ ကိုယ့်ရဲ့အမြင်သစ်အပေါ် ယုံကြည်ချက်ရှိတဲ့အခါ ဘာတွေလုပ်ဖို့ လိုအပ်လဲဆိုတာ တန်းသိမှာပါ။ မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ ၊ အတွေးတွေဖယ်ထုတ်ပြီး သတ္တိရှိရှိရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ်အားပေးပါ။

ဒီကမ္ဘာကြီးကို ငါ့အနေနဲ့ ဘာတွေပေးနိုင်မလဲ
ကမ္ဘာနဲ့ယှဉ်ရင် အရမ်းများကြီးကျယ်သွားမလား ။ ဝေးဝေးမပြောပဲ ကိုယ့်ရဲ့နီးစပ်ရာ ပတ်ဝန်းကျင်အတွက်ဘာတွေ အကျိုးပြုနိုင်မလဲလို့ တွေးဖူးလား။ ကိုယ်ကူညီပေးလိုက်လို့ ၊ ကိုယ်တစ်ခုခုပေးဆပ်လိုက်လို့ တစ်ဖက်လူ ဝမ်းသာသွားတယ်ဆိုရင် ရလိုက်တဲ့ပီတိက ဘာနဲ့မှမတူပါဘူး။ သိပ်စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် တစ်ခုခုလုပ်ဖို့ဆုံးဖြတ်တဲ့အခါ ကိုယ့်အတွက်ရော အကျိုးရှိစေမယ့် ၊ သူများအတွက်လည်း အထောက်ကူမဖြစ်ရင်တောင် အနှောင့်ယှက်မဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ ၊ ရွေးချယ်မှုတွေ မှန်ကန်ဖို့ ဒီမေးခွန်းတွေကို ကိုယ့်ကိုကိုယ် ပြန်မေးပါ။

လောကမှာရှင်သန်နေထိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဒါပါပဲ… သူငယ်ချင်းရေ ။ ဆုံးဖြတ်ချက်တွေ မှန်ကန်နိုင်ကြပါစေ!

231 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.