ဒီနည္းေလးေတြသိထားေတာ့ ဆဲလ္ဖီပံုအမိုက္စားေလးေတြ ရျပီေပါ့ 😎

သင္က ဆဲလ္ဖီရုိက္ရတာႏွစ္သက္သူတစ္ေယာက္ဆုိရင္ ဒီစာေလးကုိေသခ်ာေပါက္ဖတ္သင့္ပါျပီ။ဒီေန႔ေခတ္ၾကီးထဲမွာ ဆဲလ္ဖီမဆြဲတဲ႔သူဆုိတာရွားေပါ့။ဒါေပမဲ႔ ရိုက္ပံုရိုက္နည္းေတြကြာပါေသးတယ္။တစ္ခ်ိဳ႔က ဆဲလ္ဖီပံုဆိုေပမဲ႔ ပေရာ္ဖက္ရွင္နယ္ဓာတ္ပံုဆရာက ရုိက္ေပးထားသလုိ တကယ့္အမိုက္စားပါ။တစ္ျခားသူကုိရုိက္ခိုင္းရင္ ကုိယ္လိုခ်င္သလိုစိတ္တုိင္းက်ရဖုိ႔က အေတာ္ေလးခက္ပါတယ္။အဲ႔ဒါေၾကာင့္ ကုိယ့္ဘာသာ အမိုက္စားဆဲလ္ဖီဆြဲတတ္ေအာင္၊ဓာတ္ပံုလွလွေလးေတြရုိက္တတ္ေအာင္ ဒီနည္းေလးေတြကုိ သိထားဖုိ႔လိုပါတယ္။ကဲ ဒါျဖင့္ နည္းေလးေတြေျပာျပေတာ့မယ္ေနာ္

ေနာက္ခံဘက္ဂေရာင္းကုိ ဂရုစိုက္ပါ
တစ္ခါတစ္ေလ ေနာက္ခံဘက္ဂေရာင္းမလွရင္ လူကလွရဲ႔သားနဲ႔ မမုိက္ပဲေနပါလိမ့္မယ္။အဲ႔ဒါေၾကာင့္ပထမဆံုး ကုိယ္ဘယ္ေနရာမွာရုိက္မွာလဲ၊ေနာက္ခံပတ္၀န္းက်င္ရႈခင္းကဘယ္လုိလဲစသျဖင့္ေသခ်ာၾကည့္ျပီး ရိုက္ပါ။ဘက္ဂေရာင္းေရြးခ်ယ္ရိုက္တတ္တာကလည္း အမိုက္စားဓာတ္ပံုတစ္ပံုရေစဖုိ႔
ကူညီေပးႏုိင္ပါတယ္။သူမ်ားေတြမထင္ထားတဲ႔ေနရာ၊လမ္းေတြကလည္း ဘက္ဂေရာင္းေကာင္းေကာင္းျဖစ္ႏုိင္ပါတယ္။

အရမ္းအနီးကပ္ၾကီးမရုိက္ပါနဲ႔
ဓာတ္ပံုထဲမွာ ကုိယ့္မ်က္ႏွာပဲအၾကီးၾကီးပါေနရင္လည္း မလွပါဘူးေနာ္။ကိုယ္ကလည္းလွ၊ေနာက္ခံဘက္ဂေရာင္းလွလွေလးေတြပါေအာင္ထည့္ရိုက္ဖုိ႔မေမ့ပါနဲ႔။ခပ္ေ၀းေ၀းကရုိက္ေတာ့ မ်က္ႏွာေလးလည္းသြယ္သလိုျဖစ္ျပီး ဓာတ္ပံုကလည္းပုိျပီးၾကည့္ေကာင္းသြားပါတယ္။

ကင္မရာရႈေထာင့္ကုိစမ္းသပ္ျပီးမွရုိက္ပါ
ဓာတ္ပံုရိုက္မယ္ဆုိ အရင္လုိတည့္တည္႔နဲ႔ေဘးတစ္ေစာင္းပဲအျမဲမရိုက္ပါနဲ႔။ဘယ္ရႈေထာင့္ကလွမလဲ၊ဘယ္လုိအေနအထားေလးဆုိ ပုိျပီးမိုက္သြားမလဲဆုိတာခ်ိန္ၾကည့္ပါ။ဒီပံုႏွစ္ပံုကိုၾကည့္မယ္ဆုိ ဘယ္ပံုကပုိမိုက္လဲအသိသာၾကီးေနာ္။ကုိယ္ရိုက္ေနက်ပံုစံအတုိင္းမဟုတ္ပဲ အေျပာင္းအလဲေလးရိုက္ဖုိ႔မေၾကာက္ပါနဲ႔။

ကုိယ္ရိုက္မယ့္အရာကုိ အလယ္တည့္တည့္မွာမျဖစ္ပါေစနဲ႔
ကုိယ္က သီးသန္႔အရာတစ္ခုကုိ ဓာတ္ပံုရိုက္ခ်င္တယ္ဆုိရင္ အဲ႔ဒီအရာကုိ ကင္မရာရဲ ႔အလယ္တည့္တည့္မခ်ိန္ပါနဲ႔။ကင္မရာမွာလိုင္းေတြရွိပါတယ္။ပုံထဲမွာျပထားသလုိ ကုိယ္ရိုက္ခ်င္တဲ႔အရာကို အလယ္မွာမထားပဲ ဘယ္ျဖစ္ေစ၊ညာျဖစ္ေစ နည္းနည္းကပ္ျပီးရိုက္ပါ။ဒါဆုိပံုက ပုိၾကည့္ေကာင္းသြားပါလိမ့္မယ္။ဆဲလ္ဖီရိုက္တဲ႔အခါမွာလည္း ကုိယ့္ကိုယ့္ကိုယ္အလယ္တည့္တည့္မွာေနျပီးမရုိက္ပါနဲ႔။

အုိင္ဒီယာရွိရင္ဓာတ္ပံုေကာင္းေတြက သင့္အတြက္ပါပဲ
အလွအပေတြကသင့္အနီးတစ္၀ုိက္မွာပါပဲ။တစ္ခါတစ္ေလ အနီးအနားမွာ အလွရုိက္စရာရႈခင္းမရွိဘူးဆုိရင္ေတာင္ ေနပူထဲကအရိပ္က သင့္ရဲ ႔ဓာတ္ပံုအမိုက္စားတစ္ခုေတာင္ျဖစ္လာႏိုင္ပါတယ္။ရုိးရွင္းတဲ႔အရာေလးေတြက သတိမထားမိလို႔သာ လွတယ္မထင္မိၾကတာပါ။

အလင္းေရာင္အမ်ားၾကီးမသံုးမိပါေစနဲ႔
ေန႔ခင္းဘက္မွာဆုိ ေတာ္ရံုအလင္းေရာင္နဲ႔တင္ ဓာတ္ပံုကၾကည့္ေကာင္းေနပါျပီ။အလင္းတအားထည့္လိုက္ရင္သဘာ၀မက်ေတာ့ပါဘူး။အလင္းေရာင္ေကာင္းေကာင္းနဲ႔ဓာတ္ပံုလွလွေလးလိုခ်င္တယ္ဆုိရင္ အလင္းေရာင္အရမ္းမ်ားတဲ႔ေနရာေတြကုိေရွာင္ျပီးရုိက္ပါ။မနက္ေစာေစာအခ်ိန္ပိုင္းနဲ႔ ေန၀င္စအခ်ိန္ေတြကေတာ့ သဘာ၀အတုိင္းလွပတဲ႔အလင္းေရာင္ရေနတဲ႔အခ်ိန္ပါပဲ။

အခ်ိန္ေကာင္းကုိေစာင့္ပါ
ဓာတ္ပံုေကာင္းတစ္ပံုလိုခ်င္တယ္ဆုိရင္ လူရွင္းတဲ႔အခ်ိန္ခဏေလးကုိေတာ့ေစာင့္ရပါမယ္။အဲ႔ဒါမွ တစ္ျခားသူေတြပံုပါေနတဲ႔အခါ Photoshop လုပ္ျပီးဖယ္စရာမလုိေတာ့မွာပါ။သဘာ၀က်တဲ႔ဓာတ္ပံုတစ္ပံုရဖုိ႔ လူရွင္းတဲ႔အခ်ိန္ေလးေတာ့ စိတ္ရွည္ရွည္နဲ႔ေစာင့္သင့္ပါတယ္ေနာ္။

အခုျပမယ့္ဓာတ္ပံုေလးေတြကုိလည္းၾကည့္ျပီး အေပၚကအခ်က္ေလးေတြလည္းမွတ္ထားျပီး ဓာတ္ပံုလွလွေလးေတြ ရိုက္ၾကည့္ပါလို႔…စမ္းျပီးေလ့က်င့္ၾကည့္ေပါ့။

Unicode

သင်က ဆဲလ်ဖီရိုက်ရတာနှစ်သက်သူတစ်ယောက်ဆိုရင် ဒီစာလေးကိုသေချာပေါက်ဖတ်သင့်ပါပြီ။ဒီနေ့ခေတ်ကြီးထဲမှာ ဆဲလ်ဖီမဆွဲတဲ့သူဆိုတာရှားပေါ့။ဒါပေမဲ့ ရိုက်ပုံရိုက်နည်းတွေကွာပါသေးတယ်။တစ်ချို့က ဆဲလ်ဖီပုံဆိုပေမဲ့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာက ရိုက်ပေးထားသလို တကယ့်အမိုက်စားပါ။တစ်ခြားသူကိုရိုက်ခိုင်းရင် ကိုယ်လိုချင်သလိုစိတ်တိုင်းကျရဖို့က အတော်လေးခက်ပါတယ်။အဲ့ဒါကြောင့် ကိုယ့်ဘာသာ အမိုက်စားဆဲလ်ဖီဆွဲတတ်အောင်၊ဓာတ်ပုံလှလှလေးတွေရိုက်တတ်အောင် ဒီနည်းလေးတွေကို သိထားဖို့လိုပါတယ်။ကဲ ဒါဖြင့် နည်းလေးတွေပြောပြတော့မယ်နော်

နောက်ခံဘက်ဂရောင်းကို ဂရုစိုက်ပါ
တစ်ခါတစ်လေ နောက်ခံဘက်ဂရောင်းမလှရင် လူကလှရဲ့သားနဲ့ မမိုက်ပဲနေပါလိမ့်မယ်။အဲ့ဒါကြောင့်ပထမဆုံး ကိုယ်ဘယ်နေရာမှာရိုက်မှာလဲ၊နောက်ခံပတ်ဝန်းကျင်ရှုခင်းကဘယ်လိုလဲစသဖြင့်သေချာကြည့်ပြီး ရိုက်ပါ။ဘက်ဂရောင်းရွေးချယ်ရိုက်တတ်တာကလည်း အမိုက်စားဓာတ်ပုံတစ်ပုံရစေဖို့
ကူညီပေးနိုင်ပါတယ်။သူများတွေမထင်ထားတဲ့နေရာ၊လမ်းတွေကလည်း ဘက်ဂရောင်းကောင်းကောင်းဖြစ်နိုင်ပါတယ်။

အရမ်းအနီးကပ်ကြီးမရိုက်ပါနဲ့
ဓာတ်ပုံထဲမှာ ကိုယ့်မျက်နှာပဲအကြီးကြီးပါနေရင်လည်း မလှပါဘူးနော်။ကိုယ်ကလည်းလှ၊နောက်ခံဘက်ဂရောင်းလှလှလေးတွေပါအောင်ထည့်ရိုက်ဖို့မမေ့ပါနဲ့။ခပ်ဝေးဝေးကရိုက်တော့ မျက်နှာလေးလည်းသွယ်သလိုဖြစ်ပြီး ဓာတ်ပုံကလည်းပိုပြီးကြည့်ကောင်းသွားပါတယ်။

ကင်မရာရှုထောင့်ကိုစမ်းသပ်ပြီးမှရိုက်ပါ
ဓာတ်ပုံရိုက်မယ်ဆို အရင်လိုတည့်တည့်နဲ့ဘေးတစ်စောင်းပဲအမြဲမရိုက်ပါနဲ့။ဘယ်ရှုထောင့်ကလှမလဲ၊ဘယ်လိုအနေအထားလေးဆို ပိုပြီးမိုက်သွားမလဲဆိုတာချိန်ကြည့်ပါ။ဒီပုံနှစ်ပုံကိုကြည့်မယ်ဆို ဘယ်ပုံကပိုမိုက်လဲအသိသာကြီးနော်။ကိုယ်ရိုက်နေကျပုံစံအတိုင်းမဟုတ်ပဲ အပြောင်းအလဲလေးရိုက်ဖို့မကြောက်ပါနဲ့။

ကိုယ်ရိုက်မယ့်အရာကို အလယ်တည့်တည့်မှာမဖြစ်ပါစေနဲ့
ကိုယ်က သီးသန့်အရာတစ်ခုကို ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အဲ့ဒီအရာကို ကင်မရာရဲ ့အလယ်တည့်တည့်မချိန်ပါနဲ့။ကင်မရာမှာလိုင်းတွေရှိပါတယ်။ပုံထဲမှာပြထားသလို ကိုယ်ရိုက်ချင်တဲ့အရာကို အလယ်မှာမထားပဲ ဘယ်ဖြစ်စေ၊ညာဖြစ်စေ နည်းနည်းကပ်ပြီးရိုက်ပါ။ဒါဆိုပုံက ပိုကြည့်ကောင်းသွားပါလိမ့်မယ်။ဆဲလ်ဖီရိုက်တဲ့အခါမှာလည်း ကိုယ့်ကိုယ့်ကိုယ်အလယ်တည့်တည့်မှာနေပြီးမရိုက်ပါနဲ့။

အိုင်ဒီယာရှိရင်ဓာတ်ပုံကောင်းတွေက သင့်အတွက်ပါပဲ
အလှအပတွေကသင့်အနီးတစ်ဝိုက်မှာပါပဲ။တစ်ခါတစ်လေ အနီးအနားမှာ အလှရိုက်စရာရှုခင်းမရှိဘူးဆိုရင်တောင် နေပူထဲကအရိပ်က သင့်ရဲ ့ဓာတ်ပုံအမိုက်စားတစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။ရိုးရှင်းတဲ့အရာလေးတွေက သတိမထားမိလို့သာ လှတယ်မထင်မိကြတာပါ။

အလင်းရောင်အများကြီးမသုံးမိပါစေနဲ့
နေ့ခင်းဘက်မှာဆို တော်ရုံအလင်းရောင်နဲ့တင် ဓာတ်ပုံကကြည့်ကောင်းနေပါပြီ။အလင်းတအားထည့်လိုက်ရင်သဘာဝမကျတော့ပါဘူး။အလင်းရောင်ကောင်းကောင်းနဲ့ဓာတ်ပုံလှလှလေးလိုချင်တယ်ဆိုရင် အလင်းရောင်အရမ်းများတဲ့နေရာတွေကိုရှောင်ပြီးရိုက်ပါ။မနက်စောစောအချိန်ပိုင်းနဲ့ နေဝင်စအချိန်တွေကတော့ သဘာဝအတိုင်းလှပတဲ့အလင်းရောင်ရနေတဲ့အချိန်ပါပဲ။

အချိန်ကောင်းကိုစောင့်ပါ
ဓာတ်ပုံကောင်းတစ်ပုံလိုချင်တယ်ဆိုရင် လူရှင်းတဲ့အချိန်ခဏလေးကိုတော့စောင့်ရပါမယ်။အဲ့ဒါမှ တစ်ခြားသူတွေပုံပါနေတဲ့အခါ Photoshop လုပ်ပြီးဖယ်စရာမလိုတော့မှာပါ။သဘာဝကျတဲ့ဓာတ်ပုံတစ်ပုံရဖို့ လူရှင်းတဲ့အချိန်လေးတော့ စိတ်ရှည်ရှည်နဲ့စောင့်သင့်ပါတယ်နော်။

အခုပြမယ့်ဓာတ်ပုံလေးတွေကိုလည်းကြည့်ပြီး အပေါ်ကအချက်လေးတွေလည်းမှတ်ထားပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ကြည့်ပါလို့…စမ်းပြီးလေ့ကျင့်ကြည့်ပေါ့။

643 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.