Hyuna နဲ့ E’Dawn တို့ ဒိတ်နေကြပြီလို့ သတင်းများထွက်ပေါ်လာ

Cube Entertainment ကလည်း ဒီသတင်းကို ခပ်သွက်သွက်ပဲ ပြန်တုံ့ပြန်ခဲ့တယ်…

hyuna edawn 3

Hyuna နဲ့ E’Dawn တို့ဒိတ်နေတာ လပေါင်းများစွာရှိနေပြီလို့ ကောလဟာလသတင်းတွေထွက်လာပါတယ်။ Triple H အဖွဲ့ဝင်နှစ်ယောက်ရဲ့မွေးနေ့ဟာ ငါးရက်လောက်ပဲခြားတာကြောင့် ဇွန်လအစပိုင်းမှာ မွေးနေ့ပါတီပွဲကို အတူတူကျင်းပခဲ့ပါသေးတယ်။

hyuna edawn 12

ပြီးခဲ့တဲ့လက သတင်းမှာတောင် Hyuna နဲ့ အဖွဲ့ဝင်နှစ်ယောက်ရဲ့ဆက်ဆံရေးတွေဟာ အရမ်းနီးကပ်နေလို့ ပရိတ်သတ်တွေပြောနေချိန် အခုဒိတ်နေပြီဆိုတဲ့ သတင်းထွက်လာတော့ ” တွေ့လား…ထင်တဲ့အတိုင်းပဲ” ဆိုတဲ့ စကားသံတွေထွက်လာပါတယ်။

Image result for HyunA Reportedly Dating Fellow Triple H Member E’Dawn

Hui ကတော့ အယ်ဘမ်အတွက် အာရုံစိုက်နေတယ်လို့သာ ပြောပါတယ်။ မကြာသေးခင်က Hyuna ကလည်း အဖွဲ့ဝင်သုံးယောက်လုံး ချစ်ချစ်ခင်ခင်နဲ့ အရမ်းရင်းနှီးကြောင်း အင်တာဗျုးတစ်ခုမှာ ဖြေထားတော့ အားလုံးရဲ့ သို့လော.. သို့လော..တွေက တကယ်ဖြစ်နေပြီလို့ တစ်ထစ်ချယုံမှတ်သွားလေပြီ။

Image result for HyunA Reportedly Dating Fellow Triple H Member E’Dawn

Cube Entertainment က ထွက်လာတဲ့သတင်းတွေ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
တကယ်ဟုတ်လား ၊ မဟုတ်လားဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ကလွဲပြီး ဘာမှမသိနိုင်ပါ။

52 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.