ကုိယ္ကအေကာင္းဆံုးခ်စ္ေပးခဲ႔ရက္နဲ႔ ထားခဲ႔တဲ႔သူအေၾကာင္းေတြးျပီးအခိ်န္မကုန္ဆံုးပါနဲ႔…ဘာလို႔လဲဆုိေတာ့ 🌸

ကုိယ့္မွာလည္းဘာအျပစ္၊ဘာအမွားအယြင္းမွမရွိပဲ လမ္းခြဲခံလိုက္ရတဲ႔အျဖစ္မ်ိဳး၊လမ္းခြဲေပးလုိက္ရတဲ႔အျဖစ္မ်ိဳးၾကံဳခဲ႔ဖူးသူေတြရွိမွာပါ။ဒါေပမဲ႔အခ်ိန္ကာလအေတာ္ၾကာတဲ႔အခါ သူတုိ႔ျပန္လာၾကပါတယ္။ျပန္လာခြင့္ေတာင္းၾကတယ္။ထြက္သြားဖုိ႔ေရြးခ်ယ္ခဲ႔ျပီးမွ ဘာလို႔သူတုိ႔ျပန္လာၾကတာလဲ?

လမ္းခြဲေပးလိုက္ေပမဲ႔ ကိုယ္ကခ်စ္ေနဆဲျဖစ္ေကာင္းျဖစ္လိမ့္မယ္။အဲ႔ဒီအခါမွာ သင္အျမဲေတြးေနမိမယ္။ေနာက္တစ္ေယာက္ေတြ႔သြားတာလား။ဘာအမွားလုပ္မိလို႔ဒီလိုမ်ိဳးလမ္းခြဲလိုက္ရတာလဲ၊၀မ္းနည္းပူေဆြးေနမယ္။တစ္ေယာက္တည္းအသည္းကြဲေနမယ္။ဘယ္မွလည္းမသြား၊ဘာမွလည္းလုပ္ဖု႔ိစိတ္မပါနဲ႔ အခ်ိန္ေတာ္ေတာ္မာ်းမ်ားကုိ အဓိပၸာယ္မရွိကုန္ဆံုးလာမယ္။ဒီလုိနဲ႔ အခ်ိန္ေတြၾကာလာလုိ႔ ကုိယ္က တစ္ေယာက္တည္းေနသားက်သြားတဲ႔အခါ သူတုိ႔က ျပန္လာဖို႔ခြင့္ေတာင္းမယ္။အဲ႔ဒီအခါက်ေတာ့ သင္ေတြးမိမယ္။ထြက္သြားတုန္းကလည္းကုိယ္ခြင့္မျပဳရင္ေတာင္ထြက္သြားမယ့္သူက ျပန္လာဖို႔ခြင့္ေတာင္းတယ္ ဘာလားေပါ့။

ဒီလုိမ်ိဳးထြက္သြားတုန္းကေတာ့ သာသာယာယာထြက္သြားျပီးမွ အခ်ိန္ေတြလည္းၾကာျပီးမွသူတုိ႔ဘာလို႔ သင့္ဆီျပန္လာခ်င္ၾကတာလဲ? ျဖစ္ႏုိင္တာကေတာ့သင္က Rebound တစ္ခုလို ခုန္လိုက္ေပမဲ႔ ျပန္က်လာတဲ႔အစြမ္းမ်ိဳးပုိင္ဆုိင္ထားလို႔ပဲ။ဒါမွမဟုတ္ ေနာက္ဆံုး သူတုိ႔ဘာကုိဆံုးရွံဳးလိုက္ရလဲဆုိတာ ေသခ်ာသိသြားနားလည္သြားၾကလို႔လဲျဖစ္လိမ့္မယ္။ဒီအတြက္အေျဖက အတိအက်ေတာ့မရွိပါဘူး။သူတုိ႔ ေနာက္အသစ္တစ္ေယာက္နဲ႔တြဲရတာပ်င္းလာလုိ႔၊သင့္လုိမ်ိဳးသူ႔အေပၚနားလည္မႈမေပးႏုိင္ၾကလို႔ စသျဖင့္ သင့္ေလာက္ ေကာင္းတဲ႔သူမရွိဘူးလို႔ေတြးမိလာတဲ႔အခါ ေနာင္တရျပီးျပန္လာတာလည္းျဖစ္ႏုိင္ပါတယ္။

ဒီလုိမ်ိဳး ကုိယ့္ဆီကေနထြက္သြားတုန္းကထြက္သြားျပီး ျပန္လာတဲ႔အခါ ဘာလုပ္သင့္သလဲ? ဒါက သင့္ရဲ ႔ေရြးခ်ယ္မႈပါပဲ။ျပန္လက္ခံမွာလား။ျငင္းပယ္မွာလား။သင့္ရဲ ႔ဆံုးျဖတ္ခ်က္ပါပဲ။တကယ္လို႔မ်ား သင္က အမွားလည္းမလုပ္ထားခဲ႔ဘူး။သင့္ရဲ႔လက္တြဲေဖာ္အေပၚလည္း တတ္ႏုိင္သေလာက္အေကာင္းဆံုးခ်စ္ေပးခဲ႔ရက္နဲ႔ သူတုိ႔ထားခဲ႔တ႔ဲအခါ၊သူတုိ႔ထြက္သြားတဲ႔အခါ သင့္ရဲ႔အခ်ိန္ေတြကုိ သူတုိ႔အေၾကာင္းေတြးျပီးမကုန္ဆံုးပါနဲ႔။ကိုယ့္အေပၚေကာင္းတဲ႔သူေတြအေပၚကုိသာ အခ်စ္ေတြတုိးေပးလုိက္ပါ။အခ်ိန္တန္လို႔သင့္ေလာက္သူတုိ႔အေပၚေကာင္းတဲ႔သူ မေတြ႔တဲ႔အခါ ျပန္လာပါလိမ့္မယ္။ ေနာင္တေတြနဲ႔ေပါ့။အဲ႔ဒီအခါက် သင့္ဘက္က ခံစားခ်က္ကုိမလိမ္ညာပဲျပတ္ျပတ္သားသားဆံုးျဖတ္ရဲဖုိ႔ပဲလိုပါတယ္ 🌻

Unicode

ကိုယ့်မှာလည်းဘာအပြစ်၊ဘာအမှားအယွင်းမှမရှိပဲ လမ်းခွဲခံလိုက်ရတဲ့အဖြစ်မျိုး၊လမ်းခွဲပေးလိုက်ရတဲ့အဖြစ်မျိုးကြုံခဲ့ဖူးသူတွေရှိမှာပါ။ဒါပေမဲ့အချိန်ကာလအတော်ကြာတဲ့အခါ သူတို့ပြန်လာကြတယ်။ပြန်လာခွင့်တောင်းကြတယ်။ထွက်သွားဖို့ရွေးချယ်ခဲ့ပြီးမှ ဘာလို့သူတို့ပြန်လာကြတာလဲ?

လမ်းခွဲပေးလိုက်ပေမဲ့ ကိုယ်ကချစ်နေဆဲဖြစ်ကောင်းဖြစ်လိမ့်မယ်။အဲ့ဒီအခါမှာ သင်အမြဲတွေးနေမိမယ်။နောက်တစ်ယောက်တွေ့သွားတာလား။ဘာအမှားလုပ်မိလို့ဒီလိုမျိုးလမ်းခွဲလိုက်ရတာလဲ၊ဝမ်းနည်းပူဆွေးနေမယ်။တစ်ယောက်တည်းအသည်းကွဲနေမယ်။ဘယ်မှလည်းမသွား၊ဘာမှလည်းလုပ်ဖို့စိတ်မပါနဲ့ အချိန်တော်တော်မာျးများကို အဓိပ္ပာယ်မရှိကုန်ဆုံးလာမယ်။ဒီလိုနဲ့ အချိန်တွေကြာလာလို့ ကိုယ်က တစ်ယောက်တည်းနေသားကျသွားတဲ့အခါ သူတို့က ပြန်လာဖို့ခွင့်တောင်းမယ်။အဲ့ဒီအခါကျတော့ သင်တွေးမိမယ်။ထွက်သွားတုန်းကလည်းကိုယ်ခွင့်မပြုရင်တောင်ထွက်သွားမယ့်သူက ပြန်လာဖို့ခွင့်တောင်းတယ် ဘာလားပေါ့။

ဒီလိုမျိုးထွက်သွားတုန်းကတော့ သာသာယာယာထွက်သွားပြီးမှ အချိန်တွေလည်းကြာပြီးမှသူတို့ဘာလို့ သင့်ဆီပြန်လာချင်ကြတာလဲ? ဖြစ်နိုင်တာကတော့သင်က Rebound တစ်ခုလို ခုန်လိုက်ပေမဲ့ ပြန်ကျလာတဲ့အစွမ်းမျိုးပိုင်ဆိုင်ထားလို့ပဲ။ဒါမှမဟုတ် နောက်ဆုံး သူတို့ဘာကိုဆုံးရှုံးလိုက်ရလဲဆိုတာ သေချာသိသွားနားလည်သွားကြလို့လဲဖြစ်လိမ့်မယ်။ဒီအတွက်အဖြေက အတိအကျတော့မရှိပါဘူး။သူတို့ နောက်အသစ်တစ်ယောက်နဲ့တွဲရတာပျင်းလာလို့၊သင့်လိုမျိုးသူ့အပေါ်နားလည်မှုမပေးနိုင်ကြလို့ စသဖြင့် သင့်လောက် ကောင်းတဲ့သူမရှိဘူးလို့တွေးမိလာတဲ့အခါ နောင်တရပြီးပြန်လာတာလည်းဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်ဆီကနေထွက်သွားတုန်းကထွက်သွားပြီး ပြန်လာတဲ့အခါ ဘာလုပ်သင့်သလဲ? ဒါက သင့်ရဲ ့ရွေးချယ်မှုပါပဲ။ပြန်လက်ခံမှာလား။ငြင်းပယ်မှာလား။သင့်ရဲ ့ဆုံးဖြတ်ချက်ပါပဲ။တကယ်လို့များ သင်က အမှားလည်းမလုပ်ထားခဲ့ဘူး။သင့်ရဲ့လက်တွဲဖော်အပေါ်လည်း တတ်နိုင်သလောက်အကောင်းဆုံးချစ်ပေးခဲ့ရက်နဲ့ သူတို့ထားခဲ့တဲ့အခါ၊သူတို့ထွက်သွားတဲ့အခါ သင့်ရဲ့အချိန်တွေကို သူတို့အကြောင်းတွေးပြီးမကုန်ဆုံးပါနဲ့။ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ကိုသာ အချစ်တွေတိုးပေးလိုက်ပါ။အချိန်တန်လို့သင့်လောက်သူတို့အပေါ်ကောင်းတဲ့သူ မတွေ့တဲ့အခါ ပြန်လာပါလိမ့်မယ်။နောင်တတွေနဲ့ပေါ့။အဲ့ဒီအခါကျ သင့်ဘက်က ခံစားချက်ကိုမလိမ်ညာပဲပြတ်ပြတ်သားသားဆုံးဖြတ်ရဲဖို့ပဲလိုပါတယ်

397 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.