ဒိတ္သတင္းေတြေၾကာင့္ ေဒါသလည္းျဖစ္ရသလို စိတ္လည္းပင္ပန္းေနျပီလုိ႔ေျပာလာတဲ႔ Park Min Young 😥

အခုရက္ပုိင္းအတြင္းမွာ “What’s Wrong with Secretary Kim” မင္းသား Park Seo Joon နဲ႔ မင္းသမီး Park Min Young တုိ႔ခ်စ္သူေတြျဖစ္ေနၾကတယ္ဆုိတဲ႔သတင္းေတြ၊ျပန္ျပီးျငင္းဆုိခဲ႔ၾကတဲ႔သတင္းေတြခ်ည္း ပရိသတ္ေတြၾကားထဲမွာေရပန္းစားေနခဲ႔ပါတယ္။ကာယကံရွင္ေတြက မဟုတ္ဘူးျငင္းခဲ႔ၾကေပမဲ႔ပရိသတ္တစ္ခ်ိဳ႔ရဲ ႔ေခါင္းမာမႈနဲ႔သူတုိ႔ကုိစံုတြဲျဖစ္ေစခ်င္ၾကတဲ႔စိတ္ေတြေၾကာင့္ ဒီဂယက္က အခုထိမျပီးဆံုးေသးပါဘူး။ဘယ္ေလာက္ပဲသူတုိ႔ကုိစံုတြဲျဖစ္ေစခ်င္ခ်င္သူတုိ႔ခ်င္းလည္းတကယ္ခ်စ္ၾကမွျဖစ္မွာမဟုတ္လား။တကယ္လည္းမဟုတ္ပဲနဲ႔ အခုလိုဒိတ္သတင္းေကာလဟာလေတြထြက္ေနရတာကို သူတုိ႔လည္း ဘယ္စိတ္ခ်မ္းသာပါ့မလဲ။တစ္ေယာက္နဲ႔တစ္ေယာက္လည္းအားနာစရာေတြပါ။

ဒီဒိတ္သတင္းနဲ႔ပတ္သက္လို႔ မင္းသား Park Seo Joon က သက္ေသေတြနဲ႔ပတ္သက္လို႔ တစ္ခ်က္ခ်င္းကုိယ္တိုင္ျပန္ရွင္းျပခဲ႔သလို ၾသဂုတ္လ ၁ရက္ေန႔ကေတာ့ မင္းသမီး Park Min Young ရဲ ႔အင္တာဗ်ဴးသတင္းတက္လာခဲ႔ပါတယ္။

ဒိတ္သတင္းေတြနဲ႔ပတ္သက္ျပီးသူမေျဖခဲ႔တာကေတာ့ “ပထမဆံုးအေနနဲ႔ ဒီဒိတ္သတင္းဟာ မမွန္ပါဘူး။ကြ်န္မတို႔ႏွစ္ေယာက္ဒိတ္ေနတယ္ဆိုတဲ႔သက္ေသေတြကိုလည္းကြ်န္မေတြ႔ျပီးပါျပီ။ဒါေတြတစ္ခုမွမဟုတ္ပါဘူး။အဲ႔ဒါေၾကာင့္ ဒီလုိသတင္းေတြထြက္လာတာ ကြ်န္မကုိနည္းနည္းေတာ့ေဒါသစိတ္ျဖစ္ေစခဲ႔ပါတယ္။ခရီးအတူသြားၾကတယ္ဆုိတာနဲ႔ပတ္သက္ျပီး အေမကေတာင္ ပတ္စ္ပုိ႔ကုိျပျပီးရွင္းျပဖုိ႔ေျပာခဲ႔ပါေသးတယ္။ဒါေပမဲ႔ ကြ်န္မအဲ႔ဒီလုိေျပာလည္း သတင္းေဆာင္းပါးေတြအမ်ားၾကီးကုိေက်ာ္ျပီးယံုၾကမယ္မထင္ပါဘူး။အစကတည္းက ပရိသတ္ေတြက ကြ်န္မတုိ႔ဒိတ္ေနတယ္လို႔ယံုၾကည္ထားၾကတာကိုး”ဆုိျပီးေျပာခဲ႔ပါတယ္။

ေနာက္ထပ္ဒီဒိတ္သတင္းနဲ႔ပတ္သက္ျပီးျငင္းေနရတာေတြကုိ ပင္ပန္းေနျပီျဖစ္ေၾကာင္းလည္းေျပာခဲ႔ပါေသးတယ္။”ဒါက စိတ္ပိုင္းဆုိင္ရာအရပင္ပန္းျပီး၀န္ပိေစပါတယ္။မေန႔ကေရာ ဒီေန႔ေရာ ဒိတ္သတင္းေတြကုိျငင္းေနရတာ အခ်ိန္လည္းျဖဳန္းသလိုျဖစ္ေနျပီး ရွက္စရာကိစၥတစ္ခုလို႔ပဲထင္မိပါတယ္။မၾကာခင္ဒီသတင္းေတြ ျငိမ္သြားမယ္လို႔ေမ်ွာ္လင့္ပါတယ္။ျပီးေတာ့ ကြ်န္မက ပံုမွန္ဆုိ အမ်ားၾကီးေသာက္ေလ့မရွိပါဘူး။ဒါေပမဲ႔ဒီကိစၥက ကြ်န္မကုိစိတ္ပင္ပန္း၀မ္းနည္းမႈေတြျဖစ္ေစလို႔ မေန႔ညကေတာင္ အရက္ေသာက္မိခဲ႔ပါတယ္။ပထမေတာ့ ဒါကုိရယ္ရယ္ေမာေမာနဲ႔ေက်ာ္သြားဦးမလို႔ပါပဲ။
ဒါေပမဲ႔ဒီကိစၥက ကြ်န္မတို႔ကာယကံရွင္ႏွစ္ေယာက္တင္မက တစ္ျခားပါ၀င္တဲ႔သူႏွစ္ေယာက္ျဖစ္တဲ႔ Chansung နဲ႔ Ye Jinတုိ႔ရဲ ႔အင္တာဗ်ဴးေတြတက္လာခဲ႔ပါတယ္။ဒါကလည္း ကြ်န္မတုိ႔ဒိတ္သတင္းနဲ႔ပတ္သက္ျပီးေမးထားၾကတာခ်ည္းပါ။Chansung ကဆုိရင္ ဒီကိစၥက အရွက္ရစရာကိစၥတစ္ခုလို႔ေတာင္ပြင့္လင္းစြာေျပာခဲ႔ပါတယ္။အဲ႔ဒီအခါ ကြ်န္မစိတ္ထဲ အရမ္းစိတ္မေကာင္းျဖစ္ခဲ႔ရျပီး ဒီအေၾကာင္းနဲ႔ပတ္သက္ျပီး Serious ျဖစ္လာေတာ့တာပါပဲ။ဒီသတင္းေၾကာင့္ ကြ်န္မတုိ႔ႏွစ္ေယာက္အျပင္တစ္ျခားသူေတြကပါ စိတ္အေနွာင့္အယွက္ျဖစ္ေနရပါတယ္။တကယ္လို႔ ကြ်န္မမွာ ခ်စ္သူရလာရင္ ပရိသတ္ေတြကုိ ေျပာျပမွာပါ။ဒါေပမဲ႔ အခုေလာေလာဆယ္ကြ်န္မမွာ လက္ထပ္ဖုိ႔အစီအစဥ္မရွိေသးပါဘူး။အႏုပညာအလုပ္ကုိအရမ္းခ်စ္တဲ႔အတြက္ ဒီအလုပ္ကိုပဲအာရံုစိုက္ေနပါတယ္”လုိ႔ေျပာျပခဲ႔ပါတယ္။

ဒိတ္သတင္းနဲ႔ပတ္သက္ျပီး ႏွစ္ေယာက္လံုးက အပြင့္လင္းဆံုးျငင္းဆန္ခဲ႔ျပီျဖစ္လို႔ မၾကာခင္ဒီဒိတ္သတင္းေတြျငိမ္သြားဖုိ႔ပဲေမ်ွာ္လင့္ပါတယ္။ေကာလဟာလသတင္းေတြကေျပာတဲ႔သူသာ ဘာမွမျဖစ္တာ ခံရတဲ႔သူက အရမ္းစိတ္ပင္ပန္းရပါတယ္။ကုိယ္ေတြပရိသတ္ေတြက ဘယ္ေလာက္ပဲျဖစ္ေစခ်င္လို႔ေျပာေျပာသူတုိ႔ကုိ စိတ္ပင္ပန္းမႈေတြျဖစ္ေအာင္ေတာ့မလုပ္သင့္ဘူးဆုိတာ သင္ခန္းစာရလိုက္တာပါပဲ။

Unicode

အခုရက်ပိုင်းအတွင်းမှာ “What’s Wrong with Secretary Kim” မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young တို့ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းတွေ၊ပြန်ပြီးငြင်းဆိုခဲ့ကြတဲ့သတင်းတွေချည်း ပရိသတ်တွေကြားထဲမှာရေပန်းစားနေခဲ့ပါတယ်။ကာယကံရှင်တွေက မဟုတ်ဘူးငြင်းခဲ့ကြပေမဲ့ပရိသတ်တစ်ချို့ရဲ ့ခေါင်းမာမှုနဲ့သူတို့ကိုစုံတွဲဖြစ်စေချင်ကြတဲ့စိတ်တွေကြောင့် ဒီဂယက်က အခုထိမပြီးဆုံးသေးပါဘူး။ဘယ်လောက်ပဲသူတို့ကိုစုံတွဲဖြစ်စေချင်ချင်သူတို့ချင်းလည်းတကယ်ချစ်ကြမှဖြစ်မှာမဟုတ်လား။တကယ်လည်းမဟုတ်ပဲနဲ့ အခုလိုဒိတ်သတင်းကောလဟာလတွေထွက်နေရတာကို သူတို့လည်း ဘယ်စိတ်ချမ်းသာပါ့မလဲ။တစ်ယောက်နဲ့တစ်ယောက်လည်းအားနာစရာတွေပါ။ဒီဒိတ်သတင်းနဲ့ပတ်သက်လို့ မင်းသား Park Seo Joon က
သက်သေတွေနဲ့ပတ်သက်လို့ တစ်ချက်ချင်းကိုယ်တိုင်ပြန်ရှင်းပြခဲ့သလို သြဂုတ်လ ၁ရက်နေ့ကတော့ မင်းသမီး Park Min Young ရဲ ့အင်တာဗျူး
သတင်းတက်လာခဲ့ပါတယ်။

ဒိတ်သတင်းတွေနဲ့ပတ်သက်ပြီးသူမဖြေခဲ့တာကတော့ “ပထမဆုံးအနေနဲ့ ဒီဒိတ်သတင်းဟာ မမှန်ပါဘူး။ကျွန်မတို့နှစ်ယောက်ဒိတ်နေတယ်ဆိုတဲ့သက်သေတွေကိုလည်းကျွန်မတွေ့ပြီးပါပြီ။ဒါတွေတစ်ခုမှမဟုတ်ပါဘူး။အဲ့ဒါကြောင့် ဒီလိုသတင်းတွေထွက်လာတာ ကျွန်မကိုနည်းနည်းတော့ဒေါသစိတ်ဖြစ်စေခဲ့ပါတယ်။ခရီးအတူသွားကြတယ်ဆိုတာနဲ့ပတ်သက်ပြီး အမေကတောင် ပတ်စ်ပို့ကိုပြပြီးရှင်းပြဖို့ပြောခဲ့ပါသေးတယ်။ဒါပေမဲ့ ကျွန်မအဲ့ဒီလိုပြောလည်း သတင်းဆောင်းပါးတွေအများကြီးကိုကျော်ပြီးယုံကြမယ်မထင်ပါဘူး။အစကတည်းက ပရိသတ်တွေက ကျွန်မတို့ဒိတ်နေတယ်လို့ယုံကြည်ထားကြတာကိုး”ဆိုပြီးပြောခဲ့ပါတယ်။

နောက်ထပ်ဒီဒိတ်သတင်းနဲ့ပတ်သက်ပြီးငြင်းနေရတာတွေကို ပင်ပန်းနေပြီဖြစ်ကြောင်းလည်းပြောခဲ့ပါသေးတယ်။”ဒါက စိတ်ပိုင်းဆိုင်ရာအရပင်ပန်းပြီးဝန်ပိစေပါတယ်။မနေ့ကရော ဒီနေ့ရော ဒိတ်သတင်းတွေကိုငြင်းနေရတာ အချိန်လည်းဖြုန်းသလိုဖြစ်နေပြီး ရှက်စရာကိစ္စတစ်ခုလို့ပဲ
ထင်မိပါတယ်။မကြာခင်ဒီသတင်းတွေ ငြိမ်သွားမယ်လို့မျှော်လင့်ပါတယ်။ပြီးတော့ ကျွန်မက ပုံမှန်ဆို အများကြီးသောက်လေ့မရှိပါဘူး။ဒါပေမဲ့ဒီကိစ္စက ကျွန်မကိုစိတ်ပင်ပန်းဝမ်းနည်းမှုတွေဖြစ်စေလို့ မနေ့ညကတောင် အရက်သောက်မိခဲ့ပါတယ်။ပထမတော့ ဒါကိုရယ်ရယ်မောမောနဲ့ကျော်သွားဦးမလို့ပါပဲ။ဒါပေမဲ့ဒီကိစ္စက ကျွန်မတို့ကာယကံရှင်နှစ်ယောက်တင်မက တစ်ခြားပါဝင်တဲ့သူနှစ်ယောက်ဖြစ်တဲ့ Chansung နဲ့ Ye Jinတို့ရဲ ့အင်တာဗျူးတွေတက်လာခဲ့ပါတယ်။ဒါကလည်း ကျွန်မတို့ဒိတ်သတင်းနဲ့ပတ်သက်ပြီးမေးထားကြတာချည်းပါ။Chansung ကဆိုရင် ဒီကိစ္စက ရှက်စရာကိစ္စတစ်ခုလို့တောင်ပွင့်လင်းစွာပြောခဲ့ပါတယ်။အဲ့ဒီအခါ ကျွန်မစိတ်ထဲ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပြီး ဒီအကြောင်းနဲ့ပတ်သက်ပြီး Serious ဖြစ်လာတော့တာပါပဲ။ဒီသတင်းကြောင့် ကျွန်မတို့နှစ်ယောက်အပြင်တစ်ခြားသူတွေကပါ စိတ်အနှောင့်အယှက်ဖြစ်နေရပါတယ်။တကယ်လို့ ကျွန်မမှာ ချစ်သူရလာရင် ပရိသတ်တွေကို ပြောပြမှာပါ။ဒါပေမဲ့ အခုလောလောဆယ်ကျွန်မမှာ လက်ထပ်ဖို့အစီအစဉ်မရှိသေးပါဘူး။အနုပညာအလုပ်ကိုအရမ်းချစ်တဲ့အတွက် ဒီအလုပ်ကိုပဲအာရုံစိုက်နေပါတယ်”လို့ပြောပြခဲ့ပါတယ်။

ဒိတ်သတင်းနဲ့ပတ်သက်ပြီး နှစ်ယောက်လုံးက အပွင့်လင်းဆုံးငြင်းဆန်ခဲ့ပြီဖြစ်လို့ မကြာခင်ဒီဒိတ်သတင်းတွေငြိမ်သွားဖို့ပဲမျှော်လင့်ပါတယ်။ကောလဟာလသတင်းတွေကပြောတဲ့သူသာ ဘာမှမဖြစ်တာ ခံရတဲ့သူက အရမ်းစိတ်ပင်ပန်းရပါတယ်။ကိုယ်တွေပရိသတ်တွေက ဘယ်လောက်ပဲဖြစ်စေချင်လို့ပြောပြောသူတို့ကို စိတ်ပင်ပန်းမှုတွေဖြစ်အောင်တော့မလုပ်သင့်ဘူးဆိုတာ သင်ခန်းစာရလိုက်တာပါပဲ။

25 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.