သင့်အချစ်ကို တစ်ပါးသူဆီလွှဲပြောင်းပေးနိုင်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်…ဒါပင်မဲ့…
ကြပါ…
Unicode
ကိုယ့်ချစ်ရသူကို ကိုယ်ကလွဲပြီးတစ်ခြားသူကို ပိုင်ဆိုင်ခွင့်မပေးချင်တဲ့စိတ်လူတိုင်းမှာ ရှိမှာအသေချာပါပဲ။ ဒါပင်မဲ့ကိုယ်ချစ်ရသူက ကိုယ်ပိုင်ဆိုင်တာကို ခံချင်တဲ့စိတ်လည်းရှိမှာ အဆင်ပြေမှာမဟုတ်လေဘူးလား။အတင်း အဓမ္မပိုင်ဆိုင်ရယူလို့ရတယ်ပဲထားအုံးတော့ တကယ်တမ်းသူ့မေတ္တာကိုသင်ပိုင်ဆိုင်ရမှာမှမဟုတ်တာပဲ။ ဒါကြောင့် တစ်ခါတစ်ရံမှာ ကိုယ့်ချစ်ရသူရဲ့စိတ်ချမ်းသာမှုကို လိုက်ပြီး
သင့်ရဲ့အချစ်တွေကို စွန့်လွှတ်ကာတစ်ပါးသူလက်ထဲထည့်လိုက်ရတဲ့အခိုက်တန့်မျိုး တစ်ယောက်မဟုတ်တစ်ယောက်တော့ကြုံခဲ့ဖူးကြမှာပါ။ ဒီလိုအခိုက်အတန့်ဟာသိပ်ကို နာကျင်ဖို့
ကောင်းပါတယ်။ လူတွေ ကျွန်တော်တို့အားလုံးက လူဗျ…သွေးနဲ့ကိုယ်သားနဲ့ကိုယ်ခံစားချက်ကိုယ်စီနဲ့နှလုံးသားတွေနဲ့တည်ဆောက်ထားကြလေတော့ ဒီလိုကိုယ့်ရဲ့ အမြတ်နိုးဆုံးကို
သူတစ်ပါးထံပေးလိုက်ရတာ သိပ်နာကျင်ရတာပေါ့ဗျာ…ဒါပင်မဲ့သင်သာ ဒီလိုလုပ်ပေးနိုင်ခဲ့တယ်ဆိုရင် သင်သာသင့် အတွက်ထက်သင့်ချစ်သူရဲ့စိတ်ချမ်းသာမှုကို ပိုပြီးလိုလားတောင်းတ ခဲ့တယ်ဆိုရင် သင်စွန့်လွှတ်ပေးပြီးသူများလက်ထဲထည့်ပေးခဲ့တာသိပ်ကို မှန်ပါလိမ့်မယ်..ဒီလိုလုပ်ပေးနိုင်ခဲ့တဲ့ခင်ဗျားက လောကကြီးမှာ သူ့အပေါ်အချစ်နိုင်ဆုံးသူဆိုတာ သူမသိရင်တောင် လူတိုင်းသိကြပါလိမ့်မယ်။ ဒါကြောင့်သင့်ချစ်သူမှာ ဘယ်သူမှမရှိသေးတဲ့အခါသင်နေလို့ရသလောက်ကောင်းကောင်းကြီးချစ်ပြီးနေပေးလိုက်ပါ။ တကယ်လို့ သင့်ထက်တန်ဖိုးထားရမဲသူ သူ့မှာပေါ်လာပြီ သင့်ကိုမလိုချင်တော့ဘူးဆိုတာ အတိအလင်းသိရတဲ့အခါ မှာတော့ သူ့အပေါ်နားကြည်းမုန်းတီးစိတ်ကိုဖြေဖျောက်ရင်း နာတော့နာကျင်ပင်မဲ့ သူပျော်ရွှင်နေတာကို မျက်ရည်တွေကြားကစောင့်ကြည့်ရင်း ကိုယ့်လောက်သူ့အပေါ်ချစ်နိုင်တဲ့သူမရှိဘူးလို့ကိုယ့်ဘာသာ ဂုဏ်ယူနေလိုက်
ကြပါ…
827 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.