ခဏလေးစောင့်ပါဦးလား ဆိုတဲ့ Tyga နဲ့ Justin Bieber တို့ရဲ့ ‘Wait for a Minute’

tyga-justin-bieber-wait-for-a-minute-video.jpg

Justin Bieber ပါဝင်သီဆိုပေးထားတဲ့ Tyga ရဲ့ ‘Wait for a Minute’ MTV အသစ်စက်စက် ထွက်ရှိလာပါတယ်။ ‘Wait for a Minute’ ဟာ Tgya နောက်ထွက်မယ့် အယ်လ်ဘမ်ရဲ့ ပထမဆုံး single ဖြစ်ပါတယ်။

အရူးအမူး အသည်းအသန်ဖြစ်နေကြတဲ့ ပရိတ်သတ်တွေနဲ့ ပါပါရာဇီတွေကို Tyga နဲ့ Justin Bieber တို့နှစ်ယောက် ရှောင်ထွက်ရင်း ချစ်သူနဲ့ထွက်ပြေးကြပုံကို MTV ရိုက်ကူးထားပါတယ်။ MTV နဲ့ပတ်သက်ပြီး ဒါရိုက်တာ Krista Liney ဟာ “Justin Bieber နဲ့ Tyga တို့ရဲ့ ရေပန်းစား ကျော်ကြားမှု အကြောင်းပေါ့။ ဒီအနုပညာရှင်တွေရဲ့ မျက်လုံးတွေကတဆင့် ဒီလိုရိုက်ကူးဖြစ်ဖို့  အတွေးဖြစ်လာတာပါပဲ။”လို့  ရှင်းပြသွားပါတယ်။

“လူတိုင်းဟာ သူတို့နောက်က လိုက်နေတယ်။ လူတိုင်းဟာ သူတို့နဲ့အတူရှိနေရတဲ့ အချိန်လေးကို လိုချင်တယ်။ အသက်ရှူတာလေးကအစ ဒီအနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတိုင်း၊ အခိုက်အတန့်တိုင်း နောက်ကို လိုက်တယ်၊ ဖော်တယ်။ နောက်ကလိုက်နေကြတဲ့ လူတွေရယ်…… တစ်မိနစ်လောက် (ခဏနောက်လေး) မစောင့်ပေးနိုင်ကြဘူးလား။” လို့ ဗီဒီယို ဒါရိုက်တာဖြစ်တဲ့ သူမက ဆက်ပြောပါတယ်။

Ref:perezhilton,theboombox,mtv

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.