Depression ၀င်တာကို မရှုံ့ချပဲနားလည်ပေးတတ်ပါစေ…
Unicode
လူတိုင်းလူတိုင်းမှာ မတူညီတဲ့စိတ်ခံစားချက်တွေ မတူညီတဲ့စိတ်ပင်ပန်းမှုတွေကိုကိုယ်စီပိုင်ဆိုင်ထားကြပြီးသားပါ။ ဘယ်လောက်ပဲပြည့်စုံပါတယ် ချမ်းသာပါတယ် ဆိုတဲ့သူတောင် ကိုယ့်ကိုယ်ကိုယ် Depression ဝင်တဲ့အချိန်တွေရှိကြသေးတာပဲ…ဒါဟာကဲ့ရဲ့ရှုံ့ချစရာမဟုတ်သလို ကောင်းတဲ့ရောဂါရယ်လို့လည်းမဆိုလိုပါဘူး။ ဒါပင်မဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို Depression ဝင်တတ်တဲ့သူတွေရှိလာတဲ့အခါ သူတို့ရဲ့စိတ်ခံစားချက်ကို အလှောင်ရယ်ပဲ တတ်နိုင်သမျှကူညီဖေးမပေးဖို့
လိုပါလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့နည်းနည်းခက်သားဗျ…ဘယ်လိုပြောရမလဲ လူအမျိုးမျိုးစိတ်အထွေထွေပေါ့…ကိုယ့်အတွက်အဲ့ကိစ္စတွေက ဘာမှခံစားစရာမကောင်းပင်မဲ့သူ့အတွက်ကတော့ သိပ်ခံစားရတဲ့ကိစ္စလည်းဖြစ်ချင်ဖြစ်နိုင်တယ်ဆိုတာသိသင့်ပါတယ်။ဥပမာကွာ မိသားစုကအရေးမစိုက်ဘူးဆိုပါစို့…ဒါကို သိပ်အလေးမထားတဲ့သူက နေပေါ့ဆိုပြီး အေးဆေးနဲ့သူ့ဘဝကိုဖြတ်သန်းနိုင်ပင်မဲ့ ဒီကိစ္စအပေါ် Depression ဝင်တဲ့ သူကတော့ ဒါကြီးကိုအကြီးကျယ်တွေခံစားပြီး သတ်သေချင်စိတ်ပေါက်တာတွေထိပါဖြစ်နိုင်တတ်တယ်ဆိုတာ မယုံမရှိလေကြပါနဲ့။
တစ်ယောက်နဲ့တစ်ယောက်စိတ်ချင်းမတူတာမလို့ ကိုယ့်အတွက်အရေးမပါတဲ့အရာ ကိုယ့်အတွကကိစ္စမရှိဘူးဆိုတဲ့ကိစ္စတွေကသူတစ်ပါးအတွက်တော့အရေးပါတဲ့အရာတွေဖြစ်လာတတ်ပါတယ်။ ဒီတော့ ကိုယ့်ပတ်ဝန်းက Depression သမားတွေကို စာနာပါ၊ ဒီလိုပြောနေလို့ Depression ဝင်တာကို ပေါ်ပင်လုပ်ခိုင်းတာမျိုးတော့မဟုတ်လေပါဘူး။Depression ဝင်တယ်ဆိုတာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ရောဂါဆိုးကြီးမလို့ မဖြစ်တဲ့သူတွေက မဖြစ်တာကိုဂုဏ်ယူပြီး ဖြစ်နေတဲ့ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ဘယ်လို Carry လုပ်ရမလဲဆိုတာ မျိုးတွေးပြီးကူညီပေးနိုင်ပါစေ…
152 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.