ကမ္ဘာ့ယုံကြည်စိတ်ချရဆုံး လေကြောင်းလိုင်းများ(လေယာဉ်ကြောက်တဲ့စိတ်ကို ဂွတ်ဘိုင်လို့ နှုတ်ဆက်လိုက်ရအောင်)

လူသန်းပေါင်းများစွာ လေယာဉ်ကြောက်စိတ်ရှိကြပါတယ်။ Aerophobia လို့ခေါ်ပါတယ်။ လေယာဉ်မစီးခင် စိတ်လှုပ်ရှား၊ မူးဝေ တုန်လှုပ်တာမျိုးဖြစ်တတ်ပါတယ်။ တကယ် သူတို့ကြောက်တာကတော့ လေယာဉ်ပျက်ကျမှာကိုပါ။ လေယာဉ်ကြောက်စိတ် အရမ်းများနေတဲ့သူများအတွက် ဒီလေကြောင်းလိုင်းတွေကတော့ ကမ္ဘာ့ယုံကြည်စိတ်ချရဆုံးဖြစ်တဲ့အတွက် စိုးရိမ်မှုကင်းကင်း လမ်းခရီးသွားနိုင်အောင် ညွှန်းပေးလိုက်ပါတယ်။

Virgin Australia, Australia

၁၉၉၉ ခုနှစ်က စတင်တည်ရှိခဲ့တဲ့ Virgin Australia ဟာ သြစတေးလျမှာတော့ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းတစ်ခုပါပဲ။ ဈေးသက်သာမှုလည်းရှိပြီး အန္တရာယ်ကင်း စိတ်ချရဆုံး လေကြောင်းလိုင်းစာရင်းထဲမှာ ပါဝင်ပါတယ်။ သူတို့စတင်လေယာဉ်ပြေးဆွဲတည်းက ခုချိန်ထိ လေယာဉ်ပျက်ကျတာမျိုး တစ်ခါမှ မရှိသေးဘူးလို့သိရပါတယ်။

Emirates, UAE

၃၇နှစ်ကြာရပ်တည်နေတဲ့ Emirates ကတော့ ဘယ်တုန်းကမှ လေယာဉ်ပျက်ကျတာမျိုးမဖြစ်ဖူးပါ။ အရှေ့အလယ်ပိုင်းမှာတော့ အကြီးမားဆုံး လေကြောင်းကုမ္ပဏီဖြစ်ပြီး တစ်ပတ်ကို လေယာဉ်ပေါင်း ၂၅ဝ၀လည်ပတ်နေရပါတယ်။

Virgin Atlantic Airways, Great Britain

Virgin Atlantic Airways ကို ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့တာပါ။ လတ်တလောတော့ Virgin Atlantic တွေရဲ့လုပ်ဆောင်ပုံတွေက international flights တွေနဲ့ကွာဟနေပါတယ်။ သူတို့လေလိုင်းမှာ လေယာဉ်ပျက်ကျဖူးတာတွေရှိပေမယ့် ပျက်စီးမှုများပြီး သေစေနိုင်လောက်တဲ့ထိတော့ ကြီးမားတာမျိုးမရှိသေးပါဘူး။

KLM, the Netherlands

၁၉၁၉ခုနှစ်တည်းက တည်ရှိခဲ့တဲ့ KLM ဟာ ကမ္ဘာ့သက်တမ်းအကြာဆုံး လေကြောင်းလိုင်း ကုမ္ပဏီလို့ပြောလို့ရပါတယ်။ ဒီလေလိုင်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ အွန်လိုင်းကနေ chech-ins လုပ်နိုင်ပြီး ဘေးနားမှာအတူတူထိုင်မယ့် ခရီးသည်ရဲ့ ဆိုရှယ်မီဒီယာက profile ကိုဝယ်ရောက်ကြည့်ရှုလေ့လာခွင့်ရတာပါပဲ။ နောက်ဆုံးနဲ့အဆိုးဆုံးဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုကတော့ ၁၉၇၇ခုနှစ်မှာပါ။ အဲ့ဒီနောက်ပိုင်းကနေ ခုချိန်ထိ လေယာဉ်ပျက်ကျမှုတွေ မရှိခဲ့ပါဘူး။

Finnair, Finland

https://instagram.com/p/BkwdEVnHdyY/

Finnair လေကြောင်းရဲ့တည်ရှိမှုက နှစ်၅ဝထိရှိသွားပါပြီ။ လေယာဉ်ပျက်ကျမှု တစ်ခါမှမရှိခဲ့ပါဘူး။
နှစ်စဉ်နှစ်တိုင်း Finnairနဲ့ ခရီးသည် ၁ဝသန်းကျော် သွားလာစီးနှင်နေကြတာပါ။ ယှဉ်ကြည့်မယ်ဆိုရင် ဖင်လန်နိုင်ငံရဲ့လူဦးရေဟာ ၅သန်းပဲရှိပါတယ်။ ၂ဝ၁၆ခုနှစ် ဇန်နဝါရီမှာ Finnairဟာ ကမ္ဘာ့အချိန်အတိကျဆုံးလေလိုင်း ၆ခုမြောက်ထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။

114 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.