Truth or Dare ဂိမ်းလေးက ယူတို့စုံတွဲတွေကို ပိုပြီးသံယောဇဉ်တွယ်သွားစေမယ်ဆိုတာယုံ…❤️

ဂိမ်းတွေထဲမှာ Truth or Dare ဂိမ်းလောက် စုံတွဲတွေကိုပိုပြီးရင်းနှီးမှုရှိစေတာ၊ပျော်စရာကောင်းစေတာမရှိပါဘူးတဲ့။Truth or Dare ဂိမ်းဆိုလို့လန့်မသွားနဲ့နော်။စုံတွဲတွေကြားထဲမှာ တစ်ယောက်အကြောင်းတစ်ယောက်သိလာစေဖို့ ပေါ့ပေါ့ပါးပါးမေးခွန်းလေးတွေမေးကြည့်ရုံပါပဲ။အမှန်အတိုင်းမဖြေပဲ Dare ဆိုရင်တော့ ယူတို့ရဲ့ချစ်သူ နောက်ထပ် မ Dare ရဲအောင် နည်းနည်းပါးပါး စိတ်ကောက်လိုက်ပေါ့ 🤭 တစ်ခါတစ်လေကျစကားတွေအများကြီးပြောနေတာထက် ဒီလိုဂိမ်းလေးဆော့တာက သူ့စိတ်ကိုလည်း ပိုပြီးသိလာစေသလို ကိုယ့်ရဲ့တကယ်စိတ်ရင်းမှန်ကိုလည်းမသိမသာ
ဖွင့်ပြသွားနိုင်တဲ့ဂိမ်းလေးပါ။စုံတွဲတွေတင်မက သူငယ်ချင်းတွေစုပြီးကစားလို့ရသလို ကိုယ့်ရဲ့ခရက်ရှ်လေးနဲ့ကစားလို့လည်းရပါတယ်နော်။ကဲ ဒါဖြင့် ဘယ်လိုမေးခွန်းလေးတွေမေးကြမလဲ။တစ်ချို့က ဆော့မယ်ဆိုပြီး ဘာမေးရမလဲသေချာမသိကြတာတွေရှိပါတယ်။

ဒါနဲ့ ဒီဂိမ်းလေးဘယ်လိုဆော့ရတယ်ဆိုတာရော သေချာသိရဲ့လား။ကိုယ်က Truth or Dare ဆိုပြီးသူ့ကိုရွေးခိုင်းလိုက်ပါ။Truth ဆိုရင်မေးခွန်းလေးတွေဖြေပေါ့။Dare ဆိုရင်တော့ အဲ့ထဲကတစ်ခုရွေးပြီးလုပ်ခိုင်းလိုက်ရုံပါပဲ 🤭

ကဲ စပြီနော်
Truth မေးခွန်းလေးတွေ…

၁)အ၀တ်အစားကို နှစ်ရက်ဆက်တိုက်၊သုံးရက်ဆက်တိုက် ဆက်ဝတ်ဖူးလား?
၂)ရခဲ့ဖူးတဲ့ နောင်တကြီးကြီးမားမားက ဘာလဲ?
၃)အမြဲလုပ်လေ့ရှိတဲ့ ကလေးအဆန်ဆုံးအပြုအမူ?
၎)ဘယ်သူ့ကိုမှဖွင့်မပြောဖူးတဲ့ အကျင့်ဆိုးတစ်ခု?
၅)ရေကူးကန်ထဲမှာ ရှူးရှူးပေါက်ချဖူးလား?
၆)ဘ၀မှာ အသွားချင်ဆုံးခရီးတစ်ခု?
၇)ဘ၀မှာ တစ်ခုခုကိုပြောင်းလဲခွင့်ရမယ်ဆိုရင် ဘာဖြစ်မလဲ?
၈)ဖုန်းရဲ့ Search list မှာနောက်ဆုံးရှာခဲ့တာက ဘာလဲ?
၉)အများသုံးသန့်စင်ခန်းထဲရောက်နေပြီး Toilet paper လည်းမရှိဘူးဆို ဘာလုပ်မလဲ?
၁၀)ဘယ်အချိန်နောက်ဆုံးငိုခဲ့တာလဲ၊ဘာကြောင့်လဲ?

ဒါလေးတွေကတော့ Truth မေးခွန်းလေးတွေပေါ့။သူက Truth ကိုရွေးရင် အဲ့ဒါလေးတွေမေးနော်။တွဲခဲ့သမျှရည်းစားထဲ ဘယ်ရည်းစားကိုအချစ်ဆုံးလဲဆိုတာမျိုးတော့ မမေးသင့်ပါနော် 😜😅 တစ်ခြားကိုယ်သိချင်တာလေးတွေရှိရင်လည်း ထည့်မေးကြပေါ့ အယ့်လဲ့ 😎

အခု Dare မေးခွန်းလေးတွေလာပါပြီ

၁)မျက်လုံးမှိတ်ပြီး ဖုန်း Contact lists ကိုဆွဲချလိုက်ပါ။ပြီးရင် ဖုန်းနံပါတ်တစ်ခုကိုထောက်လိုက်ပါ။ကျလာတဲ့ဖုန်းနံပါတ်ပိုင်ရှင်ကို “Look behind you” ဆိုပြီးပို့လိုက်ပါ  😅

၂)ပီဇာဆိုင်ကိုဖုန်းဆက်ပြီး ချိစ့်မှာပါ။
၃)ဆားရည်စိမ်ထားတဲ့ဟင်းသီးဟင်းရွက်တစ်ခုခုပေါ်မှာ သကြား ဒါမှမဟုတ် ချောကလက်ရည်တစ်ခုခုဆမ်းပြီးစားပြပါ 🙄
၎)မြေပဲထောပတ်နဲ့ မျက်ခုံးမွှေးနှစ်ဖက်ကို ခြယ်ပါ
၅)မျက်လုံးတွေကိုမှိတ်ပြီး ချစ်သူက မျက်နှာမှာပန်းချီဆွဲပေးတာသုံးမိနစ်လောက်ခံပါ 🤭

၆)အပြင်ကိုထွက်ပါ။ပြီးရင် တစ်ယောက်ယောက်က မင်းဘာကြည့်နေတာလဲမေးလာတဲ့အထိကောင်းကင်ကိုမော့ကြည့်နေပါ။မေးလာရင်တော့ သူတို့ကို ပန်းကန်ပြားပျံတွေ့ခဲ့လို့လို့ ဖြေလိုက်ပါ 😜
၇)ဖေ့ဘွတ်ခ်မှာ စကားလုံး ၁၀၀၀ပါတဲ့ ပိုစ့်တစ်ခုတင်ပါ။အကြောင်းရင်းမရှိတဲ့ပိုစ့်မျိုးပေါ့
၈)ကြက်ဥအစိမ်းစားပါ
၉)ချစ်သူနဲ့ရုပ်ဆိုးတဲ့ဆဲလ်ဖီပုံရိုက်ပြီး ဖေ့ဘွတ်ခ်မှာ ပရိုဖိုင်ချိန်းပါ 😅🤭
၁၀)နောက်ထပ်အလှည့်မရောက်ခင်အထိ စကားတစ်လုံးမှမပြောပါနဲ့ 🤫

Have Fun  ❤

33 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.