Park Min Young နဲ့ဒိတ်သတင်းသက်သေတွေအပေါ် တစ်ချက်ချင်းပြန်ရှင်းလိုက်တဲ့ Park Seo Joon

ဇူလိုင် ၃၁ရက်နေ့က “What’s Wrong With Secretary Kim?” ဇာတ်လမ်းတွဲမင်းသား Park Seo Joon ရဲ့အင်တာဗျူးလေးတစ်ခုကို မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။“What’s Wrong With Secretary Kim?” ကလူငယ်တွေကြားထဲမှာအရမ်းလူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ခဲ့တာကြောင့်ရော၊တွဲဖက်မင်းသမီးနဲ့ဒိတ်သတင်းထွက်ခဲ့တာကြောင့်ရော ပိုပြီးတော့တောင်ဂယက်ထစရာဖြစ်ခဲ့တာပါ။အဲ့ဒီဒိတ်သတင်းနဲ့ပတ်သက်ပြီး Park Seo Joon က အင်တာဗျူးကနေတစ်ဆင့်ပြောပြလာခဲ့ပါတယ်။သူတို့ကာယကံရှင်နှစ်ယောက်လုံးက ငြင်းနေတာတောင်ပရိသတ်တွေက သက်သေတွေကိုင်ပြီးပြောနေတာကြောင့်ပေါ့။

အင်တာဗျူးမှာ Park Seo Joon က ” ကျွန်တော်တို့နှစ်ယောက်ခရီးတွေအတူထွက်ကြတယ်၊ဆင်တူပစ္စည်းတွေရှိနေကြတယ် စသဖြင့်ပေါ့ ပရိသတ်တွေကသက်သေတွေအနေနဲ့ပြောလာကြတယ်။ဒီလိုပြောနေကြတာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ လေယာဉ်လက်မှတ်တွေကိုတောင် သက်သေအဖြစ်ပြဖို့တွေးမိခဲ့ပါသေးတယ်။ဒါပေမဲ့ ကျွန်တော့်ဘာတစ်ခုမှမှားယွင်းတာမလုပ်ခဲ့ပါဘူး။အဲ့ဒါကြောင့် ဒီလိုမျိုးသက်သေပြဖို့ လိုသေးလား?တကယ်လို့ ကျွန်တော်တို့နှစ်ယောက်လုံး တူညီတဲ့နိုင်ငံတစ်ခုတည်းမှာရှိနေရင်တောင် အဲ့ဒါက အလုပ်ကြောင့်တွေချည်းပါပဲ။ဒါပေမဲ့ ပရိသတ်တွေက ဓာတ်ပုံတွေကိုကြည့်ပြီးပြောလာကြပါတယ်။ပြီးတော့ ဆင်တူပစ္စည်းတွေအကြောင်းလည်း အခိုင်အမာသက်သေတွေအနေနဲ့ပြောကြတယ်။အားလုံးလိုလိုက နောက်ဆုံးထွက်ခေတ်မီပစ္စည်းတွေ၊အ၀တ်အစားတွေ၊ဖက်ရှင်တွေကိုကြိုက်ကြပါတယ်။ကျွန်တော့်မှာဆိုရင် ပုံစံတစ်မျိုးကို အရောင်အမျိုးမျိုးနဲ့ရှိပါတယ်။တကယ်လို့ ဂျက်စတင်ဘီဘာနဲ့ ကျွန်တော့်မှာတူညီတဲ့ဆင်တူပစ္စည်းမျိုးရှိနေရင်ရော ကျွန်တော်တို့ဒိတ်နေတယ်လို့လူတွေကပြောကြမှာလား?ပရိသတ်တွေကလိုရာဆွဲတွေးနေကြတာပါပဲ။အဲ့ဒါကြောင့် ဒီဒိတ်သတင်းနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခုမှရှင်းပြဖို့မလိုအပ်ဘူးလို့ ကျွန်တော်အချိန်တိုင်းတွေးနေမိတယ်”လို့ပြောခဲ့ပါတယ်။

နောက်ထပ်တစ်ခုသက်သေဖြစ်တဲ့သူ့ရဲ့ ဘေ့စ်ဘောနံပါတ်နဲ့ပတ်သက်ပြီးရှင်းပြထားပါသေးတယ်။သူ့ရဲ့နံပါတ်က ၃၄ဖြစ်ပြီး ပရိသတ်တွေကဒါကမင်းသမီး Park Min Young ရဲ့ မွေးနေ့ဖြစ်တယ်လို့ပြောနေကြပါတယ်။မင်းသမီးရဲ့မွေးနေ့က မတ်လ ၄ရက်နေ့ပါ။Park Seo Joon က
“ကျွန်တော်ဘေ့စ်ဘောအသင်းကို စ၀င်တုန်းက နံပါတ် ၂၇ကိုလိုချင်ခဲ့တာပါ။ဒါပေမဲ့ ၂၇မရှိတော့တဲ့အတွက် ကျွန်တော် နံပါတ် ၂၈ရခဲ့တယ်။ပြီးတော့ အခု ၃၄ကလည်း ကျွန်တော်က နယူးယော့ခ်က ကစားသမား Noah Syndergaard ကိုလေးစားအားကျတဲ့အတွက် သူနဲ့နံပါတ်ချင်း ဆင်တူတာကိုရွေးချယ်ခဲ့တာဖြစ်တယ်”လို့ပြောပြခဲ့ပါတယ်။

နောက်ဆုံးအင်တာဗျူးပြီးခါနီးမှာတော့ မင်းသား Park Seo Joon က “ကျွန်တော်တကယ်ကိုအံ့သြမိပါတယ်။ဒီကိစ္စက ကျွန်တော်ကိုယ်တိုင်ရှင်းပြရတဲ့အထိလိုအပ်လို့လား?လူတွေက သူတို့ယုံကြည်ချင်တာကိုပဲ ယုံကြည်ကြတာပါ။ဒါကို ဆင်ခြေတစ်ခုအဖြစ် သုံးတာမဟုတ်ပါဘူး”ဆိုပြီးပြောသွားခဲ့ပါတယ်။

ကဲ ဒါဆိုရင် မင်းသား Park Seo Joon နဲ့ မင်းသမီးချော Park Min Young တို့ ချစ်သူတွေဖြစ်နေတာ သုံးနှစ်လောက်ရှိပြီဆိုတာတွေနဲ့ပတ်သက်လို့တကယ်မဟုတ်တဲ့ကောလဟာလသတင်းတွေဖြစ်တယ်ဆိုတာ ပရိသတ်တွေအားလုံးလည်း ရှင်းသွားမယ်ထင်ပါတယ်။“What’s Wrong With Secretary Kim?”ဇာတ်လမ်းတွဲက ဇူလိုင် ၂၆ရက်နေ့က နောက်ဆုံးပိုင်းကိုထုတ်လွှင့်ပြသခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.