Yoona နဲ့ Hyoyeon တို့ရဲ့ #KiKiChallenge ကလည်း ဘယ်လိုတောင် ချစ်ဖို့ကောင်းလဲ မေး

Drake ရဲ့ In My Feeling သီချင်းနဲ့ #KiKiChallenge လုပ်ကြတာ အနောက်နိုင်ငံတွေပါမက အာရှတစ်ခွင်ကိုပါ ပျံနှံ့လို့လာပါပြီ။ သူတို့ဆီမှာတော့ ဒီ challenge ဟာ အန္တရာယ်များလို့ မလုပ်ကြပါနဲ့လို့တောင် သတိပေးရတယ်။ ကားသွားရင်းလမ်းမပေါ်မှာ ကကြတာဆိုတော့ သတိမထားမမိတဲ့
ကားသမားတွေက ဝင်တိုက်လို့ တိုက်နဲ့ ။ တကယ်ဖြစ်တာလား ၊ တမင်ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင်လုပ်တာလားတော့ မပြောတတ်ပါဘူး။

မြန်မာနိုင်ငံမှာလည်း ဆယ်လီတော်တော်များများ လိုက်လုပ်ကြသလို တောင်ကိုရီးယားက နာမည်ကြီး ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ Girls Generation အဖွဲ့ဝင် Yoona နဲ့ Hyoyeon တို့လည်း #KiKiChallege လိုက်ကဖြစ်ကြပါတယ်။ ဒီလို အဆောက်ဦးထဲမှာ လွတ်လွတ်လပ်လပ်ကတာတော့ တစ်မျိုးပေါ့။ တကယ်ကြီး လမ်းမပေါ်လိုက်လုပ်တာကတော့ အန္တရာယ်များတယ်နော်။

Yoona နဲ့ Hyoyeon တို့ဟာ SMTOWN က ဖျော်ဖြေပွဲမှာ ခဏနားနေစဉ် ဒီ challenge လေးအတွက်ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေဆီကလည်း အားပေးမှုတွေအများကြီးရခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျုနီယာလေးတွေဖြစ်တဲ့ NCT အဖွဲ့ဝင်တွေကလည်း #KiKiChallenge ကို
သူတို့နည်း သူတို့ဟန်နဲ့ ကပြသွားတဲ့ ဗီဒီယိုလေးတစ်ခုတင်လိုက်ပါတယ်။ ဒွန့်လိုကောင်းတဲ့ Drake ရဲ့ In My Feeling သီချင်း ဗီဒီယိုလေးလည်း ဖော်ပြပေးလိုက်တယ်နော်။

692 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.