ကိုယ္သိပ္ခ်စ္ရတဲ႔သူအတြက္ကိုယ္ကလူပိုျကီးျဖစ္ေနတဲ႔အခါ…

လူတိုင္းမွာ တစ္ေယာက္(သို႕) တစ္ေယာက္ထပ္ပိုတဲ႔သိပ္ခ်စ္ရတဲ႔သူေတြရွိျကမွာပါ။ အရြယ္ေရာက္ျပီးအခ်စ္ဆုိတာကိုသိတတ္နားလည္တဲ႔အရြယ္ကတည္းက သိပ္ခ်စ္ရတဲ႔လူဆိုတာ ရွိခဲ႔ျကမွာပါ။
ေလာကျကီးကခက္သားဗ် ကိုယ္ဆုေတာင္းတုိင္းကိုယ္ျဖစ္ခ်င္တဲ႔တုိုင္းလည္းျဖစ္ျကတာမွမဟုတ္တာ ဒါေျကာင္႔ ကိုယ္႔ရဲ႕အခ်စ္ဆံုးေတြရဲ႕အခ်စ္ကို ပိုင္ဆိုင္ခ်င္မွလည္းပိုင္ဆုိင္နုိင္မယ္…မွန္ပါတယ္ နာက်င္ရတယ္သိပ္ကိုနာက်င္ရမွာပါ…ကိုယ္ခ်စ္ရတဲ႔သူရဲ႕အခ်စ္ေတြကို မပိုင္ဆုိင္ရတဲ႔ အခါ ကိုယ္သိပ္ခ်စ္ရတဲ႔သူက ကိုယ္႔ကို လံုးလံုးမွမလို္အပ္တဲ႔အခါ သိပ္ကိုမြန္းျကပ္ခံစားရတတ္ပါတယ္။ ဟုတ္ျပီ ဆိုေတာ႔ ဒီလိုအေျခေနမ်ိဳးျဖစ္လာခဲ႔မယ္ေပါ႔ကြာ..ဒါဆိုဘယ္လိုရင္ဆိုင္ျကမလဲ နာက်င္ရပင္မဲ႔ နာက်င္မႈဒဏ္ကို ဘယ္လုိျကံျကံခံနုိင္ေအာင္လုပ္ျကမလဲ…ေတြးရျပီေလ ကိုယ္႔မွာလည္းကိုယ္႔ဘ၀ကိုယ္ရွိတယ္မလား ဒီတိုင္းျပီးဆံုးလုိက္လို႕မွမရတာ…ဒါေျကာင္႔ ကိုယ္ေတြျကိုးစားလုပ္ယူရမဲ႔အရာေတြက…

(၁) ခြင္႔လႊတ္လုိက္ပါ၊ သူ႕အတြက္သင္မွမလုိတာ သင္ဆိုရင္လည္းသင္မလုိအပ္တဲ႔သူ သင္႔နားမွာ ရွိေနရင္မေနတတ္ဘူးမလား ဆိုေတာ႔ကိုယ္ခ်င္းစားျပီးခြင္႔လႊတ္ေပးလုိက္ပါ။
(၂) ရုန္းထြက္ပါ။ သူမွမဟုတ္ရင္ခ်စ္လုိ႕မရဘူးဆုိတဲ႔စိတ္ကို လႊင္႔ပစ္လုိက္ပါ။ ေသရင္အားလံဳးကစြန္႔ခြာရမွာပဲ ဒါေျကာင္႔ သင္႔ဘ၀ထဲကေနသူ႕ကိုေသလူအျဖစ္သတ္မွတ္လုိက္ပါ။
(၃) သင္႔ကိုသူမလုိအပ္တာကိုေက်းဇူးတင္ပါ၊ ဒါဟာသင္႔အခ်စ္ကိုတကယ္လုိအပ္ျပီးသင္႔နားကေနမခြာခ်င္တဲ႔သူေတြအတြက္လမ္းဖြင္႔ေပးသလုိျဖစ္တာမလို႕ သင္နဲ႕တကယ္ထိုက္တန္တဲ႔သူအတြက္သူသင္႔ကိုမလိုအပ္ဖူးလုိ႕သာမွတ္လုိက္ပါ…ေလာကျကီးေနရတဲ႔အခ်ိန္တိုတိုေလးမွာ သင္ကပဲေမတၱာေပးေနရတာမ်ိဳးမလုပ္ပဲ သင္႔ကိုအခ်စ္ေတြေပးခ်င္ေနတဲ႔သူနားမွာသာ ေနထိုင္ရင္းသင္႔ဘ၀ကိုအေကာင္းဆံုးနဲ႕အေအးျမဆံုးပံုေဖာ္နိုင္ပါေစ…

Unicode

လူတိုင်းမှာ တစ်ယောက်(သို့) တစ်ယောက်ထပ်ပိုတဲ့သိပ်ချစ်ရတဲ့သူတွေရှိကြမှာပါ။ အရွယ်ရောက်ပြီးအချစ်ဆိုတာကိုသိတတ်နားလည်တဲ့အရွယ်ကတည်းက သိပ်ချစ်ရတဲ့လူဆိုတာ ရှိခဲ့ကြမှာပါ။
လောကကြီးကခက်သားဗျ ကိုယ်ဆုတောင်းတိုင်းကိုယ်ဖြစ်ချင်တဲ့တိုုင်းလည်းဖြစ်ကြတာမှမဟုတ်တာ ဒါကြောင့် ကိုယ့်ရဲ့အချစ်ဆုံးတွေရဲ့အချစ်ကို ပိုင်ဆိုင်ချင်မှလည်းပိုင်ဆိုင်နိုင်မယ်…မှန်ပါတယ် နာကျင်ရတယ်သိပ်ကိုနာကျင်ရမှာပါ…ကိုယ်ချစ်ရတဲ့သူရဲ့အချစ်တွေကို မပိုင်ဆိုင်ရတဲ့ အခါ ကိုယ်သိပ်ချစ်ရတဲ့သူက ကိုယ့်ကို လုံးလုံးမှမလို်အပ်တဲ့အခါ သိပ်ကိုမွန်းကြပ်ခံစားရတတ်ပါတယ်။ ဟုတ်ပြီ ဆိုတော့ ဒီလိုအခြေနေမျိုးဖြစ်လာခဲ့မယ်ပေါ့ကွာ..ဒါဆိုဘယ်လိုရင်ဆိုင်ကြမလဲ နာကျင်ရပင်မဲ့ နာကျင်မှုဒဏ်ကို ဘယ်လိုကြံကြံခံနိုင်အောင်လုပ်ကြမလဲ…တွေးရပြီလေ ကိုယ့်မှာလည်းကိုယ့်ဘဝကိုယ်ရှိတယ်မလား ဒီတိုင်းပြီးဆုံးလိုက်လို့မှမရတာ…ဒါကြောင့် ကိုယ်တွေကြိုးစားလုပ်ယူရမဲ့အရာတွေက…

(၁) ခွင့်လွှတ်လိုက်ပါ၊ သူ့အတွက်သင်မှမလိုတာ သင်ဆိုရင်လည်းသင်မလိုအပ်တဲ့သူ သင့်နားမှာ ရှိနေရင်မနေတတ်ဘူးမလား ဆိုတော့ကိုယ်ချင်းစားပြီးခွင့်လွှတ်ပေးလိုက်ပါ။
(၂) ရုန်းထွက်ပါ။ သူမှမဟုတ်ရင်ချစ်လို့မရဘူးဆိုတဲ့စိတ်ကို လွှင့်ပစ်လိုက်ပါ။ သေရင်အားလုံးကစွန့်ခွာရမှာပဲ ဒါကြောင့် သင့်ဘဝထဲကနေသူ့ကိုသေလူအဖြစ်သတ်မှတ်လိုက်ပါ။
(၃) သင့်ကိုသူမလိုအပ်တာကိုကျေးဇူးတင်ပါ၊ ဒါဟာသင့်အချစ်ကိုတကယ်လိုအပ်ပြီးသင့်နားကနေမခွာချင်တဲ့သူတွေအတွက်လမ်းဖွင့်ပေးသလိုဖြစ်တာမလို့ သင်နဲ့တကယ်ထိုက်တန်တဲ့သူအတွက်သူသင့်ကိုမလိုအပ်ဖူးလို့သာမှတ်လိုက်ပါ…လောကကြီးနေရတဲ့အချိန်တိုတိုလေးမှာ သင်ကပဲမေတ္တာပေးနေရတာမျိုးမလုပ်ပဲ သင့်ကိုအချစ်တွေပေးချင်နေတဲ့သူနားမှာသာ နေထိုင်ရင်းသင့်ဘဝကိုအကောင်းဆုံးနဲ့အအေးမြဆုံးပုံဖော်နိုင်ပါစေ…

381 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.