သူတုိ႔ေလးေတြ တေညွာင္ေညွာင္လုပ္ေနတာ ဒါေတြေၾကာင့္ဆုိတာသင္သိရဲ႔လား?

ေၾကာင္ေလးေတြက ဘာလို႔ေညွာင္ေညွာင္ေအာ္ၾကတာလဲ?ဘာလို႔လဲဆုိေတာ့ ေၾကာင္ေလးေတြကသင္ထင္ထားတာထက္ပုိျပီးသင့္ကုိလႊမ္းမုိးခ်ဳပ္ကုိင္ႏုိင္စြမး္ရွိလုိ႔ပါ 😉သူတုိ႔ေအာ္ေနရင္ သင္အာရံုမစုိက္ပဲမေနႏုိင္ဘူးမဟုတ္လား? တကယ္လို႔သင့္မွာေၾကာင္ေလးတစ္ေကာင္ရွိရင္ သူတုိ႔ေအာ္သံေတြကေန ေၾကာင္ဘာသာစကားေတာင္တတ္ေျမာက္သြားႏုိင္ပါတယ္ေနာ္။

ဒါနဲ႔ သူတုိ႔ရဲ႔ေညွာင္ေညွာင္ေအာ္သံက ဗုိက္ဆာတုိငး္ေအာ္ေနတာလို႔ သင္ထင္ေနတယ္မွတ္လား?တကယ္ေတာ့မတူပါဘူး။ေညွာင္ေညွာင္ေအာ္သံက မတူညီတဲ႔အေျခအေနကုိလိုက္ျပီးကြဲျပားတတ္ပါေသးတယ္။တကယ္ေတာ့ေၾကာင္ေလးေတြက ကေလးေတြလိုပါပဲ။ကေလးေတြကလည္း လိုခ်င္တာရွိရင္ မရမခ်င္းငိုၾက၊ဂ်ီက်ၾကတယ္ေလ။ေၾကာင္ေလးေတြ ေညွာင္ေညွာင္လုပ္ရျခင္းအေၾကာင္းေလးေတြကုိ ဗဟုသုတအေနနဲ႔ျပန္ျပီးမ်ွေ၀ေပးရမယ္ဆုိရင္ေတာ့…

*သခင္ျဖစ္သူရဲ႔အာရံုစုိက္ခံခ်င္လိ႔ုပါ
ေၾကာင္ေလးေတြက ကေလးေလးေတြလိုပါပဲဆုိ။အထူးသျဖင့္ေၾကာင္ေသးေသးေလးေတြကသခင္အနားမွာပြတ္သီးပြတ္သပ္ေနခ်င္ၾကတယ္။ငယ္ငယ္တုန္းကေအးလို႔၊ဗုိက္ဆာလုိ႔၊နာလို႔ ေၾကာင္အေမၾကီးေတြနားကပ္ၾကတယ္။ဒါေပမဲ႔ အရြယ္ေရာက္လာေတာ့လူသားသခင္ေတြကုိသာ တေညွာင္ေညွာင္နဲ႔ခင္တြယ္ၾကတယ္။သူတုိ႔ဂ်ီက်လို႔ရမွန္း အလိုလိုသိေနၾကတာပါ။ေၾကာင္ေလးေတြရဲ ႔ေညွာင္ေညွာင္အသံကခ်စ္စရာေကာင္းသလို သူတုိ႔ေညွာင္ေညွာင္ေအာ္ရင္သခင္ေတြဆီက သူတုိ႔လိုခ်င္တာရမွန္းလည္းသိေနၾကပါတယ္တဲ႔။တကယ္လို႔ သင့္ရဲ႔ေၾကာင္ေလးကေညွာင္ေညွာင္လုပ္ေနရင္ ဒါက သင္သူ႔အေပၚအာရံုစုိက္ေစခ်င္လို႔၊သူလိုခ်င္တာကုိဂ်ီက်ခ်င္လို႔ဆုိတာပါပဲ။

*ဗုိက္ဆာတဲ႔အခါလည္း တေညွာင္ေညွာင္ေအာ္မယ္
သူတုိ႔ဗိုက္ဆာတဲ႔အခါ၊သူတုိ႔စားေနက်အခ်ိန္ အစားမေကြ်းေသးရင္လညး္တေညွာင္ေညွာင္နဲ႔ပါ။တစ္ခါတစ္ေလက်ေတာ့လည္း ေဆာ့ခ်င္လို႔ေအာ္တာပါ။သူတုိ႔အနားမွာ ကစားဖုိ႔အရုပ္ေလးေတြထားေပးၾကည့္လိုက္၊အဲ႔ဒါေလးေတြနဲ႔ေဆာ့ေနပါလိမ့္မယ္။တစ္ခါတစ္ေလက်ေတာ့လည္း သခင္ျဖစ္သူအိမ္ျပန္လာတဲ႔အခါေပ်ာ္လို႔ေအာ္တတ္ပါတယ္။ေၾကာင္ေလးေတြက အၾကာၾကီးတစ္ေကာင္တည္းေနရတာလည္းမၾကိဳက္ပါဘူး။သူတုိ႔က သခင္အနားမွာေနမယ္။ေအာ္မယ္။အဲ႔ဒီလုိတေညွာင္ေညွာင္လုပ္ေနရင္ သင္ကသူတုိ႔ကုိခဏေလာက္အာရံုစုိက္ၾကည့္လုိက္ေပါ့။သူတုိ႔က သင့္ကုိ ေညွာင္ေညွာင္နဲ႔စကားေတြေျပာေနပါလိမ့္မယ္။သူတုိ႔က ဆုိရွယ္မီဒီယာေတြထက္ လူကိုစိတ္ခ်မ္းသာေပ်ာ္ေမြ႔ေစတာအမွန္ပါပဲ။

*ေနမေကာင္းတဲ႔အခါလည္း ေညွာင္ေညွာင္လုပ္ၾကပါတယ္
ေၾကာင္ေလးေတြက ေနမေကာင္းတဲ႔အခါမွာလည္း သခင္သိေအာင္တေညွာင္ေညွာင္လုပ္ပါတယ္။တကယ္လုိ႔သင့္ရဲ႔ေၾကာင္ကအသက္အရြယ္လည္းၾကီးေနျပီ၊ေအာ္ေနလို႔အစားေကြ်းရင္လည္းမစားပဲထုိင္းမိႈင္းေနမယ္။ေအာ္ပဲေအာ္ေနမယ္ဆုိရင္ေတာ့ အျမန္ဆံုးဆရာ၀န္နဲ႔ျပၾကည့္ေနာ္။ငယ္ေသးတယ္ဆုိရင္ေတာ့က်န္းမာေရးတစ္ခုခုမေကာင္းျဖစ္ေနလို႔ပါ။ေၾကာင္ေလးေတြက စိတ္ဖိစီးမႈမ်ားတဲ႔အခါမွာလည္းေအာ္ေနတတ္ပါတယ္။သခင္နဲ႔အၾကာၾကီးခြဲေနရတာတုိ႔ဘာတုိ႔ျဖစ္ရင္ေပါ့။

*ေၾကာင္ေလးေတြေအာ္ေနတာကုိမလုိခ်င္ဘူးဆုိရင္…
ေၾကာင္ေလးေတြကုိခ်စ္ေပမဲ႔ ေအာ္ေနတာကုိနားညည္းတယ္၊ခဏခဏတေညွာင္ေညွာင္လုပ္ေနတာမၾကိဳက္ဘူးဆုိရင္ဒါေလးေတြလုပ္ၾကည့္ပါ။ေၾကာင္ေလးသင္အစားစားေနတုန္း တေညွာင္ေညွာင္လုပ္ေနတာလား။ဒါဆုိသူစားခ်င္ေနလို႔ေပါ့။ဒါေပမဲ႔ ဒီလုိသာ သူေအာ္တုိင္း သင္ကနားေအးျပီးေရာဆုိျပီးခ်ေကြ်းလိုက္မယ္ဆုိရင္ပိုေတာင္ဆိုးသြားပါလိမ့္မယ္။သူေအာ္ရင္ အစားစားရမယ္ဆုိတာသိေနမွေတာ့တိတ္ပါ့မလား။သူတုိ႔ေအာ္တာရပ္သြားျပီဆုိေတာ့မွသူတုိ႔ရဲ႔အစာခြက္ေလးထဲသြားထည့္ေပးထားပါ။ဒါဆုိ သူတုိ႔သင့္အနားမွာ တေညွာင္ေညွာင္လုပ္ေနတုိင္းအစားမစားရဘူးဆုိတာသိသြားပါလိမ့္မယ္။

ဒါမွမဟုတ္ သင္အလုပ္လုပ္ေနတုန္း သင္အာရံုစုိက္ခံရေအာင္ေအာ္ေနတာဆုိရင္ေတာ့ သူတုိ႔ကုိခ်က္ခ်င္းအာရံုမစုိက္ပါနဲ႔။ခဏေနလို႔တိတ္သြားမွေပြ႔ခ်ီတာ၊အစာေလးေကြ်းလိုက္တာမ်ိဳးလုပ္ပါ။ဒါဆုိ သူတုိ႔ေအာ္ေနရင္သခင္ရဲ႔လ်စ္လ်ဴရႈခံရျပီး သူတုိ႔တိတ္ေနမွသခင္ျဖစ္သူရဲ ႔ဂရုစုိက္မႈရမယ္ဆုိတာသိသြားပါလိမ့္မယ္။

ကဲ ဒါေတြကေတာ့ေၾကာင္ေလးေတြတေညွာင္ေညွာင္လုပ္ေနရတဲ႔အေၾကာင္းေလးေတြပါပဲ။သခင္ျဖစ္သူရဲ႔အေလးထားမႈေလးလုိခ်င္ေနၾကလို႔ဂ်ီၾကေနတဲ႔ကေလးေလးေတြကို မ်ားမ်ားခ်စ္ေပးၾကေနာ္ 😍

Unicode

ကြောင်လေးတွေက ဘာလို့ညှောင်ညှောင်အော်ကြတာလဲ?ဘာလို့လဲဆိုတော့ ကြောင်လေးတွေကသင်ထင်ထားတာထက်ပိုပြီးသင့်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်စွမး်ရှိလို့ပါ သူတို့အော်နေရင် သင်အာရုံမစိုက်ပဲမနေနိုင်ဘူးမဟုတ်လား? တကယ်လို့သင့်မှာကြောင်လေးတစ်ကောင်ရှိရင် သူတို့အော်သံတွေကနေ ကြောင်ဘာသာစကားတောင်တတ်မြောက်သွားနိုင်ပါတယ်နော်။

ဒါနဲ့ သူတို့ရဲ့ညှောင်ညှောင်အော်သံက ဗိုက်ဆာတိုငး်အော်နေတာလို့ သင်ထင်နေတယ်မှတ်လား?တကယ်တော့မတူပါဘူး။ညှောင်ညှောင်အော်သံက မတူညီတဲ့အခြေအနေကိုလိုက်ပြီးကွဲပြားတတ်ပါသေးတယ်။တကယ်တော့ကြောင်လေးတွေက ကလေးတွေလိုပါပဲ။ကလေးတွေကလည်း လိုချင်တာရှိရင် မရမချင်းငိုကြ၊ဂျီကျကြတယ်လေ။ကြောင်လေးတွေ ညှောင်ညှောင်လုပ်ရခြင်းအကြောင်းလေးတွေကို ဗဟုသုတအနေနဲ့ပြန်ပြီးမျှဝေပေးရမယ်ဆိုရင်တော့…

*သခင်ဖြစ်သူရဲ့အာရုံစိုက်ခံချင်လို့ပါ
ကြောင်လေးတွေက ကလေးလေးတွေလိုပါပဲဆို။အထူးသဖြင့်ကြောင်သေးသေးလေးတွေကသခင်အနားမှာပွတ်သီးပွတ်သပ်နေချင်ကြတယ်။ငယ်ငယ်တုန်းကအေးလို့၊ဗိုက်ဆာလို့၊နာလို့ ကြောင်အမေကြီးတွေနားကပ်ကြတယ်။ဒါပေမဲ့ အရွယ်ရောက်လာတော့လူသားသခင်တွေကိုသာ တညှောင်ညှောင်နဲ့ခင်တွယ်ကြတယ်။သူတို့ဂျီကျလို့ရမှန်း အလိုလိုသိနေကြတာပါ။ကြောင်လေးတွေရဲ ့ညှောင်ညှောင်အသံကချစ်စရာကောင်းသလို သူတို့ညှောင်ညှောင်အော်ရင်သခင်တွေဆီက သူတို့လိုချင်တာရမှန်းလည်းသိနေကြပါတယ်တဲ့။တကယ်လို့ သင့်ရဲ့ကြောင်လေးကညှောင်ညှောင်လုပ်နေရင် ဒါက သင်သူ့အပေါ်အာရုံစိုက်စေချင်လို့၊သူလိုချင်တာကိုဂျီကျချင်လို့ဆိုတာပါပဲ။

*ဗိုက်ဆာတဲ့အခါလည်း တညှောင်ညှောင်အော်မယ်
သူတို့ဗိုက်ဆာတဲ့အခါ၊သူတို့စားနေကျအချိန် အစားမကျွေးသေးရင်လညး်တညှောင်ညှောင်နဲ့ပါ။တစ်ခါတစ်လေကျတော့လည်း ဆော့ချင်လို့အော်တာပါ။သူတို့အနားမှာ ကစားဖို့အရုပ်လေးတွေထားပေးကြည့်လိုက်၊အဲ့ဒါလေးတွေနဲ့ဆော့နေပါလိမ့်မယ်။တစ်ခါတစ်လေကျတော့လည်း သခင်ဖြစ်သူအိမ်ပြန်လာတဲ့အခါပျော်လို့အော်တတ်ပါတယ်။ကြောင်လေးတွေက အကြာကြီးတစ်ကောင်တည်းနေရတာလည်းမကြိုက်ပါဘူး။သူတို့က သခင်အနားမှာနေမယ်။အော်မယ်။အဲ့ဒီလိုတညှောင်ညှောင်လုပ်နေရင် သင်ကသူတို့ကိုခဏလောက်အာရုံစိုက်ကြည့်လိုက်ပေါ့။သူတို့က သင့်ကို ညှောင်ညှောင်နဲ့စကားတွေပြောနေပါလိမ့်မယ်။သူတို့က ဆိုရှယ်မီဒီယာတွေထက် လူကိုစိတ်ချမ်းသာပျော်မွေ့စေတာအမှန်ပါပဲ။

*နေမကောင်းတဲ့အခါလည်း ညှောင်ညှောင်လုပ်ကြပါတယ်
ကြောင်လေးတွေက နေမကောင်းတဲ့အခါမှာလည်း သခင်သိအောင်တညှောင်ညှောင်လုပ်ပါတယ်။တကယ်လို့သင့်ရဲ့ကြောင်ကအသက်အရွယ်လည်းကြီးနေပြီ၊အော်နေလို့အစားကျွေးရင်လည်းမစားပဲထိုင်းမှိုင်းနေမယ်။အော်ပဲအော်နေမယ်ဆိုရင်တော့ အမြန်ဆုံးဆရာဝန်နဲ့ပြကြည့်နော်။ငယ်သေးတယ်ဆိုရင်တော့ကျန်းမာရေးတစ်ခုခုမကောင်းဖြစ်နေလို့ပါ။ကြောင်လေးတွေက စိတ်ဖိစီးမှုများတဲ့အခါမှာလည်းအော်နေတတ်ပါတယ်။သခင်နဲ့အကြာကြီးခွဲနေရတာတို့ဘာတို့ဖြစ်ရင်ပေါ့။

*ကြောင်လေးတွေအော်နေတာကိုမလိုချင်ဘူးဆိုရင်…
ကြောင်လေးတွေကိုချစ်ပေမဲ့ အော်နေတာကိုနားညည်းတယ်၊ခဏခဏတညှောင်ညှောင်လုပ်နေတာမကြိုက်ဘူးဆိုရင်ဒါလေးတွေလုပ်ကြည့်ပါ။ကြောင်လေးသင်အစားစားနေတုန်း တညှောင်ညှောင်လုပ်နေတာလား။ဒါဆိုသူစားချင်နေလို့ပေါ့။ဒါပေမဲ့ ဒီလိုသာ သူအော်တိုင်း သင်ကနားအေးပြီးရောဆိုပြီးချကျွေးလိုက်မယ်ဆိုရင်ပိုတောင်ဆိုးသွားပါလိမ့်မယ်။သူအော်ရင် အစားစားရမယ်ဆိုတာသိနေမှတော့တိတ်ပါ့မလား။သူတို့အော်တာရပ်သွားပြီဆိုတော့မှသူတို့ရဲ့အစာခွက်လေးထဲသွားထည့်ပေးထားပါ။ဒါဆို သူတို့သင့်အနားမှာ တညှောင်ညှောင်လုပ်နေတိုင်းအစားမစားရဘူးဆိုတာသိသွားပါလိမ့်မယ်။

ဒါမှမဟုတ် သင်အလုပ်လုပ်နေတုန်း သင်အာရုံစိုက်ခံရအောင်အော်နေတာဆိုရင်တော့ သူတို့ကိုချက်ချင်းအာရုံမစိုက်ပါနဲ့။ခဏနေလို့တိတ်သွားမှပွေ့ချီတာ၊အစာလေးကျွေးလိုက်တာမျိုးလုပ်ပါ။ဒါဆို သူတို့အော်နေရင်သခင်ရဲ့လျစ်လျူရှုခံရပြီး သူတို့တိတ်နေမှသခင်ဖြစ်သူရဲ ့ဂရုစိုက်မှုရမယ်ဆိုတာသိသွားပါလိမ့်မယ်။

ကဲ ဒါတွေကတော့ကြောင်လေးတွေတညှောင်ညှောင်လုပ်နေရတဲ့အကြောင်းလေးတွေပါပဲ။သခင်ဖြစ်သူရဲ့အလေးထားမှုလေးလိုချင်နေကြလို့ဂျီကြနေတဲ့ကလေးလေးတွေကို များများချစ်ပေးကြနော်

667 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.