ကဲကဲ.. လှပတဲ့ခြေသလုံးလေးတွေပိုင်ဆိုင်ဖို့ ဒီလေ့ကျင့်ခန်းလေးတွေနဲ့ စတင်စို့

ခြေသလုံး ကြွက်သားတွေဟာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဆော့ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ခက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဘာပစ္စည်း စက်ကိရိယာမှမလိုပဲ ထိရောက်
တဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေမို့လို့ ပျိုမေလေးတွေအတွက် ညွှန်းပေးချင်တာပါ။ ပြီိးပြည့်စုံတဲ့ ခြေတံသွယ်သွယ်လေး ပိုင်ဆိုင်နိုင်ဖို့တော့ အချိန်တော့ပေးရမှာပေါ့။ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ခြေသလုံး
ကြွက်သားတွေက ချက်ချင်းတုံ့ပြန်လာမှာမဟုတ်ပါဘူး။ အပြင်းထန်ကြိုးစားမှလည်း ရလဒ်ကောင်းဆိုတာ ထွက်လာမှာပေါ့။ အိုခေ… မော်ဒယ်မမတွေတောင် ပြန်ပြီး လည်ပြန်ငေးရမယ့် ခြေသလုံး
လေ့ကျင့်ခန်းလုပ်ဖို့ ready ပဲလား … !

Split jumps using dumbbells

ရိုးရိုးလေးနဲ့ အရမ်းထိရောက်တယ်နော်။ ဝိတ်တုံးတွေကို လက်နှစ်ဖက်နဲ့ကိုင်ဆောင်ထားပြီး ပုံပါအတိုင်းအနေထားမျိုး ပြင်ဆင်ပါ။ ပြီးရင် ခုန်ထမယ် ၊ ခြေထောက်တွေကို change မယ်။ ပုံစံအနေထားနဲ့ လုပ်ရမယ့် အရေတွက်ကို အောက်ပါဗီဒီယိုမှာ ကြည့်ကြည့်ပါ။

Calf raises


ခြေဖဝါးနှစ်ခုကို အတူတူပူးရပ်ထားပြီး ခြေဖျားထောက် ပြီးရင် ပြန်ချ။ အရေတွက်များများလေးနဲ့ မြန်မြန် သွက်သွက်လေးလုပ်ပေးပါ။ ခန္ဓာကိုယ်က အပေါ်နဲ့အောက်ကို နိမ့်ချည် ၊ မြင့်ချည်ဖြစ်နေမှ မှန်ပါမယ်။ အရှေ့ နဲ့ အနောက်ကိုယိုင်သွားတာမျိုးဆို ပုံစံမမှန်သေးဘူး။

Running on stairs


ဒီလေ့ကျင့်ခန်းကတော့ သင်နေရာမရွေး ၊ အချိန်မရွေးလုပ်နိုင်မှာပါ။ တစ်ပတ်ကို အချိန်အနည်းငယ်
လောက်ပေးပြီး လှေကားပေါ်ပြေးတက်တာတို့လုပ်ကြည့်ပါ။ ဘယ်လောက်ကွာခြားလဲဆိုတာ သင်ပုံမှန်လုပ်ပေးရင် သိသာလာပါလိမ့်မယ်။ ဒါပေမယ့် သင့်မှာ ဒူးနဲ့ ခြေချင်းဝတ် ပြဿနာရှိနေတယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို ရှောင်ပါ။

Goblet squat


ဒါလေးလည်း လွယ်တယ်နော်။ ဝိတ်တုံး (သို့) လေးလံတဲ့အရာဝတ္ထုတစ်ခုကို မထားပြီး ခြေထောက်နှစ်ဖက်ကို ကား ၊ ထိုင်ထ ပုံစံမျိုးလုပ်ပေးပါ။ အောက်ကို ထိုင်နိုင်သလောက်ထိုင်ချပါ။ အစပိုင်းဆို ၁ဝကြိမ်လောက်လုပ်။ ညောင်းရင် ခဏနား ၊ ဆက်လုပ်။ ၁၀ကြိမ်ကနေ ကိုယ်နိုင်သလောက် အကြိမ်ရေကို တိုးသွားနိုင်ပါတယ်။

Tiptoe walk

ဒါလေးလည်း မိုက်တယ်။ ခြေဖျားထောက်ပြီး တစ်မိနစ်လောက် လမ်းလျှောက်ရတာပါ။ လိုင်းတစ်လိုင်းပေါ်မှာ လျှောက်နိုင်ရင်ပိုကောင်းတယ်။ ဒီလေ့ကျင့်ခန်းကလည်း လမ်းသွားနေရင်းနဲ့လည်း လုပ်လို့ရနေတာဆိုတော့ အချိန်သက်သက်ပေးစရာတော့မလိုဘူးနော်။

Jump rope

ကြိုးခုန်တာက ခြေသလုံးသွယ်စေရုံတင်မဟုတ်ဘူး။ တစ်ကိုယ်လုံးမှာရှိတဲ့ အဆီတွေကျစေတယ်နော်။ မယုံရင် စမ်းသပ်ကြည့်ပါ။ ခြေခုန်ဖူးတဲ့လူတွေကို သွားကြည့်ပါ။ မေးမြန်းကြည့်ပါ။ သူတို့ခန္ဓာကိုယ်တွေဘယ်လောက်ပေါ့ပါးတယ်ဆိုတာ မင်းတွေ့ရလိမ့်မယ်။ ကြိုးခုန်တဲ့အခါ ကိုယ်ကြိုက်တဲ့ သီချင်းမြူးမြူးလေးတစ်ပုဒ်လောက် ဖွင့်ထားသင့်တယ်နော်။

စာဖတ်သူတွေထဲမှာ ကိုယ်တိုင်လုပ်နေတဲ့ လေ့ကျင့်ခန်းလေးတွေ ရှိရင်လည်းမျှဝေပေးလို့ရတယ်နော်။ အားလုံးပဲ.. လှပပြည့်စုံတဲ့ ခြေသလုံး သွယ်သွယ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.