ချစ်တဲ့သူကို လက်လွှတ်လိုက်တဲ့အခါ ….

ကျွန်တော်တို့အားလုံး လမ်းပျောက်နေတဲ့ အချစ်ကျေးကျွန်အဖြစ်သို့ တစ်ကြိမ်တစ်ခါတော့ ရောက်ဖူး
ကြပါတယ်။ တစ်နည်းအားဖြင့် အဆိပ်သင့်နေတာပေါ့။ ရင်ထဲက လေးလေးနက်နက်ချစ်တဲ့သူကိုလက်လွှတ်လိုက်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အနာကျင်ရဆုံးအလုပ်တစ်ခုပါ။ တစ်ခါတစ်လေ နာကျင်မှုဆိုတာလည်း လိုအပ်ချင်လိုအပ်လာမှာပါ။

Я вечером😇😇😇

ဘဝကိုရှေ့ဆက်လျှောက်ပြီး ပျော်ရွှင်မှုတွေဆက်လက်ရှာချင်တယ်ဆိုရင် လူတစ်ယောက်အပေါ်
မင်းရဲ့တွယ်တာကပ်ငြိနေတဲ့ အချစ်စိတ်တွေကိုလျော့ချပစ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပေးယူတည်နေတဲ့ Relationship က သာယာပေမယ့် အပေးပဲရှိပြီး ဘာမှတုံ့ပြန်မှုမရှိ ၊ စိတ်ညစ်စရာတွေပေးနိုင်တဲ့ Rs တစ်ခုကိုတော့ စိတ်ပြတ်သားစွာနဲ့လက်လွှတ်လိုက်တာ အကောင်းဆုံးပါ။ ဘာပဲလုပ်လုပ် တွေဝေပြီး မပြတ်သားတဲ့စိတ်တွေက ကိုယ့်ကိုကိုယ်ပဲ ဒုက္ခပေးမိနေတာပါ။

hannah rae. #apersoninpictures

တကယ်လို့ မင်းတို့ရှေ့ဆက်မတိုးနိုင်တော့ဘူးဆိုတာ သိရင် အဆက်သွယ်ဖြတ်ပါ။ ဘာမှမလုပ်ခင် မင်းသူနဲ့ မဆက်သွယ်မိအောင် နေနိုင်ဖို့လိုပါတယ်။ ဒီအဆင့်ဟာ အခက်ခဲဆုံးနဲ့ အရေးကြီးဆုံးလည်းဖြစ်နေလို့ပါ။ သူနဲ့ အဆက်သွယ်လုပ်မိနေသရွေ့ မင်းစိတ်က သူ့ဆီရောက်နေဦးမှာပါ။ ချစ်တဲ့သူကို အနီးစပ်ဆုံးနေရာမှာ ထားနေသရွေ့ မင်းရဲ့အနာဟာ ဘယ်တော့မှကျက်မှာမဟုတ်ပါဘူး။ ဖုန်းနံပါတ်တွေ၊ ဆိုရှယ်မီဒီယာမှာ သူနဲ့ပတ်သတ်သမျှ အကောင့်အားလုံးကို ဖျက်သိမ်းပါ။ ဒါတွေဖျက်လိုက်တာနဲ့ အမှတ်တရတွေကတော့ ပျက်သွားမှာမဟုတ်ဘူးလို့ ပြောချင်ပြောလာမှာပဲ။ အမှတ်တရတွေကိုတော့ အချိန်ကကုစားသွားမှာပါ။ အဓိက ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်တိုင်သိရင်ရပါပြီ။


မင်းရဲ့စိတ်တွေ အတက်ကျဖြစ်နေချိန် သူ့အကြောင်းတွေ မတွေးပဲနေလို့မရတာက မင်းအတွက် အရမ်းနေရခက်စေပါလိမ့်မယ်။ ဒီဒဏ်ရာတွေကို ကုစားချင်စိတ်ရှိတယ်ဆိုရင် မင်းကိုယ်မင်း ပြောင်းလဲဖြစ်မှာပါ။ အချိန်က ကြာချင်လည်းကြာလိမ့်မယ်။ ထွက်မပြေးနဲ့ .. ရင်ဆိုင်လိုက်ပါ။ မင်းခံစားရတဲ့အတိုင်း ရိုးရှင်းစွာ လက်ခံလိုက်ပါ။

Flowers

ခွှင့်လွတ်တတ်အောင် ကြိုးစားပါ ။သူ့ရဲ့အမှားကြောင့်ချည်းပဲလို့လည်း စွပ်စွဲပြောလို့မရဘူး။ တစ်ခါတစ်လေ မင်းကိုယ်တိုင်မသိပဲ အမှားတွေ လုပ်တတ်နေမိတာလည်းဖြစ်နိုင်တာပဲ။ မင်းရဲ့နာကျင်မှုဟာ မင်းနဲ့ပဲဆိုင်ပါတယ်။ သူ့ကိုခွင့်လွှတ်လိုက်ပါ။ သူများကို မုန်းတီးနာကျည်းနေတဲ့စိတ်က မင်းကိုယ်မင်းပဲ ပိတ်လှောင် ချုပ်တည်းအောင်လုပ်မိနေသလိုပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ အချိန်တွေကိုသာ ရင်းနှီးမြှုပ်နှံ့ထားလိုက်မယ်ဆိုရင် မင်းတစ်နေ့ လွတ်မြောက်သွားပါလိမ့်မယ်။

557 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.